Celebrity

အိမ္ထဲမွာ တစ္ေယာက္ ထဲ ေသဆုံး ေနတဲ့ ခင္ပြန္းေဟာင္း ရဲ့ အေၾကာင္း ကို ေျပာျပ လာတဲ့ ဥကၠာမင္းေမာင္

Written by Ms Cele

အိမ္ထဲမွာ တစ္ေယာက္ ထဲ ေသဆုံး ေနတဲ့ ခင္ပြန္းေဟာင္း ရဲ့ အေၾကာင္း ကို ေျပာျပ လာတဲ့ ဥကၠာမင္းေမာင္

နိုင္ငံရပ္ျခား ေရာက္ေနေပမယ့္ ပရိသတ္နဲ႔အဆက္အသြယ္ မျပတ္ရွိေနဆဲျဖစ္တဲ့ သ႐ုပ္ေဆာင္ ဥကၠာမင္းေမာင္ ကေတာ့ အိမ္ထဲမွာ တစ္ေယာက္တည္း ေသဆုံးေနခဲ့တဲ့ သူ႔အရင္ခင္ပြန္းေဟာင္း အေၾကာင္းကို Myanmar Celebrity နဲ႔အင္တာဗ်ဴးမွာ အခုလိုပဲေျဖဆိုခဲ့ပါတယ္။

“၂၀၁၃ စက္တင္ဘာ ၉ရက္ေန႔ မွာ ကၽြန္ေတာ္တို႔မဂၤလာေဆာင္ ခဲ့တယ္ေပါ့ Hudson River ထဲမွာ New York ၿမိဳ႕ကို ပတ္ၿပီး သေဘၤာေပၚမွာပဲ မဂၤလာပြဲေလးလုပ္ ခဲ့တယ္..ၿမိဳ႕ကို ပတ္ၿပီးေတာ့ တကယ္ေပ်ာ္စရာႀကီး ျပန္ေတြးရင္ေလ ပုံျပင္ တစ္ခုလိုပဲ သူငယ္ခ်င္းေတြနဲ႔ အဲ့ဒီေန႔က World trade center ၿပိဳက်ခဲ့တဲ့ 9/11 memorial အခ်ိန္ နဲ႔ လဲ နီးေတာ့ Liberty ႐ုပ္ထုႀကီးေရွ႕မွာ မီးရႈးမီးပန္းေတြ ေဖာက္တာ သေဘၤာေပၚကေန အနီးကပ္ၾကည့္ရတာ မသိရင္ ကိုယ့္မဂၤလာေဆာင္ အတြက္ အကုန္ခံထားသလိုပဲ အားလုံးက မဂၤလာပြဲ အတြက္ လုပ္ထားတယ္ ထင္ေနၾကတာ ကိုယ့္ပြဲ အတြက္ အဲ့တာလည္းရွင္းျပရတယ္ အမွတ္တရ ေတြေတာ့ အမ်ားႀကီးပဲ”

“ကၽြန္ေတာ့္ဘဝမွာ သူ နဲ႔ မဂၤလာေဆာင္ တဲ့ ေန႔ ရယ္၊ သူ႔ ေမြးေန႔ ရယ္၊ သူ ဆုံးတဲ့ ေန႔ ေတြမွာ စိတ္ထဲမွာ မေကာင္းဘူး ပုံေဟာင္းေတြ ျပန္ၾကည့္တိုင္း အခုအခ်ိန္ထိ ငိုေနရတုန္းပါ အတိတ္ဆိုတာ ဒဏ္ရာကေတာ့ က်က္မွာမဟုတ္ဘူး အဲ့တာကို အမွတ္တရအေနနဲ႔ တင္လိုက္တာေပါ့ က်န္တာေတာ့ ဘာမွ မရွိပါဘူး ” လို႔ အရင္အိမ္ေထာင္အတြက္ စိတ္မေကာင္းမိ တဲ့အတြက္ ပို႔စ္တင္ျဖစ္ခဲ့ပုံကိုေျပာျပခဲ့ပါတယ္။

အခုအိမ္ေထာင္ဖက္ ကလည္း ဒီအျဖစ္အပ်က္ကို သိၿပီး အရမ္းနားလည္ေပးတယ္ လို႔ဆိုပါတယ္။

“ေမထုန္ရာသီဖြားရိုက္ ေနတဲ့ အခ်ိန္မွာ ကၽြန္ေတာ္ အရမ္းအခက္ အခဲျဖစ္တယ္ အဲဒီ့အခ်ိန္သူကလည္း ႐ုတ္တရက္ဆုံးသြားတယ္ သူမဆုံးခင္ ၃နာရီေလာက္ကမွ သူနဲ႔ Face Time ေျပာေနေသး တယ္ ျပန္ေျပာရရင္ ကၽြန္ေတာ္က ရႈတင္ၿပီးသြားလို႔ သူငယ္ခ်င္းေတြနဲ႔ေရကူး ေနတယ္ အဲဒီ့အခ်ိန္သူ႔သူငယ္ခ်င္းက chad ငါတု႔ိနဲ႔ခ်ိန္းထားတာ ေတာ္ေတာ္ၾကာၿပီ reply လည္းမလာဘူးတဲ့ အဲ့လိုမက္ေဆ့ခ်္ပို႔လာတယ္ စိတ္ပူတယ္ဆိုေတာ့ ကၽြန္ေတာ့္ညီမကို အိမ္ကိုသြားၾကည့္ခိုင္းတာ”

” အဲဒီ့တုန္းက ေက်ာင္းတတ္ေနတာဆိုေတာ့ သူ႔ေက်ာင္းက ကၽြန္ေတာ့္အိမ္နားမွာဆိုေတာ့ ပထမအတန္းခ်ိန္နဲ႔ ေနာက္တစ္ခ်ိန္ၾကားနားရင္ အိမ္ျပန္နားလို႔ရေအာင္ ေသာ့ေပးထားတယ္ ဒီတစ္ခါ ေမထုန္ရာသီဖြားရိုက္ၿပီးျပန္လာတဲ့အခါ မေပးခဲ့ဘူး ဘာလို႔ မေပးခဲ့မိမွန္းလည္းမသိဘူး အဲ့တုန္းက ညီမကိုသြားခိုင္းေတာ့ ေခြးေတြေဟာင္ေနတယ္ တံခါးမေခါက္ဘူးတဲ့ အဲဒီ့ေတာ့ကၽြန္ေတာ္က အလုပ္လုပ္ၿပီးအိပ္ေနတာ မ်ားလား သူငယ္ခ်င္းေတြ အိမ္မွာ အိပ္ေနတာမ်ားလားေပါ့”

“ဖုန္းဆက္ေတာ့ဖုန္းကလည္း မကိုင္ဘူး အဲဒီ့ေတာ့ ရဲေခၚၾကည့္ပါလားေပါ့ ညီမေလးကဝင္လို႔မရတာနဲ႔ ရဲေခၚၿပီး ဝင္ၾကည့္ေတာ့ အိမ္ေရွ႕ခန္းမွာ ေသေနတာေပါ့ေနာ္ ကၽြန္ေတာ့္ ညီမက လည္း ကိုႀကီးစိတ္ေသခ်ာထိန္းေတြမေျပာဘူး chad ဆုံးၿပီတဲ့ လူကစိတ္ထဲ ဘယ္လိုျဖစ္သြားမွန္း မသိဘူး ေၾကာင္သြားတာ တစ္ခါတည္း ေအာင့္တက္သြားတာ သူဆုံးသြားၿပီလို႔ သိလိုက္ရေတာ့ ကၽြန္ေတာ္ခ်က္ခ်င္းျပန္ရတာေပါ့ ကၽြန္ေတာ္နဲ႔ လက္ထပ္ထားတာျဖစ္တဲ့အတြက္ အေလာင္းကိုရင္ခြဲ႐ုံမွာ သူ႔မိဘကလက္မွတ္ထိုးေပးလို႔မရဘူး ကၽြန္ေတာ္ကိုယ္တိုင္လက္မွတ္ထိုးရတာေပါ့ အစစအရာရာကၽြန္ေတာ္မရွိရင္ဘာမွလုပ္မရဘူး ”

“ဒီကစက္အဖြဲ႕ကိုလည္း ကၽြန္ေတာ္ဘယ္လိုေျပာရမလဲေပါ့ အိမ္ေထာင္ဖက္ဆုံးၿပီလို႔ေျပာရင္လည္း အိမ္ေထာင္ဖက္က ေယာက်္ားႀကီးဆိုေတာ့ အဲဒီ့အခ်ိန္မွာ လူဆုံးသြားလို႔စိတ္ဆင္းရဲရနဲ႔ ဒီဘက္မွာစိတ္ဆင္းရဲရတာနဲ႔ ေျပာရရင္အမ်ားႀကီးပါပဲ သူဆုံးၿပီးေနာက္တစ္ရက္မွာ ကၽြန္ေတာ္သိရတယ္ ခ်က္ခ်င္းေကာက္ထၿပီး အေမရိကားကို ျပန္လာတာ အဲဒီ့တုန္းက႐ုပ္ရွင္ရိုက္ရင္းနဲ႔ အားလုံးကစိတ္ဆိုးၾကတာေပါ့ေနာ္ သူတို႔ကိုဘယ္လိုလိုက္ေတာင္းပန္ရမွန္းလဲမသိဘူး ေတာင္းပန္ရမယ္ဆိုတာထက္ ဒီဘက္ကအသုဘစိတ္ႀကီးနဲ႔ နလန္ျပန္ထူဖို႔ ၈လ ၉လေလာက္ၾကာတယ္ စိတ္နည္းနည္းျပန္ေကာင္းကာစရွိေသးတယ္ အေဖကဆုံးသြားတယ္ စိတ္ကေတာ္ေတာ္ေဒါင္းက်သြားတာ လူေတြကလည္းေဝဖန္တယ္”

“သူဆုံးသြားေပမယ့္ ကၽြန္ေတာ့္ကိုေဂးလို႔သိပ္မသိၾကဘူး အိမ္ကလည္းမေျပာခိုင္းဘူး ကၽြန္ေတာ္ကေတာ့ ေဂးလို႔သိသြားလည္း သိပ္ဂ႐ုမစိုက္ပါဘူး မိဘရဲ့ဆႏၵကိုလည္းမဖ်က္ခ်င္ေတာ့ ေပ်ာ္ျပေနရတာေပါ့ ေပ်ာက္ရင္လည္းပရိသတ္ကဘာလို႔ေပ်ာက္ေနတာလဲျဖစ္မွာစိုးလို႔ ဓာတ္ပုံရိုက္ရင္ေတာင္ ရယ္ၿပီးရိုက္တင္ရတာေပါ့ လူေတြအျမင္မွာေတာ့ သူဘာမွမျဖစ္ဘူးေပါ့ တစ္ခါတစ္ေလ အျပင္မွာခံစားေနတာနဲ႔ ပရိသတ္ထင္တာနဲ႔ မတူေနဘူးေပါ့ ၂၀၁၆က ကၽြန္ေတာ့္အတြက္သိပ္ခက္ခဲခဲ့ရတယ္ ဘယ္သူမွလည္းနားလည္မွာေတာ့မဟုတ္ဘူး ကၽြန္ေတာ့္ကိုလိုက္ေဝဖန္ေနၾကတာပဲမ်ားတယ္ ဥေပကၡာျပဳလိုက္တယ္ေလ ကိုယ့္ဘဝနဲ႔ကိုယ္ပဲေလ ”

“ကိုယ္ကဒီဘက္မွာ ဓာတ္ပုံေတြရိုက္တင္ရင္ သူ႔မိသားစုကေတာ့ သူကေတာ့ ေယာက်္ားဆုံးသြားတာေတာင္အဆင္ေျပေနတယ္ေပါ့ ကၽြန္ေနာ္အဲဒီ့အခ်ိန္ ဘယ္ေနရာမွာၾကည့္ၾကည့္ ဘယ္ေထာင့္ၾကည့္ၾကည့္ ကၽြန္ေတာ္တို႔ပုံႀကီးေတြပဲ ျမင္ေနရတာ ကၽြန္ေတာ္တို႔ငွားေနတဲ့အိမ္ႀကီးမွာပဲ ကၽြန္ေတာ္ေနတယ္ အဲဒီ့အိမ္ကိုျပန္မအပ္ခ်င္ဘူးေပါ့ ဒါေပမဲ့ အဲဒ့ီေနရာက ကၽြန္ေတာ့္အတြက္အဆင္မေျပေတာ့ ျပန္အပ္လိုက္ရတယ္ေပါ့ ဒါေပမဲ့ေတာ္ေတာ္ၾကာတယ္ ကၽြန္ေတာ္စိတ္မျပတ္ဘူး”

ဥကၠာမင္းေမာင္ကေတာ့ အဲဒီ့ကာလက သူ႔အတြက္ခက္ခဲခဲ့တယ္ဆိုတဲ့အေၾကာင္းကို
“႐ုတ္တရက္ႀကီးဆုံးသြားတာဆိုေတာ့ မယုံနိုင္ဘူး ၂လ ၃လ ေလာက္သူရွိေနတယ္ဆိုတဲ့စိတ္နဲ႔ပဲေနေနတာ သူအလုပ္သြားတယ္ေပါ့ေနာ္ သူ႔သူငယ္ခ်င္းေတြနဲ႔သြားတယ္ေပါ့ေနာ္ အဲဒီ့လိုပဲေတြးထားတာ ၃လေက်ာ္ေလာက္ေနေတာ့ စိတ္ထဲမွာ သူမရွိေတာ့ဘူးဆိုၿပီး လူကေဒါင္းသြားၿပီးဝိတ္လည္းက်သြားတယ္ ျပႆနာေတြလည္းအစုံပါပဲ သူ႔မိဘေတြနဲ႔ရန္ျဖစ္တာေတြေရာ အဲ့တာေတြအကုန္စာအုပ္ထဲေရးထားတယ္” လို႔ MCနဲ႔အင္တာဗ်ဴးမွာ ေျပာျပခဲ့တာပါ။

ခရက္ဒစ္-ေရႊေရာင္ျမန္မာ

အိမ်ထဲမှာ တစ်ယောက် ထဲ သေဆုံး နေတဲ့ ခင်ပွန်းဟောင်း ရဲ့ အကြောင်း ကို ပြောပြ လာတဲ့ ဥက္ကာမင်းမောင်

နိုင်ငံရပ်ခြား ရောက်နေပေမယ့် ပရိသတ်နဲ့အဆက်အသွယ် မပြတ်ရှိနေဆဲဖြစ်တဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင် ကတော့ အိမ်ထဲမှာ တစ်ယောက်တည်း သေဆုံးနေခဲ့တဲ့ သူ့အရင်ခင်ပွန်းဟောင်း အကြောင်းကို Myanmar Celebrity နဲ့အင်တာဗျူးမှာ အခုလိုပဲဖြေဆိုခဲ့ပါတယ်။

“၂၀၁၃ စက်တင်ဘာ ၉ရက်နေ့ မှာ ကျွန်တော်တို့မင်္ဂလာဆောင် ခဲ့တယ်ပေါ့ Hudson River ထဲမှာ New York မြို့ကို ပတ်ပြီး သင်္ဘောပေါ်မှာပဲ မင်္ဂလာပွဲလေးလုပ် ခဲ့တယ်..မြို့ကို ပတ်ပြီးတော့ တကယ်ပျော်စရာကြီး ပြန်တွေးရင်လေ ပုံပြင် တစ်ခုလိုပဲ သူငယ်ချင်းတွေနဲ့ အဲ့ဒီနေ့က World trade center ပြိုကျခဲ့တဲ့ 9/11 memorial အချိန် နဲ့ လဲ နီးတော့ Liberty ရုပ်ထုကြီးရှေ့မှာ မီးရှုးမီးပန်းတွေ ဖောက်တာ သင်္ဘောပေါ်ကနေ အနီးကပ်ကြည့်ရတာ မသိရင် ကိုယ့်မင်္ဂလာဆောင် အတွက် အကုန်ခံထားသလိုပဲ အားလုံးက မင်္ဂလာပွဲ အတွက် လုပ်ထားတယ် ထင်နေကြတာ ကိုယ့်ပွဲ အတွက် အဲ့တာလည်းရှင်းပြရတယ် အမှတ်တရ တွေတော့ အများကြီးပဲ”

“ကျွန်တော့်ဘဝမှာ သူ နဲ့ မင်္ဂလာဆောင် တဲ့ နေ့ ရယ်၊ သူ့ မွေးနေ့ ရယ်၊ သူ ဆုံးတဲ့ နေ့ တွေမှာ စိတ်ထဲမှာ မကောင်းဘူး ပုံဟောင်းတွေ ပြန်ကြည့်တိုင်း အခုအချိန်ထိ ငိုနေရတုန်းပါ အတိတ်ဆိုတာ ဒဏ်ရာကတော့ ကျက်မှာမဟုတ်ဘူး အဲ့တာကို အမှတ်တရအနေနဲ့ တင်လိုက်တာပေါ့ ကျန်တာတော့ ဘာမှ မရှိပါဘူး ” လို့ အရင်အိမ်ထောင်အတွက် စိတ်မကောင်းမိ တဲ့အတွက် ပို့စ်တင်ဖြစ်ခဲ့ပုံကိုပြောပြခဲ့ပါတယ်။

အခုအိမ်ထောင်ဖက် ကလည်း ဒီအဖြစ်အပျက်ကို သိပြီး အရမ်းနားလည်ပေးတယ် လို့ဆိုပါတယ်။

“မေထုန်ရာသီဖွားရိုက် နေတဲ့ အချိန်မှာ ကျွန်တော် အရမ်းအခက် အခဲဖြစ်တယ် အဲဒီ့အချိန်သူကလည်း ရုတ်တရက်ဆုံးသွားတယ် သူမဆုံးခင် ၃နာရီလောက်ကမှ သူနဲ့ Face Time ပြောနေသေး တယ် ပြန်ပြောရရင် ကျွန်တော်က ရှုတင်ပြီးသွားလို့ သူငယ်ချင်းတွေနဲ့ရေကူး နေတယ် အဲဒီ့အချိန်သူ့သူငယ်ချင်းက chad ငါတို့နဲ့ချိန်းထားတာ တော်တော်ကြာပြီ reply လည်းမလာဘူးတဲ့ အဲ့လိုမက်ဆေ့ချ်ပို့လာတယ် စိတ်ပူတယ်ဆိုတော့ ကျွန်တော့်ညီမကို အိမ်ကိုသွားကြည့်ခိုင်းတာ”

” အဲဒီ့တုန်းက ကျောင်းတတ်နေတာဆိုတော့ သူ့ကျောင်းက ကျွန်တော့်အိမ်နားမှာဆိုတော့ ပထမအတန်းချိန်နဲ့ နောက်တစ်ချိန်ကြားနားရင် အိမ်ပြန်နားလို့ရအောင် သော့ပေးထားတယ် ဒီတစ်ခါ မေထုန်ရာသီဖွားရိုက်ပြီးပြန်လာတဲ့အခါ မပေးခဲ့ဘူး ဘာလို့ မပေးခဲ့မိမှန်းလည်းမသိဘူး အဲ့တုန်းက ညီမကိုသွားခိုင်းတော့ ခွေးတွေဟောင်နေတယ် တံခါးမခေါက်ဘူးတဲ့ အဲဒီ့တော့ကျွန်တော်က အလုပ်လုပ်ပြီးအိပ်နေတာ များလား သူငယ်ချင်းတွေ အိမ်မှာ အိပ်နေတာများလားပေါ့”

“ဖုန်းဆက်တော့ဖုန်းကလည်း မကိုင်ဘူး အဲဒီ့တော့ ရဲခေါ်ကြည့်ပါလားပေါ့ ညီမလေးကဝင်လို့မရတာနဲ့ ရဲခေါ်ပြီး ဝင်ကြည့်တော့ အိမ်ရှေ့ခန်းမှာ သေနေတာပေါ့နော် ကျွန်တော့် ညီမက လည်း ကိုကြီးစိတ်သေချာထိန်းတွေမပြောဘူး chad ဆုံးပြီတဲ့ လူကစိတ်ထဲ ဘယ်လိုဖြစ်သွားမှန်း မသိဘူး ကြောင်သွားတာ တစ်ခါတည်း အောင့်တက်သွားတာ သူဆုံးသွားပြီလို့ သိလိုက်ရတော့ ကျွန်တော်ချက်ချင်းပြန်ရတာပေါ့ ကျွန်တော်နဲ့ လက်ထပ်ထားတာဖြစ်တဲ့အတွက် အလောင်းကိုရင်ခွဲရုံမှာ သူ့မိဘကလက်မှတ်ထိုးပေးလို့မရဘူး ကျွန်တော်ကိုယ်တိုင်လက်မှတ်ထိုးရတာပေါ့ အစစအရာရာကျွန်တော်မရှိရင်ဘာမှလုပ်မရဘူး ”

“ဒီကစက်အဖွဲ့ကိုလည်း ကျွန်တော်ဘယ်လိုပြောရမလဲပေါ့ အိမ်ထောင်ဖက်ဆုံးပြီလို့ပြောရင်လည်း အိမ်ထောင်ဖက်က ယောကျ်ားကြီးဆိုတော့ အဲဒီ့အချိန်မှာ လူဆုံးသွားလို့စိတ်ဆင်းရဲရနဲ့ ဒီဘက်မှာစိတ်ဆင်းရဲရတာနဲ့ ပြောရရင်အများကြီးပါပဲ သူဆုံးပြီးနောက်တစ်ရက်မှာ ကျွန်တော်သိရတယ် ချက်ချင်းကောက်ထပြီး အမေရိကားကို ပြန်လာတာ အဲဒီ့တုန်းကရုပ်ရှင်ရိုက်ရင်းနဲ့ အားလုံးကစိတ်ဆိုးကြတာပေါ့နော် သူတို့ကိုဘယ်လိုလိုက်တောင်းပန်ရမှန်းလဲမသိဘူး တောင်းပန်ရမယ်ဆိုတာထက် ဒီဘက်ကအသုဘစိတ်ကြီးနဲ့ နလန်ပြန်ထူဖို့ ၈လ ၉လလောက်ကြာတယ် စိတ်နည်းနည်းပြန်ကောင်းကာစရှိသေးတယ် အဖေကဆုံးသွားတယ် စိတ်ကတော်တော်ဒေါင်းကျသွားတာ လူတွေကလည်းဝေဖန်တယ်”

“သူဆုံးသွားပေမယ့် ကျွန်တော့်ကိုဂေးလို့သိပ်မသိကြဘူး အိမ်ကလည်းမပြောခိုင်းဘူး ကျွန်တော်ကတော့ ဂေးလို့သိသွားလည်း သိပ်ဂရုမစိုက်ပါဘူး မိဘရဲ့ဆန္ဒကိုလည်းမဖျက်ချင်တော့ ပျော်ပြနေရတာပေါ့ ပျောက်ရင်လည်းပရိသတ်ကဘာလို့ပျောက်နေတာလဲဖြစ်မှာစိုးလို့ ဓာတ်ပုံရိုက်ရင်တောင် ရယ်ပြီးရိုက်တင်ရတာပေါ့ လူတွေအမြင်မှာတော့ သူဘာမှမဖြစ်ဘူးပေါ့ တစ်ခါတစ်လေ အပြင်မှာခံစားနေတာနဲ့ ပရိသတ်ထင်တာနဲ့ မတူနေဘူးပေါ့ ၂၀၁၆က ကျွန်တော့်အတွက်သိပ်ခက်ခဲခဲ့ရတယ် ဘယ်သူမှလည်းနားလည်မှာတော့မဟုတ်ဘူး ကျွန်တော့်ကိုလိုက်ဝေဖန်နေကြတာပဲများတယ် ဥပေက္ခာပြုလိုက်တယ်လေ ကိုယ့်ဘဝနဲ့ကိုယ်ပဲလေ ”

“ကိုယ်ကဒီဘက်မှာ ဓာတ်ပုံတွေရိုက်တင်ရင် သူ့မိသားစုကတော့ သူကတော့ ယောကျ်ားဆုံးသွားတာတောင်အဆင်ပြေနေတယ်ပေါ့ ကျွန်နော်အဲဒီ့အချိန် ဘယ်နေရာမှာကြည့်ကြည့် ဘယ်ထောင့်ကြည့်ကြည့် ကျွန်တော်တို့ပုံကြီးတွေပဲ မြင်နေရတာ ကျွန်တော်တို့ငှားနေတဲ့အိမ်ကြီးမှာပဲ ကျွန်တော်နေတယ် အဲဒီ့အိမ်ကိုပြန်မအပ်ချင်ဘူးပေါ့ ဒါပေမဲ့ အဲဒီ့နေရာက ကျွန်တော့်အတွက်အဆင်မပြေတော့ ပြန်အပ်လိုက်ရတယ်ပေါ့ ဒါပေမဲ့တော်တော်ကြာတယ် ကျွန်တော်စိတ်မပြတ်ဘူး”

ဥက္ကာမင်းမောင်ကတော့ အဲဒီ့ကာလက သူ့အတွက်ခက်ခဲခဲ့တယ်ဆိုတဲ့အကြောင်းကို
“ရုတ်တရက်ကြီးဆုံးသွားတာဆိုတော့ မယုံနိုင်ဘူး ၂လ ၃လ လောက်သူရှိနေတယ်ဆိုတဲ့စိတ်နဲ့ပဲနေနေတာ သူအလုပ်သွားတယ်ပေါ့နော် သူ့သူငယ်ချင်းတွေနဲ့သွားတယ်ပေါ့နော် အဲဒီ့လိုပဲတွေးထားတာ ၃လကျော်လောက်နေတော့ စိတ်ထဲမှာ သူမရှိတော့ဘူးဆိုပြီး လူကဒေါင်းသွားပြီးဝိတ်လည်းကျသွားတယ် ပြဿနာတွေလည်းအစုံပါပဲ သူ့မိဘတွေနဲ့ရန်ဖြစ်တာတွေရော အဲ့တာတွေအကုန်စာအုပ်ထဲရေးထားတယ်” လို့ MCနဲ့အင်တာဗျူးမှာ ပြောပြခဲ့တာပါ။

ခရက်ဒစ်-ရွှေရောင်မြန်မာ

About the author

Ms Cele

Leave a Comment