Celebrity

အိမ္နီးခ်င္းထိုင္းနိုင္ငံက ဒီမိုကေရစီ တိုက္ပြဲမွာလည္း သူ႕ရဲ႕ထိုင္းႏိုင္ငံကပရိသတ္ေတြအတြက္ဆုေတာင္းေပးေနပါတယ္ဆိုတဲ့ ပိုင္တံခြန္

Written by Ms Cele

အိမ္နီးခ်င္းထိုင္းနိုင္ငံက ဒီမိုကေရစီ တိုက္ပြဲမွာလည္း သူ႕ရဲ႕ထိုင္းႏိုင္ငံကပရိသတ္ေတြအတြက္ဆုေတာင္းေပးေနပါတယ္ဆိုတဲ့ ပိုင္တံခြန္

မင္းသားေခ်ာ ပိုင္တံခြန္ ကေတာ့ အေနအထိုင္ေအးေဆးျပီး အရြယ္နဲ့ မလိုက္ေအာင္ တည္ျငိမ္သူ တစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြရဲ့ အခ်စ္ကို ပိုင္ဆိုင္ရရိွထားတာ ျဖစ္ပါတယ္။ ပိုင္တံခြန္ကေတာ့ သူ့ရဲ့ အမိုက္စား ခႏၶာကိုယ္နဲ့ အရမ္းလန္းတဲ့ တက္တူးေတြေၾကာင့္လည္း နုိင္ငံတကာက ပရိသတ္ေတြရဲ့ အာရံုစိုက္ခံရတယ္ဆိုလည္း မမွားပါဘူး။ အိမ္နီးခ်င္း ထိုင္းနိုင္ငံမွာ Fan Meeting ျပဳလုပ္ရတဲ့အထိ ေအာင္ျမင္တဲ့ ပိုင္တံခြန္က ဂ်ပန္၊ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္ စတဲ့ အာရွနိုင္ငံမ်ားအျပင္ ဘရာဇီး၊ ၾသစေတးလ်၊ ဂ်ာမနီစတဲ့ အေနာက္တုိင္းနုိင္ငံေတြအထိပါ ေပါက္ေရာက္ေအာင္ျမင္ေနတာပဲ ျဖစ္ပါတယ္။

လတ္တေလာမွာ ျမန္မာနိုင္ငံ ဒီမိုကေရစီ ရရိွေရးအတြက္ တိုက္ပြဲဝင္ေနတဲ့ ပိုင္တံခြန္က အိမ္နီးခ်င္း ထိုင္းနိုင္ငံက ဒီမိုကေရစီ တိုက္ပြဲအတြက္လည္း သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေန အာေပးစကားေျပာလာတာကို ေတြ့ရပါတယ္။ ပိုင္တံခြန္က “ထိုင္းနိုင္ငံက ညီအစ္ကို ေမာင္နွမေတြအားလံုး ကိုယ့္ကိုကုိယ္ ဂရုစိုက္ၾကျပီး ကာကြယ္ေစာင့္ေရွာက္ၾကပါ။ ကြ်န္ေတာ္ ခင္ဗ်ားတို့နဲ့ အတူတူ ရပ္တည္ေပးေနျပီး ဆုေတာင္းေပးေနပါတယ္။ ကြ်န္ေတာ္တို့ နုိင္ငံမွာလည္း ဒီမိုကေရစီရရိွေရးအတြက္ တုိက္ပြဲဝင္ေနပါတယ္။ ကြ်န္ေတာ္တို့အတူတူ အားလံုး ဒါေတြကို ေက်ာ္ျဖတ္ၾကမယ္” ဆိုျပီး ေျပာလာတာပဲ ျဖစ္ပါတယ္။

ပိုင္တံခြန္ ကေတာ့ ကိုယ့္နိုင္ငံ ဒီမိုကေရစီရရိွေရး အတြက္ တိုက္ပြဲဝင္ေနသလို အိမ္နီးခ်င္း ထိုင္းနိုင္ငံက ပရိသတ္ေတြ အတြက္လည္း ဆုေတာင္းေမတၱာပို့ေပးေနတာပဲ ျဖစ္ပါတယ္။ အားလံုး ေမွ်ာ္မွန္းထားတဲ့ ပန္းတုိင္ကို ေအာင္ျမင္စြာ ေရာက္ရိွနုိင္ၾကပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုကၸါတယ္ေနာ္။

Source: Paing Takhon’s fb
Credit:Cele Connections

အိမ်နီးချင်းထိုင်းနိုင်ငံက ဒီမိုကရေစီ တိုက်ပွဲမှာလည်း သူ့ရဲ့ထိုင်းနိုင်ငံကပရိသတ်တွေအတွက်ဆုတောင်းပေးနေပါတယ်ဆိုတဲ့ ပိုင်တံခွန်

မင်းသားချော ပိုင်တံခွန် ကတော့ အနေအထိုင်အေးဆေးပြီး အရွယ်နဲ့ မလိုက်အောင် တည်ငြိမ်သူ တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ရရှိထားတာ ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ သူ့ရဲ့ အမိုက်စား ခန္ဓာကိုယ်နဲ့ အရမ်းလန်းတဲ့ တက်တူးတွေကြောင့်လည်း နိုင်ငံတကာက ပရိသတ်တွေရဲ့ အာရုံစိုက်ခံရတယ်ဆိုလည်း မမှားပါဘူး။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ Fan Meeting ပြုလုပ်ရတဲ့အထိ အောင်မြင်တဲ့ ပိုင်တံခွန်က ဂျပန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စတဲ့ အာရှနိုင်ငံများအပြင် ဘရာဇီး၊ သြစတေးလျ၊ ဂျာမနီစတဲ့ အနောက်တိုင်းနိုင်ငံတွေအထိပါ ပေါက်ရောက်အောင်မြင်နေတာပဲ ဖြစ်ပါတယ်။

လတ်တလောမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်နေတဲ့ ပိုင်တံခွန်က အိမ်နီးချင်း ထိုင်းနိုင်ငံက ဒီမိုကရေစီ တိုက်ပွဲအတွက်လည်း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ အာပေးစကားပြောလာတာကို တွေ့ရပါတယ်။ ပိုင်တံခွန်က “ထိုင်းနိုင်ငံက ညီအစ်ကို မောင်နှမတွေအားလုံး ကိုယ့်ကိုကိုယ် ဂရုစိုက်ကြပြီး ကာကွယ်စောင့်ရှောက်ကြပါ။ ကျွန်တော် ခင်ဗျားတို့နဲ့ အတူတူ ရပ်တည်ပေးနေပြီး ဆုတောင်းပေးနေပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေပါတယ်။ ကျွန်တော်တို့အတူတူ အားလုံး ဒါတွေကို ကျော်ဖြတ်ကြမယ်” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန် ကတော့ ကိုယ့်နိုင်ငံ ဒီမိုကရေစီရရှိရေး အတွက် တိုက်ပွဲဝင်နေသလို အိမ်နီးချင်း ထိုင်းနိုင်ငံက ပရိသတ်တွေ အတွက်လည်း ဆုတောင်းမေတ္တာပို့ပေးနေတာပဲ ဖြစ်ပါတယ်။ အားလုံး မျှော်မှန်းထားတဲ့ ပန်းတိုင်ကို အောင်မြင်စွာ ရောက်ရှိနိုင်ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။

Source: Paing Takhon’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment