Celebrity


Written by Ms Cele






အိမ်သားတွေတောင် စိတ်ပူသွားစေတဲ့ အပြုအမူကို လုပ်ဆောင်လိုက်တဲ့ ပွင့်နဒီမောင်ရဲ့ ဗီဒီယို

နိုင်ငံကျော် သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ပွင့်နဒီမောင် ကတော့ သူမရဲ့ မျက်နှာက ထင်ရှားတဲ့ မှည့်နက်နက် လေးကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားသူ တစ်ယောက် ဖြစ်ပါတယ်။ ပွင့်နဒီမောင်က အခုဆိုရင် အသက်အရွယ် တစ်ခုကို ရောက်ရှိနေပြီဖြစ်ပြီး အနုပညာ အလုပ်တွေကို အရင်အတိုင်း ဆက်လက် လုပ်ကိုင်နေသလို သူမရဲ့ ကိုယ်ပိုင် စားသောက်ကုန်လုပ်ငန်းကိုလည်း ဦးစီးနေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း ပွင့်နဒီမောင်ရဲ့ အနုပညာအလုပ်တွေနဲ့ အတူတူ သူမရဲ့ လှုပ်ရှားမှုတိုင်း ကိုလည်း စိတ်ဝင်တစားရှိကြတာပဲ ဖြစ်ပါတယ်။

အသက်အရွယ် တစ်ခုရောက်ရှိနေပေမယ့် ငယ်ငယ်က ပုံစံလေးအတိုင်း မပြောင်းလဲပဲရှိနေဆဲဖြစ်တဲ့ ပွင့်နဒီမောင်က ဒီတစ်ခါ မှာတော့ သူငယ်ချင်း ထူးခြားရဲ့ ဆေးကြီးကြီးထိုးတာ ခံခဲ့ရပါတယ်။ ပွင့်နဒီမောင်က သွားကိုက်လွန်းတဲ့ ဝေဒနာနဲ့ ငိုကြီးချက် မဖြစ်နေပုံကို ထူးခြားက “ခင်ဗျားတို့ အမကြီးကိုမေးလိုက်ကြပါဦး။ သွားကိုက်နေလို့တဲ့” ဆိုပြီး ပွင့်နဒီမောင်ရဲ့ ဗီဒီယိုလေးနဲ့တကွ ဆေးကြီးကြီးထိုးလာခဲ့တာပဲ ဖြစ်ပါတယ်။

ပွင့်နဒီမောင် ကတော့ သွားကိုက်လွန်းလို့ ငိုကြီးချက်မနဲ့ ထိုင်ငိုနေရမှ အိမ်သားတွေ ကပါ စိတ်ပူခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပွင့်နဒီမောင် ရဲ့ ဖြစ်ပုံကိုကြည့်ပြီး သဘောကျ ကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment