Celebrity
Written by Ms Cele
အိမ်ပြန်ချိန် နောက်ကျလို့ ညသန်းခေါင် လမ်းမှာ ရဲကားနဲ့တည့်တည့်တိုးကြောင်း ပြောပြလာတဲ့ ဘေဘီမောင်
နိုင်ငံကျော် သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ဘေဘီမောင် ကတော့ သရုပ်ဆောင် ကောင်းသလို စိတ်သဘောထားလည်း ရိုးရှင်းပွင့်လင်း တာမို့ ပရိသတ် တွေက ချစ်ခင်နေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေက ဘေဘီမောင် ရဲ့ အနုပညာ လှုပ်ရှားမှုတွေ ကိုသာမက အဆိုတော် သားဂန်းနဲ့ ကြည်နူးစရာ အချစ်ဇာတ်လမ်း လေးကြောင့် ပိုလို့တောင် စိတ်ဝင်တစား ရှိကြတာပဲ ဖြစ်ပါတယ်။ လက်ရှိ အနုပညာအလုပ်တွေ ရပ်နားထား ချိန်မှာတော့ ဘေဘီမောင်က Live Sale တွေ ရောင်းချပေး နေတာဖြစ်ပါတယ်။
ဒါပေမယ့် ဒီတစ်ခါ မှတော့ ဘေဘီမောင်က ညသန်းခေါင်ကြီး လမ်းမှာ ရဲကားနဲ့ကြုံခဲ့ရတဲ့ အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။ ဘေဘီမောင် က “ကချင်ထည်တွေ ဝက်ဝက်ကွဲအောင်ရောင်းရတာ🥰 အိပ်ပြန်ချိန် နောက်ကျလို့😩 လမ်းမှာရဲကားနဲ့တွေ့ပြီး မုန့်လက်ကောက်မစားလိုက်ရတာကံကောင်း😃ဘေဘီချစ်လို့ အားပေးတဲ့အတွက်ရော အထည်တွေကိုသဘောကျလို့ အားပေးတဲ့တွက်ရော အားလုံးကို အထူးကျေးဇူးတင်ပါတယ်ရှင့်🙏🏻🙏🏻🙏🏻🥰” ဆိုပြီး ပြောလာ ပါတယ်။
ဘေဘီမောင်က စျေးရောင်းကောင်းပြီး အိမ်ပြန်ချိန်ကို မေ့နေလို့ ညသန်းခေါင်ကြီး လမ်းမှာ ရဲကားနဲ့ကြုံခဲ့ရပေမယ့် ကံကောင်းထောက်မစွာ နဲ့ပဲ အိမ်ကို ချောချောမွေ့မွေ့ ပြန်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို ့ဆုတောင်းပေးလိုက်ပါတယ်။
Credit:Cele Connections
About the author
Ms Cele
Leave a Comment