Celebrity


Written by Ms Cele






အိမ် မှာ Stay Home နေ ရင်း ခန္ဓာကိုယ် လေးကို လှုပ်ခါပြီး အမိုက် စား ကပြထား တဲ့ ပိုးကြာဖြူ ခင် ရဲ့ ဗီဒီယို ဖိုင်

ပရိသတ်ကြီးရေ.. ချစ်စရာ ကောင်းပြီး အေးချမ်းတဲ့ အလှတရားတွေ အပြင် အမိုက်စား ပုံရိပ်လေးတွေနဲ့လည်း လိုက်ဖက်လွန်း လှသူလေးကတော့ မင်းသမီး ချောလေး ပိုးကြာဖြူခင်ပဲ ဖြစ်ပါတ ယ်နော်..။ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိသလို သရုပ်ဆောင်ကောင်းတာကြောင့်လည်း ပရိသတ်တွေက သည်းသည်းလှုပ်ချစ်ခင်နေကြရပြီး အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်မင်းသမီးတစ်ဦးအဖြစ် ရပ်တည်နေသူပါပဲ..။

အချစ်တော် လေး ပိုးကြာဖြူခင် ကတော့ ဆိုင်းမိုင်ဆိုတဲ့ ကာရိုက်တာလေး နဲ့ ပရိသတ်တွေ တစ်ခဲနက်အားပေးဝန်းရံ မှုတွေကို ရရှိထားပြီး လတ်တလောမှာ ထုတ်လွှင့်ပြသ နေတဲ့ “မာယာလှည့်ကွက်” ဇာတ်ကားမှာလည်း အဏ္ဏဝါမုန်း ဆိုတဲ့ကာရိုက်တာ လေးနဲ့ အချစ်ပိုစေပြန်ပါတယ်နော်..။ပိုးကတော့ အိမ်မှာ Stay Home နေရင်း Tik Tok လေးတွေလည်း ဆော့ကစားနေသလို အခုတစ်ခါ မှာလည်း ခန္ဓာကိုယ်လေးကို လှုပ်ခါကာ အမိုက်စားလေး ကပြထားတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကိုလည်း မျှဝေလိုက်ပါတယ်..။

“ကျန်းမာရေး ဂရုစိုက်နော် ချစ်ရင် အားကစားပုံမှန်လုပ်ပါ..” ဆိုပြီး သူမရဲ့ ချစ်စရာ ကောင်းလွန်း တဲ့ အမိုက်စား ပုံရိပ်လေးတွေကိုလည်း ဝေမျှထားပါ သေးတယ်နော်..။ကဲ.. ဒီကနေ့လေး မှာတော့ မင်းသမီးချောလေး ပိုးကြာဖြူခင်ရဲ့ အမိုက်စားပုံရိပ်လေးတွေနဲ ့အတူ ချစ်သရာဗီဒီယိုဖိုင် လေးကိုလည်း ပရိသတ်တွေ အားလုံးအတံက် တင်ဆက်ပေး လိုက်ပါတယ်နော်..။

Source & Photo Credit – Poe Kyar Phyu Khin’s Fb Acc & Tik Tok Acc

About the author

Ms Cele

Leave a Comment