Celebrity

အိႏၵိယႏိုင္ငံတြင္ က်င္းပတဲ့ 45th season of Calcutta International Cult Film Festival မွာ ထူးခြ်န္ဆုၾကီးမ်ား ထပ္မံ ရရိွခဲ့တဲ့ လူမင္းနဲ့ ေရႊမႈံရတီ

Written by Ms Cele

အိႏၵိယႏိုင္ငံတြင္ က်င္းပတဲ့ 45th season of Calcutta International Cult Film Festival မွာ ထူးခြ်န္ဆုၾကီးမ်ား ထပ္မံ ရရိွခဲ့တဲ့ လူမင္းနဲ့ ေရႊမႈံရတီ

ျပီးခဲ့တဲ့ နွစ္အတြင္း က ရံုတင္ျပသ ခဲ့တဲ့ “နုိ့ဘီလူး” ရုပ္ရွင္ဇာတ္ကားၾကီးကေတာ့ အကယ္ ဒမီ လူမင္းရဲ့ အနုပညာလက္ရာ ေကာင္းတစ္ခုျဖစ္ျပီး မိဘေမတၱာကို ေဖာ္ၾကဴးထားတဲ့ ဇာတ္ကား ေကာင္းတစ္ကားျဖစ္တာပဲ ျဖစ္ပါတယ္။ “နုိ့ဘီလူး” ရုပ္ရွင္ ဇာတ္ကားၾကီးမွာ အကယ္ဒမီ ေဒၚျမတ္မြန္၊ အကယ္ဒမီ လူမင္း၊ ေရႊမႈံရတီ၊ ေဇရဲထက္နဲ့ အျခားေသာ သရုပ္ေဆာ င္မ်ားစြာ ပါဝင္သရုပ္ေဆာင္ခဲ့ျပီး ပရိသတ္အားေပးမႈကို အမ်ားအျပားရရိွခဲ့တာပဲ ျဖစ္ပါတယ္။ “နုိ့ဘီလူး” ရုပ္ရွင္ဇာတ္ကား ၾကီးက ျပီးခဲ့တဲ့ ရက္သတၱပတ္အတြင္းက Druk International film festival (DIFF)မွာ ထူးခြ်န္ဆု (၅) ဆုတိတိကို ဆြတ္ခူးနိုင္ခဲ့ျပီး ဒီကေန့မွာလည္း သတင္းေကာင္းကို ထပ္မံသယ္ေဆာင္လာျပန္ပါတယ္။

“နုိ့ဘီလူး” ရုပ္ရွင္ဇာတ္ ကားၾကီးက အိႏၵိယႏိုင္ငံ ကာလကတၱားၿမိဳ႕တြင္ က်င္းပ ေသာ ၄၅ႀကိမ္ေျမာက္ ႏိုင္ငံတကာ႐ုပ္ရွင္ ပြဲေတာ္ျဖစ္သည့္ 45th season of Calcutta International Cult Film Festival (September 2020) Competition မွာ အေကာင္းဆံုး ဇာတ္ကားဆုအျဖစ္ နုိ့ဘီလူးရုပ္ရွင္ဇာတ္ကား၊ အေကာင္းဆံုးဒါရိုက္တာဆု အျဖစ္ လူမင္း၊ အေကာင္းဆံုး အမ်ိဳးသား ဇာတ္ေဆာင္ဆု အျဖစ္ လူမင္း၊ အေကာင္းဆံုး အမ်ိဳးသမီး ဇာတ္ပို့ဆု အျဖစ္ ေရႊမႈံရတီ၊ အေကာင္းဆံုး ထုတ္လုပ္သူဆု အျဖစ္ Dr.ေက်ာ္ေက်ာ္ဦး (Aung Thiri Film Production) တို့က အသီးသီးရရိွခဲ့ျပီး စုစုေပါင္း ဆု (၅) ဆု ဆြတ္ခူးနိုင္ခဲ့တာပဲ ျဖစ္ပါတယ္။

“နုိ့ဘီလူး” ရုပ္ရွင္ဇာတ္ကားၾကီး ကေတာ့ ကမၻာ့နိုင္ငံ အသီးသီးမွာ ျမန္မာ့ရုပ္ရွင္ကို မ်က္နွာပန္းပြင့္ ေစခဲ့ျပီပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Credit:Cele Connections

အိန္ဒိယနိုင်ငံတွင် ကျင်းပတဲ့ 45th season of Calcutta International Cult Film Festival မှာ ထူးချွန်ဆုကြီးများ ထပ်မံ ရရှိခဲ့တဲ့ လူမင်းနဲ့ ရွှေမှုံရတီ

ပြီးခဲ့တဲ့ နှစ်အတွင်း က ရုံတင်ပြသ ခဲ့တဲ့ “နို့ဘီလူး” ရုပ်ရှင်ဇာတ်ကားကြီးကတော့ အကယ် ဒမီ လူမင်းရဲ့ အနုပညာလက်ရာ ကောင်းတစ်ခုဖြစ်ပြီး မိဘမေတ္တာကို ဖော်ကြူးထားတဲ့ ဇာတ်ကား ကောင်းတစ်ကားဖြစ်တာပဲ ဖြစ်ပါတယ်။ “နို့ဘီလူး” ရုပ်ရှင် ဇာတ်ကားကြီးမှာ အကယ်ဒမီ ဒေါ်မြတ်မွန်၊ အကယ်ဒမီ လူမင်း၊ ရွှေမှုံရတီ၊ ဇေရဲထက်နဲ့ အခြားသော သရုပ်ဆော င်များစွာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှုကို အများအပြားရရှိခဲ့တာပဲ ဖြစ်ပါတယ်။ “နို့ဘီလူး” ရုပ်ရှင်ဇာတ်ကား ကြီးက ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက Druk International film festival (DIFF)မှာ ထူးချွန်ဆု (၅) ဆုတိတိကို ဆွတ်ခူးနိုင်ခဲ့ပြီး ဒီကနေ့မှာလည်း သတင်းကောင်းကို ထပ်မံသယ်ဆောင်လာပြန်ပါတယ်။

“နို့ဘီလူး” ရုပ်ရှင်ဇာတ် ကားကြီးက အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင် ကျင်းပ သော ၄၅ကြိမ်မြောက် နိုင်ငံတကာရုပ်ရှင် ပွဲတော်ဖြစ်သည့် 45th season of Calcutta International Cult Film Festival (September 2020) Competition မှာ အကောင်းဆုံး ဇာတ်ကားဆုအဖြစ် နို့ဘီလူးရုပ်ရှင်ဇာတ်ကား၊ အကောင်းဆုံးဒါရိုက်တာဆု အဖြစ် လူမင်း၊ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု အဖြစ် လူမင်း၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု အဖြစ် ရွှေမှုံရတီ၊ အကောင်းဆုံး ထုတ်လုပ်သူဆု အဖြစ် Dr.ကျော်ကျော်ဦး (Aung Thiri Film Production) တို့က အသီးသီးရရှိခဲ့ပြီး စုစုပေါင်း ဆု (၅) ဆု ဆွတ်ခူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

“နို့ဘီလူး” ရုပ်ရှင်ဇာတ်ကားကြီး ကတော့ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ မြန်မာ့ရုပ်ရှင်ကို မျက်နှာပန်းပွင့် စေခဲ့ပြီပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment