Local News

အိႏၵိယ ေရငုပ္ သေဘၤာ ေရာက္ရွိ လာတာ နဲ႔ ပတ္သက္ ျပီး မေက် မနပ္ ျဖစ္ေနတဲ့ တ႐ုတ္

Written by Ms Cele

အိႏၵိယ ေရငုပ္ သေဘၤာ ေရာက္ရွိ လာတာ နဲ႔ ပတ္သက္ ျပီး မေက် မနပ္ ျဖစ္ေနတဲ့ တ႐ုတ္

ေမရိကန္-တ႐ုတ္ အား ၿပိဳင္မႈ တြင္ ျမန္မာ သည္ ယခင္က ထက္ ပို၍ အားၿပိဳင္စရာ ေနရာ ျဖစ္လာရပါတယ္။ ထို႔အတြက္ ျမန္မာ သည္ အိမ္ နီးခ်င္း တ႐ုတ္၊ ဂ်ပန္၊ အိႏၵိယ အစရွိတဲ့ အိမ္နီးခ်င္း နိုင္ငံမ်ား နဲ႔ ရင္းႏွီးေအာင္ ပိုၿပီး တိုးတက္ ဆက္ဆံ လာရပါတယ္။

သို႔ေသာ္ မၾကာမီက အိႏၵိယ သည္ ျမန္မာ ႏွင့္ စီးပြားေရး တြင္ သာမက စစ္ဖက္ ဆက္ဆံေရး ပါ အခိုင္အမာ တည္ေဆာက္ ရန္ ရည္ရြယ္ခ်က္ နဲ႔ အိႏၵိယ အဆင့္ျမင့္ ကိုယ္စားလွယ္ အဖြဲ႕ ေရာက္ရွိ လာၿပီး ၃၄ ႏွစ္နီးပါး ရွိေနၿပီ ျဖစ္တဲ့ အိႏၵိယ ေရငုပ္သေဘၤာ ေရာက္ရွိလာတာနဲ႔ ပတ္သက္ၿပီး တ႐ုတ္က မႏွစ္ၿမိဳ႕ေၾကာင္း ျပသတဲ့ အေနနဲ႔ ဂလိုဘယ္တိုင္းမ္ သတင္းစာ က NLD အစိုးရ ရဲ့ စီးပြားေရး မူဝါဒ ေတြကို ဒုတိယ အႀကိမ္ ေဝဖန္ လာခဲ့ၿပီ ျဖစ္ၿပီး ေရြးေကာက္ပြဲ ရလဒ္ အေပၚ ဩဇာလႊမ္း မိုးဖို႔ ႀကိဳးစားလာတဲ့ လကၡဏာ ျဖစ္ပါတယ္။

ေလာေလာဆယ္ မွာ ျမန္မာျပည္အတြင္း တ႐ုတ္ ဆန႔္က်င္ေရး မ်ားသည္ ျပင္းထန္စြာ ျဖစ္ပြားေနၿပီး မၾကာေသးမီက ဖ်က္သိမ္းခံလိုက္ရတဲ့ ႏွင္းဆီ ပါတီ အေရး အခင္းေၾကာင့္ မီးေလာင္ရာ ေလပင့္ ျဖစ္သြားခဲ့ရပါတယ္။

ထိုသို႔ေသာ ေျမျပင္ အေနအထား မ်ားကို တ႐ုတ္ ေခါင္းေဆာင္ပိုင္း အဖို႔ အမွန္အတိုင္း ေတာ့ သိခြင့္မရခဲ့ရွာေပ။ ဤသည္ ကလည္း ရန္ကုန္ရွိ တ႐ုတ္သံ႐ုံး နဲ႔ ေထာက္လွမ္းေရး မ်ားက တတ္နိုင္ သမၽွ ဖုံးဖိထားၾကလို႔ပဲ ျဖစ္မယ္လို႔ ယူဆရပါတယ္။

ထိုသို႔ မဖုံးဖိပါကလည္း တ႐ုတ္ သံအမတ္ႀကီး အဖို႔ ျမန္မာလူထုကို မဆြဲေဆာင္နိုင္ရေကာင္းလား၊ အေျခအေနကို မထိန္းခ်ဳပ္နိုင္ ရေကာင္းလား ဆိုၿပီး ႀကိမ္းေသေပါက္ အျပစ္ေပးခံ ရမွာလည္း ျဖစ္ပါတယ္။ အာဏာရွင္မ်ား အဖို႔ကေတာ့ စိတ္ေတာ္သိ ေဘာင္းေတာ္ညိမ့္ သတင္းမ်ား ရရိုးထုံးစံ ကလည္း ရွိေနျပန္သည္ မဟုတ္ပါေလာ။

တ႐ုတ္ ရဲ့ ျမန္မာ ျပည္ အေပၚ ထားရွိတဲ့ မူဝါဒ ကေတာ့ ေခါင္းေဆာင္ အဆက္ဆက္ ကို ဖိအားေပးနိုင္ေရး အတြက္ ျပည္တြင္း ပဋိပကၡမ်ား လက္ရွိအေန အထား ထက္ အရွိန္အဟုန္ ျမင့္မလာေရး နဲ႔ တဖက္မွာလည္း အလုံးစုံ ၿငိမ္းခ်မ္းေရး ရရွိမသြား ေအာင္ ထိန္းထားဖို႔ပဲ ျဖစ္ပါတယ္။ Neither hot war nor complete peace လို႔ အတိုခ်ဳပ္ ယူဆလို႔ ရပါတယ္။

ဒါ့အျပင္ ၎တို႔ အက်ိဳးစီးပြား အတြက္ ႏွင့္ နိုင္ငံတကာတြင္ အေမရိကန္ ဩဇာကို စိန္ေခၚဖို႔ အေမရိကန္၊ အိႏၵိယ၊ ဂ်ပန္တို႔ လိုအပ္တာထက္ စည္းေက်ာ္မလာေအာင္ အထက္ပါ မူဝါဒ ေတြ နဲ႔ ထိန္းညႇိဖို႔ ႀကိဳးစားလာပါတယ္။ ဒီေနရာမွာ တ႐ုတ္တို႔ အတြက္ အခြင့္အေရး ေကာင္း ျဖစ္လာတာကေတာ့ “ရို ဟင္ ဂ်ာ” ျပႆနာ ေပၚေပါက္လာတဲ့ အတြက္ ျမန္မာ ကို နိုင္ငံတကာ စင္ျမင့္မွာ အကာအကြယ္ ေပးရန္ ေနာက္ထပ္ အခြင့္ အေရး ထပ္ရလာခဲ့ပါတယ္။

ျမန္မာျပည္ရွိ စစ္ဝါဒီမ်ား ကလည္း တ႐ုတ္ ဩဇာလႊမ္းမိုး မႈေအာက္မွာ မြန္းက်ပ္လာတဲ့ အတြက္ ႐ုန္းထြက္ ဖို႔ ႀကိဳးပမ္းခဲ့ၿပီး ျဖစ္ေသာ္လည္း စုေပါင္း ဆုံးျဖတ္ျခင္း မ်ိဳး မရွိပဲ တဦးတေယာက္ ရဲ့ ဓါးဓါးျခင္း လွံလွံျခင္း ဆိုတဲ့ လူမိုက္ဆန္ဆန္ အေတြးအေခၚ မ်ား၊ နိုင္ငံတကာ အျမင္ မက်ယ္မႈ မ်ားေၾကာင့္ ကိုယ့္ရႉး ကိုယ္ပတ္ ျဖစ္သြားခဲ့ရတာလည္း ျဖစ္ပါတယ္။ လက္ရွိ အစိုးရ လက္ထက္မွာ ျပည္တြင္းေရး မၿငိမ္မသက္ ျဖစ္လာရသည္ ဆိုကာ မီးေမာင္းထိုးၿပ နိုင္ဖို႔ အတြက္ ထိုသူမ်ားဟာ ရခိုင္ေျမာက္ပိုင္း အေရးအခင္းကို ေပါ့ေပါ့ဆဆ ကိုင္တြယ္ခဲ့လို႔လည္း တန္ဖိုးႀကီးႀကီး ေပးဆပ္ေနရျပန္ပါတယ္။

လက္ရွိ တြင္ တပ္မေတာ္မွ တိုက္ရည္ခိုက္ရည္မ်ား က်ဆင္းလာေန မႈသည္ ဖုံးဖိထား၍ မရေလာက္ေအာင္ ရခိုင္ေျမာက္ပိုင္း တြင္ အေျခမလွ ျဖစ္လာေနသည္ကို ျပည္သူမ်ား က ရင္တမမျဖင့္ ေစာင့္ၾကည့္ ေနၾကခ်ိန္တြင္ အိႏၵိယ ေရတပ္မွ ၃၄ ႏွစ္ၾကာ အသုံးျပဳၿပီး ေနာက္ ျပန္လည္ မြမ္းမံ ျပင္ဆင္ေပး လိုက္ေသာ ေရငုပ္သေဘၤာႀကီး ေရာက္ရွိလာမႈကို မည္သည့္ နိုင္ငံသားကမၽွ ဂုဏ္ယူ ဝင့္ႂကြားလိုစိတ္ ရွိၾကမည္လည္း မဟုတ္ေပ။

တ႐ုတ္တို႔ဖက္က အေမရိကန္ ရဲ့ ဝိုင္းပတ္ ပိတ္ဆိုလာနိုင္မႈ ကို အိႏၵိယ သမုဒၵရာ ဖက္ကေန ထြက္ေပါက္ ရဖို႔ ျမန္မာ ေခါင္းေဆာင္မ်ားကို နိုင္ငံေရး အရ ဖိအားေတြ အဆက္မျပတ္ရန္ ႏွင့္ တဆင့္ခံ စစ္ပြဲေတြ ဆင္ႏႊဲရမယ္ဆိုတဲ့ မူဝါဒမ်ားကို ေဒၚေအာင္ဆန္းစုၾကည္ လက္ထက္ တြင္ပင္ မေျပာင္းမလဲဘဲ ဆက္လက္ စြဲကိုင္ေနတာကိုက တ႐ုတ္ ရဲ့ အမွားလည္း ျဖစ္ပါတယ္။ ယင္းႏွင့္အတူ လူထု သေဘာထားကို ေျပာင္ေျပာင္ႀကီး ဆန႔္က်င္ရပ္တည္တဲ့ အေနအထား ျဖစ္လာခဲ့ပါတယ္။

အိုဘားမား နဲ႔ ဟီလာရီ ကလင္တန္ တို႔ ျမန္မာျပည္ကို ႏွစ္ႀကိမ္ အထိ အလည္ အပတ္ ေရာက္လာခဲ့ေပမယ့္ ထရန႔္ အစိုးရ လက္ထက္မွာ အေမရိကန္ ရဲ့ အဆင့္ျမင့္ အရာရွိေတြ တဦးတေလမွ ျမန္မာျပည္ကို ေရာက္မလာတဲ့ အတြက္လည္း တ႐ုတ္တို႔ အားတက္ လာေနပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ ကေတာ့ မည္သည့္ နိုင္ငံရဲ့ ဖိအားေပးမႈမ်ိဳးကို မဆို မေၾကာက္မရြံ့ ရင္ဆိုင္ နိုင္စြမ္း ရွိၿပီး နိုင္ငံ ရဲ့ အက်ိဳးစီးပြား ကို အဓိက ထားၿပီး တိုင္းျပည္အတြက္ တကယ္တမ္း အက်ိဳး ရွိရာ ရွိေၾကာင္း ဆိုရင္ ရဲရဲဝံ့ဝံ့ ဆုံးျဖတ္နိုင္တဲ့ ေခါင္းေဆာင္မႈ အရည္အခ်င္း အရ တ႐ုတ္ အဆိုျပဳလာတဲ့ စီမံကိန္းမ်ား အားလုံးကို တန္ရာတန္ေၾကး နဲ႔ အညီသာ လုပ္ဖို႔ မူဝါဒ နဲ႔ အကုန္လုံးကို စီစစ္ လုပ္ကိုင္နိုင္သူ ျဖစ္ပါတယ္။

နိုင္ငံေတာ္ အတိုင္ပင္ခံက ၎တို႔ အား ရွဉ့္လည္း ေလၽွာက္သာ ပ်ားလဲစြဲသာ ဆက္ဆံေနျခင္းကို စိတ္မရွည္ ျဖစ္လာေနပုံရပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္သည္ ျမန္မာ လူထု ကို ထိန္းခ်ဳပ္ထားနိုင္စြမ္း ရွိေသာ တဦးတည္း ပုဂၢိဳလ္ ျဖစ္ၿပီး စကားကိုလည္း ဟိုတမ်ိဳး ဒီတမ်ိဳး လုပ္တတ္သူ မဟုတ္ဆိုၿပီး သေဘာက် ခဲ့ပါတယ္။

သို႔ေသာ္ တ႐ုတ္သည္ စီးပြားေရး ကိုသာ အာ႐ုံစိုက္သူ မ်ား ျဖစ္တယ္ ဆိုတဲ့ မူလ ပင္ကိုယ္ သေဘာအရ ေနာက္ပိုင္း မွာေတာ့ ယခင္က ငယ္ေၾကာက္လို႔ ဆက္ဆံနိုင္တဲ့ လူေတြကိုလည္း ျပန္လည္ တမ္းတ လာပုံ ရပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ လက္ထက္တြင္ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး တက္ႂကြလႈပ္ရွား သူမ်ား အင္အားေကာင္းလာေနျခင္း နဲ႔ သဘာဝ အရင္းအျမစ္မ်ားအား အမ်ိဳးသားေရး နဲ႔ ခ်ိန္ထိုး လာေနျခင္းကို အေတာ္ မႏွစ္ၿမိဳ႕ ျဖစ္လာေနပုံ ရပါတယ္။

လက္ရွိမွာလည္း နိုင္ငံတြင္း ကိုဗစ္-၁၉ ကူးစက္မႈ ျမင့္မားေနခ်ိန္ မွာ ျမန္မာ အေပၚ ထိေရာက္တဲ့ အကူအညီ ေပးဖို႔ သိသိသာသာ ပ်က္ကြက္ေနတာကို သတိထားမိေလာက္ေအာင္ ျဖစ္လာပါတယ္။

မည္သို႔ပင္ ျဖစ္ေစ လာမည့္ ျမန္မာ ေရြးေကာက္ပြဲသည္ ျမန္မာျပည္သူမ်ား အတြက္ မိမိေလၽွာက္လွမ္း ရမည့္ ဘဝကို ေရြးခ်ယ္ရေတာ့မည္ ျဖစ္သည္ သာမက နိုင္ငံႀကီး မ်ား ကလည္း သတိႀကီးစြာ နဲ႔ ေစာင့္ၾကည့္ေနတဲ့ ပြဲလည္း ျဖစ္ပါတယ္။

အိန္ဒိယ ရေငုပ် သင်္ဘော ရောက်ရှိ လာတာ နဲ့ ပတ်သက် ပြီး မကျေ မနပ် ဖြစ်နေတဲ့ တရုတ်

မေရိကန်-တရုတ် အား ပြိုင်မှု တွင် မြန်မာ သည် ယခင်က ထက် ပို၍ အားပြိုင်စရာ နေရာ ဖြစ်လာရပါတယ်။ ထို့အတွက် မြန်မာ သည် အိမ် နီးချင်း တရုတ်၊ ဂျပန်၊ အိန္ဒိယ အစရှိတဲ့ အိမ်နီးချင်း နိုင်ငံများ နဲ့ ရင်းနှီးအောင် ပိုပြီး တိုးတက် ဆက်ဆံ လာရပါတယ်။

သို့သော် မကြာမီက အိန္ဒိယ သည် မြန်မာ နှင့် စီးပွားရေး တွင် သာမက စစ်ဖက် ဆက်ဆံရေး ပါ အခိုင်အမာ တည်ဆောက် ရန် ရည်ရွယ်ချက် နဲ့ အိန္ဒိယ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ ရောက်ရှိ လာပြီး ၃၄ နှစ်နီးပါး ရှိနေပြီ ဖြစ်တဲ့ အိန္ဒိယ ရေငုပ်သင်္ဘော ရောက်ရှိလာတာနဲ့ ပတ်သက်ပြီး တရုတ်က မနှစ်မြို့ကြောင်း ပြသတဲ့ အနေနဲ့ ဂလိုဘယ်တိုင်းမ် သတင်းစာ က NLD အစိုးရ ရဲ့ စီးပွားရေး မူဝါဒ တွေကို ဒုတိယ အကြိမ် ဝေဖန် လာခဲ့ပြီ ဖြစ်ပြီး ရွေးကောက်ပွဲ ရလဒ် အပေါ် ဩဇာလွှမ်း မိုးဖို့ ကြိုးစားလာတဲ့ လက္ခဏာ ဖြစ်ပါတယ်။

လောလောဆယ် မှာ မြန်မာပြည်အတွင်း တရုတ် ဆန့်ကျင်ရေး များသည် ပြင်းထန်စွာ ဖြစ်ပွားနေပြီး မကြာသေးမီက ဖျက်သိမ်းခံလိုက်ရတဲ့ နှင်းဆီ ပါတီ အရေး အခင်းကြောင့် မီးလောင်ရာ လေပင့် ဖြစ်သွားခဲ့ရပါတယ်။

ထိုသို့သော မြေပြင် အနေအထား များကို တရုတ် ခေါင်းဆောင်ပိုင်း အဖို့ အမှန်အတိုင်း တော့ သိခွင့်မရခဲ့ရှာပေ။ ဤသည် ကလည်း ရန်ကုန်ရှိ တရုတ်သံရုံး နဲ့ ထောက်လှမ်းရေး များက တတ်နိုင် သမျှ ဖုံးဖိထားကြလို့ပဲ ဖြစ်မယ်လို့ ယူဆရပါတယ်။

ထိုသို့ မဖုံးဖိပါကလည်း တရုတ် သံအမတ်ကြီး အဖို့ မြန်မာလူထုကို မဆွဲဆောင်နိုင်ရကောင်းလား၊ အခြေအနေကို မထိန်းချုပ်နိုင် ရကောင်းလား ဆိုပြီး ကြိမ်းသေပေါက် အပြစ်ပေးခံ ရမှာလည်း ဖြစ်ပါတယ်။ အာဏာရှင်များ အဖို့ကတော့ စိတ်တော်သိ ဘောင်းတော်ညိမ့် သတင်းများ ရရိုးထုံးစံ ကလည်း ရှိနေပြန်သည် မဟုတ်ပါလော။

တရုတ် ရဲ့ မြန်မာ ပြည် အပေါ် ထားရှိတဲ့ မူဝါဒ ကတော့ ခေါင်းဆောင် အဆက်ဆက် ကို ဖိအားပေးနိုင်ရေး အတွက် ပြည်တွင်း ပဋိပက္ခများ လက်ရှိအနေ အထား ထက် အရှိန်အဟုန် မြင့်မလာရေး နဲ့ တဖက်မှာလည်း အလုံးစုံ ငြိမ်းချမ်းရေး ရရှိမသွား အောင် ထိန်းထားဖို့ပဲ ဖြစ်ပါတယ်။ Neither hot war nor complete peace လို့ အတိုချုပ် ယူဆလို့ ရပါတယ်။

ဒါ့အပြင် ၎င်းတို့ အကျိုးစီးပွား အတွက် နှင့် နိုင်ငံတကာတွင် အမေရိကန် ဩဇာကို စိန်ခေါ်ဖို့ အမေရိကန်၊ အိန္ဒိယ၊ ဂျပန်တို့ လိုအပ်တာထက် စည်းကျော်မလာအောင် အထက်ပါ မူဝါဒ တွေ နဲ့ ထိန်းညှိဖို့ ကြိုးစားလာပါတယ်။ ဒီနေရာမှာ တရုတ်တို့ အတွက် အခွင့်အရေး ကောင်း ဖြစ်လာတာကတော့ “ရို ဟင် ဂျာ” ပြဿနာ ပေါ်ပေါက်လာတဲ့ အတွက် မြန်မာ ကို နိုင်ငံတကာ စင်မြင့်မှာ အကာအကွယ် ပေးရန် နောက်ထပ် အခွင့် အရေး ထပ်ရလာခဲ့ပါတယ်။

မြန်မာပြည်ရှိ စစ်ဝါဒီများ ကလည်း တရုတ် ဩဇာလွှမ်းမိုး မှုအောက်မှာ မွန်းကျပ်လာတဲ့ အတွက် ရုန်းထွက် ဖို့ ကြိုးပမ်းခဲ့ပြီး ဖြစ်သော်လည်း စုပေါင်း ဆုံးဖြတ်ခြင်း မျိုး မရှိပဲ တဦးတယောက် ရဲ့ ဓါးဓါးခြင်း လှံလှံခြင်း ဆိုတဲ့ လူမိုက်ဆန်ဆန် အတွေးအခေါ် များ၊ နိုင်ငံတကာ အမြင် မကျယ်မှု များကြောင့် ကိုယ့်ရှူး ကိုယ်ပတ် ဖြစ်သွားခဲ့ရတာလည်း ဖြစ်ပါတယ်။ လက်ရှိ အစိုးရ လက်ထက်မှာ ပြည်တွင်းရေး မငြိမ်မသက် ဖြစ်လာရသည် ဆိုကာ မီးမောင်းထိုးပြ နိုင်ဖို့ အတွက် ထိုသူများဟာ ရခိုင်မြောက်ပိုင်း အရေးအခင်းကို ပေါ့ပေါ့ဆဆ ကိုင်တွယ်ခဲ့လို့လည်း တန်ဖိုးကြီးကြီး ပေးဆပ်နေရပြန်ပါတယ်။

လက်ရှိ တွင် တပ်မတော်မှ တိုက်ရည်ခိုက်ရည်များ ကျဆင်းလာနေ မှုသည် ဖုံးဖိထား၍ မရလောက်အောင် ရခိုင်မြောက်ပိုင်း တွင် အခြေမလှ ဖြစ်လာနေသည်ကို ပြည်သူများ က ရင်တမမဖြင့် စောင့်ကြည့် နေကြချိန်တွင် အိန္ဒိယ ရေတပ်မှ ၃၄ နှစ်ကြာ အသုံးပြုပြီး နောက် ပြန်လည် မွမ်းမံ ပြင်ဆင်ပေး လိုက်သော ရေငုပ်သင်္ဘောကြီး ရောက်ရှိလာမှုကို မည်သည့် နိုင်ငံသားကမျှ ဂုဏ်ယူ ဝင့်ကြွားလိုစိတ် ရှိကြမည်လည်း မဟုတ်ပေ။

တရုတ်တို့ဖက်က အမေရိကန် ရဲ့ ဝိုင်းပတ် ပိတ်ဆိုလာနိုင်မှု ကို အိန္ဒိယ သမုဒ္ဒရာ ဖက်ကနေ ထွက်ပေါက် ရဖို့ မြန်မာ ခေါင်းဆောင်များကို နိုင်ငံရေး အရ ဖိအားတွေ အဆက်မပြတ်ရန် နှင့် တဆင့်ခံ စစ်ပွဲတွေ ဆင်နွှဲရမယ်ဆိုတဲ့ မူဝါဒများကို ဒေါ်အောင်ဆန်းစုကြည် လက်ထက် တွင်ပင် မပြောင်းမလဲဘဲ ဆက်လက် စွဲကိုင်နေတာကိုက တရုတ် ရဲ့ အမှားလည်း ဖြစ်ပါတယ်။ ယင်းနှင့်အတူ လူထု သဘောထားကို ပြောင်ပြောင်ကြီး ဆန့်ကျင်ရပ်တည်တဲ့ အနေအထား ဖြစ်လာခဲ့ပါတယ်။

အိုဘားမား နဲ့ ဟီလာရီ ကလင်တန် တို့ မြန်မာပြည်ကို နှစ်ကြိမ် အထိ အလည် အပတ် ရောက်လာခဲ့ပေမယ့် ထရန့် အစိုးရ လက်ထက်မှာ အမေရိကန် ရဲ့ အဆင့်မြင့် အရာရှိတွေ တဦးတလေမှ မြန်မာပြည်ကို ရောက်မလာတဲ့ အတွက်လည်း တရုတ်တို့ အားတက် လာနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကတော့ မည်သည့် နိုင်ငံရဲ့ ဖိအားပေးမှုမျိုးကို မဆို မကြောက်မရွံ့ ရင်ဆိုင် နိုင်စွမ်း ရှိပြီး နိုင်ငံ ရဲ့ အကျိုးစီးပွား ကို အဓိက ထားပြီး တိုင်းပြည်အတွက် တကယ်တမ်း အကျိုး ရှိရာ ရှိကြောင်း ဆိုရင် ရဲရဲဝံ့ဝံ့ ဆုံးဖြတ်နိုင်တဲ့ ခေါင်းဆောင်မှု အရည်အချင်း အရ တရုတ် အဆိုပြုလာတဲ့ စီမံကိန်းများ အားလုံးကို တန်ရာတန်ကြေး နဲ့ အညီသာ လုပ်ဖို့ မူဝါဒ နဲ့ အကုန်လုံးကို စီစစ် လုပ်ကိုင်နိုင်သူ ဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံက ၎င်းတို့ အား ရှဉ့်လည်း လျှောက်သာ ပျားလဲစွဲသာ ဆက်ဆံနေခြင်းကို စိတ်မရှည် ဖြစ်လာနေပုံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ လူထု ကို ထိန်းချုပ်ထားနိုင်စွမ်း ရှိသော တဦးတည်း ပုဂ္ဂိုလ် ဖြစ်ပြီး စကားကိုလည်း ဟိုတမျိုး ဒီတမျိုး လုပ်တတ်သူ မဟုတ်ဆိုပြီး သဘောကျ ခဲ့ပါတယ်။

သို့သော် တရုတ်သည် စီးပွားရေး ကိုသာ အာရုံစိုက်သူ များ ဖြစ်တယ် ဆိုတဲ့ မူလ ပင်ကိုယ် သဘောအရ နောက်ပိုင်း မှာတော့ ယခင်က ငယ်ကြောက်လို့ ဆက်ဆံနိုင်တဲ့ လူတွေကိုလည်း ပြန်လည် တမ်းတ လာပုံ ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လက်ထက်တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှား သူများ အင်အားကောင်းလာနေခြင်း နဲ့ သဘာဝ အရင်းအမြစ်များအား အမျိုးသားရေး နဲ့ ချိန်ထိုး လာနေခြင်းကို အတော် မနှစ်မြို့ ဖြစ်လာနေပုံ ရပါတယ်။

လက်ရှိမှာလည်း နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားနေချိန် မှာ မြန်မာ အပေါ် ထိရောက်တဲ့ အကူအညီ ပေးဖို့ သိသိသာသာ ပျက်ကွက်နေတာကို သတိထားမိလောက်အောင် ဖြစ်လာပါတယ်။

မည်သို့ပင် ဖြစ်စေ လာမည့် မြန်မာ ရွေးကောက်ပွဲသည် မြန်မာပြည်သူများ အတွက် မိမိလျှောက်လှမ်း ရမည့် ဘဝကို ရွေးချယ်ရတော့မည် ဖြစ်သည် သာမက နိုင်ငံကြီး များ ကလည်း သတိကြီးစွာ နဲ့ စောင့်ကြည့်နေတဲ့ ပွဲလည်း ဖြစ်ပါတယ်။

About the author

Ms Cele

Leave a Comment