Celebrity

အုတ္ဖုတ္လုပ္သား မိသားစုေတြအတြက္ အေျခခံ စားေသာက္ကုန္မ်ား သြားေရာက္ လႉဒါန္းေပးခဲ့တဲ့ ေဝဠဳေက်ာ္

Written by Ms Cele

အုတ္ဖုတ္လုပ္သား မိသားစုေတြအတြက္ အေျခခံ စားေသာက္ကုန္မ်ား သြားေရာက္ လႉဒါန္းေပးခဲ့တဲ့ ေဝဠဳေက်ာ္

ေဝဠဳေက်ာ္ ကေတာ့ ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္း ကို တည္ေထာင္ ထားၿပီး လိုအပ္ေနတဲ့ ေနရာေတြ မွာ လိုက္လံကူညီ လႉဒါန္းေပး ‌ေနတဲ့ ပရဟိတ မင္းသားႀကီး တစ္ေယာက္ပါ ။ ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္းရဲ့ အကူညီေတြေၾကာင့္ ခက္ခဲေနတဲ့ ဘဝေတြ အဆင္ေျပသြား ခဲ့တာလည္း မနည္းပါဘူးေနာ္ ။ မင္းသားတစ္ေယာက္ ဆိုတဲ့ မာန္မာနမရွိဘဲ ေနရာအစုံကို ကိုယ္တိုင္သြားေရာက္ကာ ေန႔စဥ္မနားတမ္း ကူညီလုပ္ေဆာင္ေပးေနတာေၾကာင့္ ျပည္သူပရိသတ္ေတြက ေလးစားအားက်ေနတာပါ။

ဒီလိုကာလမွာ ဆိုရင္ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ အကူအညီ လိုအပ္ေနသူ ေတြလည္း အမ်ားအျပားရွိေနၿပီး ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္းကလည္း တတ္နိုင္သေလာက္ ကူညီမႈေတြ ေပးခဲ့တာလည္းျဖစ္ပါတယ္။ ဒါ့အျပင္ စားဝတ္ေနေရး အမွန္တကယ္ ၾကပ္တည္းေနတဲ့ လက္လုပ္လက္စား ျပည္သူေတြနဲ႔ စစ္ေဘးေရွာင္ ျပည္သူေတြဆီကိုလည္း အလႉရွင္ေတြကိုယ္စား သြားေရာက္ကာ ဆန္ ၊ ဆီ အပါအဝင္ လိုအပ္တဲ့ အျခား စားနပ္ရိကၡာမ်ား သြား​ေရာက္လႉဒါန္းေပးခဲ့တာကိုေတြ႕ျမင္ရပါတယ္။

အခုလည္း လုပ္ခဝင္ေငြ နည္းပါးေနတဲ့ အုတ္ဖုတ္ လုပ္သား မိသားစု (၁၇၀) စာအတြက္ အလႉရွင္ေတြကိုယ္စား သြားေရာက္ကာ လိုအပ္ေနတဲ့ စားေသာက္ကုန္မ်ား သြားေရာက္ လႉဒါန္းေပးခဲ့ျပန္ပါတယ္။ အလႉလက္ခံရရွိတဲ့ ပုံေလးေတြနဲ႔ အတူ ” 31-5-2021 #ေမွာ္ဘီသို႔အလႉ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းမွ ေမွာ္ဘီၿမိဳ႕နယ္၊ အမွတ္၄လမ္းမႀကီး ၊ကကျပန္ ၊အုတ္ဝန္းအတြင္းရွိ အုတ္ဖုတ္လုပ္သား မိသားစု ၁၇၀စု သို႔ ဆန္ ကုလားပဲ ငါးေျခာက္ ၾကက္သြန္နီ ငါးျပာရည္တို႔ကို သြားေရာက္ ကူညီ ေထာက္ပံ့ေပးခဲ့ပါတယ္။ အုတ္ဖုတ္လုပ္သားမိသားစုေတြမွာ လုပ္ခဝင္ေငြနည္းပါးၾကၿပီး အစစအရာရာ လိုအပ္ေနၾကတယ့္ အနယ္နယ္အရပ္ရပ္က ခိုကပ္ေနထိုင္ အလုပ္လာလုပ္ၾကတယ့္သူမ်ားပါ။ အခုလိုအခ်ိန္ ေဆာက္လုပ္ေရးေတြကမရွိသေလာက္ျဖစ္ေတာ့ အုပ္ထုတ္လုပ္မႈ႔ကလည္း နဲ႔ပါးလာတဲ့အတြက္ အုပ္ဖုတ္လုပ္သားေတြ အဆင္မေျပၾကလို႔ စားနပ္ရိကၡာအလႉအတြက္ အကူအညီေတာင္းခံလာတာပါ။ ေနာက္ထပ္ အလႉခံလာၾကသည့္ အဆင္မေၿပ ၾကပ္တည္းၾကသည့္ မိသားစုမ်ားအတြက္ လည္း ေစတနာအလႉရွင္မ်ားအေနျဖင့္ ဝိုင္းဝန္းကူညီ ေထာက္ပံ့ေပးၾကဖို႔ အလႉခံပါရေစ။” ေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ေရးသားေဖာ္ျပေပးလိုက္ပါတယ္။

Credit: Cele Zone
Photo – Wai Lu Kyaw

အုတ်ဖုတ်လုပ်သား မိသားစုတွေအတွက် အခြေခံ စားသောက်ကုန်များ သွားရောက် လှူဒါန်းပေးခဲ့တဲ့ ဝေဠုကျော်

ဝေဠုကျော် ကတော့ ဝေဠုကျော် ဖောင်ဒေးရှင်း ကို တည်ထောင် ထားပြီး လိုအပ်နေတဲ့ နေရာတွေ မှာ လိုက်လံကူညီ လှူဒါန်းပေး ‌နေတဲ့ ပရဟိတ မင်းသားကြီး တစ်ယောက်ပါ ။ ဝေဠုကျော် ဖောင်ဒေးရှင်းရဲ့ အကူညီတွေကြောင့် ခက်ခဲနေတဲ့ ဘဝတွေ အဆင်ပြေသွား ခဲ့တာလည်း မနည်းပါဘူးနော် ။ မင်းသားတစ်ယောက် ဆိုတဲ့ မာန်မာနမရှိဘဲ နေရာအစုံကို ကိုယ်တိုင်သွားရောက်ကာ နေ့စဉ်မနားတမ်း ကူညီလုပ်ဆောင်ပေးနေတာကြောင့် ပြည်သူပရိသတ်တွေက လေးစားအားကျနေတာပါ။

ဒီလိုကာလမှာ ဆိုရင် အကြောင်း အမျိုးမျိုးကြောင့် အကူအညီ လိုအပ်နေသူ တွေလည်း အများအပြားရှိနေပြီး ဝေဠုကျော် ဖောင်ဒေးရှင်းကလည်း တတ်နိုင်သလောက် ကူညီမှုတွေ ပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် စားဝတ်နေရေး အမှန်တကယ် ကြပ်တည်းနေတဲ့ လက်လုပ်လက်စား ပြည်သူတွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေဆီကိုလည်း အလှူရှင်တွေကိုယ်စား သွားရောက်ကာ ဆန် ၊ ဆီ အပါအဝင် လိုအပ်တဲ့ အခြား စားနပ်ရိက္ခာများ သွား​ရောက်လှူဒါန်းပေးခဲ့တာကိုတွေ့မြင်ရပါတယ်။

အခုလည်း လုပ်ခဝင်ငွေ နည်းပါးနေတဲ့ အုတ်ဖုတ် လုပ်သား မိသားစု (၁၇၀) စာအတွက် အလှူရှင်တွေကိုယ်စား သွားရောက်ကာ လိုအပ်နေတဲ့ စားသောက်ကုန်များ သွားရောက် လှူဒါန်းပေးခဲ့ပြန်ပါတယ်။ အလှူလက်ခံရရှိတဲ့ ပုံလေးတွေနဲ့ အတူ ” 31-5-2021 #မှော်ဘီသို့အလှူ ဝေဠုကျော်ဖောင်ဒေးရှင်းမှ မှော်ဘီမြို့နယ်၊ အမှတ်၄လမ်းမကြီး ၊ကကပြန် ၊အုတ်ဝန်းအတွင်းရှိ အုတ်ဖုတ်လုပ်သား မိသားစု ၁ရဝစု သို့ ဆန် ကုလားပဲ ငါးခြောက် ကြက်သွန်နီ ငါးပြာရည်တို့ကို သွားရောက် ကူညီ ထောက်ပံ့ပေးခဲ့ပါတယ်။ အုတ်ဖုတ်လုပ်သားမိသားစုတွေမှာ လုပ်ခဝင်ငွေနည်းပါးကြပြီး အစစအရာရာ လိုအပ်နေကြတယ့် အနယ်နယ်အရပ်ရပ်က ခိုကပ်နေထိုင် အလုပ်လာလုပ်ကြတယ့်သူများပါ။ အခုလိုအချိန် ဆောက်လုပ်ရေးတွေကမရှိသလောက်ဖြစ်တော့ အုပ်ထုတ်လုပ်မှု့ကလည်း နဲ့ပါးလာတဲ့အတွက် အုပ်ဖုတ်လုပ်သားတွေ အဆင်မပြေကြလို့ စားနပ်ရိက္ခာအလှူအတွက် အကူအညီတောင်းခံလာတာပါ။ နောက်ထပ် အလှူခံလာကြသည့် အဆင်မပြေ ကြပ်တည်းကြသည့် မိသားစုများအတွက် လည်း စေတနာအလှူရှင်များအနေဖြင့် ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးကြဖို့ အလှူခံပါရစေ။” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ရေးသားဖော်ပြပေးလိုက်ပါတယ်။

Credit: Cele Zone
Photo – Wai Lu Kyaw

About the author

Ms Cele

Leave a Comment