Celebrity

အုပ္စိုးခန္႕တို႕အိမ္ အလည္သြားရင္း သူမရဲ႕ နာမည္ႀကီး သီခ်င္းတစ္ပုဒ္ကို ေပ်ာ္ေပ်ာ္ပါးပါး သီဆိုခဲ့တဲ့ ေကာ္နီရဲ႕ ဗီဒီယို

Written by Ms Cele

အုပ္စိုးခန္႕တို႕အိမ္ အလည္သြားရင္း သူမရဲ႕ နာမည္ႀကီး သီခ်င္းတစ္ပုဒ္ကို ေပ်ာ္ေပ်ာ္ပါးပါး သီဆိုခဲ့တဲ့ ေကာ္နီရဲ႕ ဗီဒီယို

အဆိုေတာ္ေကာ္နီ ကေတာ့ ဂီတေလာကမွာ တစ္ေခတ္ တစ္ခ်ိန္ကတည္းကေန ယေန႔အခ်ိန္ အထိ ထင္ရွားေအာင္ျမင္ လာခဲ့တဲ့ ေတးသံရွင္ တစ္ဦးပဲ ျဖစ္ပါတယ္ ။ ေကာ္နီက သူမ်ားေတြနဲ႔မတူဘဲ ထူးျခားတဲ့အသံပါဝါကို ပိုင္ဆိုင္ထားသူျဖစ္ၿပီး သီခ်င္းေတြကို ဆြဲငင္အားအျပည့္နဲ႔ သီဆိုတတ္တာ ျဖစ္ပါတယ္ ။ ဒါ့အျပင္ သီခ်င္းေတြမနားတမ္း ဖန္တီးလာခဲ့တဲ့ ေကာ္နီက လက္ရွိမွာလည္း ေတးသီခ်င္းေကာင္းမ်ားစြာနဲ႔ ေရပန္းစား ေအာင္ျမင္ေနဆဲျဖစ္ပါတယ္။

အဆိုေတာ္ေကာ္နီရဲ့ သီခ်င္းေတြက ပရိသတ္ေတြရဲ့ အႀကိဳက္နဲ႔ထပ္တူ က်ၿပီး အျမဲတမ္းလိုလို လူႀကိဳက္မ်ားေန တာလည္း ျဖစ္ပါတယ္ ။ အခုလည္း ေကာ္နီက “ၾကည့္ခြင့္ေတာ့ရွိတယ္ထိခြင့္မရွိ”နဲ႔ “ေရစက္” ဆိုတဲ့ သီခ်င္းအသစ္ေလးႏွစ္ပုဒ္ထြက္ရွိထားသလို Music Video ေတြပါ ထပ္မံရိုက္ကူးေနတာပဲ ျဖစ္ပါတယ္ ။ မေန႔ကေတာ့ ေကာ္နီက အဆိုေတာ္၊မင္းသားေခ်ာေလး အုပ္စိုးခန႔္ရဲ့အိမ္ကိုအလည္သြားၿပီး သီခ်င္းေတြေပ်ာ္ေပ်ာ္ပါးပါး သီဆိုခဲ့တာ ျဖစ္ပါတယ္ ။

ေကာ္နီက “သားသားအုပ္တို႔ဆီေရာက္ အမွတ္တရ” ဆိုၿပီး သူမရဲ့လူမႈကြန္ယက္ စာမ်က္ႏွာထက္မွာ Live လႊင့္ခဲ့တာ ျဖစ္ပါတယ္ ။ ေကာ္နီ ကေတာ့ သူမရဲ့”ေဆး” သီခ်င္းေလးကို အသံခ်ိဳခ်ိဳ ေအးေအးေလးနဲ႔ သီဆိုျပခဲ့တာျဖစ္ၿပီး အုပ္စိုးခန႔္ ကေတာ့ Piano တီးကာ အားျဖည့္ေပး ခဲ့တာပဲ ျဖစ္ပါတယ္ ။ ကဲ အုပ္စိုးခန႔္တို႔ မိသားစုနဲ႔အတူ သီခ်င္းေတြသီဆိုရင္း ရယ္ေမာေပ်ာ္ရႊင္ေနတဲ့ အဆိုေတာ္ ေကာ္နီရဲ့Live ဗီဒီယိုေလးကို ခ်စ္ပရိသတ္ေတြ အတြက္ ျပန္လည္မၽွေဝေပးလိုက္ပါတယ္ေနာ္ ။

Credit:Swelsone News

အုပ်စိုးခန့်တို့အိမ် အလည်သွားရင်း သူမရဲ့ နာမည်ကြီး သီချင်းတစ်ပုဒ်ကို ပျော်ပျော်ပါးပါး သီဆိုခဲ့တဲ့ ကော်နီရဲ့ ဗီဒီယို

အဆိုတော်ကော်နီ ကတော့ ဂီတလောကမှာ တစ်ခေတ် တစ်ချိန်ကတည်းကနေ ယနေ့အချိန် အထိ ထင်ရှားအောင်မြင် လာခဲ့တဲ့ တေးသံရှင် တစ်ဦးပဲ ဖြစ်ပါတယ် ။ ကော်နီက သူများတွေနဲ့မတူဘဲ ထူးခြားတဲ့အသံပါဝါကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သီချင်းတွေကို ဆွဲငင်အားအပြည့်နဲ့ သီဆိုတတ်တာ ဖြစ်ပါတယ် ။ ဒါ့အပြင် သီချင်းတွေမနားတမ်း ဖန်တီးလာခဲ့တဲ့ ကော်နီက လက်ရှိမှာလည်း တေးသီချင်းကောင်းများစွာနဲ့ ရေပန်းစား အောင်မြင်နေဆဲဖြစ်ပါတယ်။

အဆိုတော်ကော်နီရဲ့ သီချင်းတွေက ပရိသတ်တွေရဲ့ အကြိုက်နဲ့ထပ်တူ ကျပြီး အမြဲတမ်းလိုလို လူကြိုက်များနေ တာလည်း ဖြစ်ပါတယ် ။ အခုလည်း ကော်နီက “ကြည့်ခွင့်တော့ရှိတယ်ထိခွင့်မရှိ”နဲ့ “ရေစက်” ဆိုတဲ့ သီချင်းအသစ်လေးနှစ်ပုဒ်ထွက်ရှိထားသလို Music Video တွေပါ ထပ်မံရိုက်ကူးနေတာပဲ ဖြစ်ပါတယ် ။ မနေ့ကတော့ ကော်နီက အဆိုတော်၊မင်းသားချောလေး အုပ်စိုးခန့်ရဲ့အိမ်ကိုအလည်သွားပြီး သီချင်းတွေပျော်ပျော်ပါးပါး သီဆိုခဲ့တာ ဖြစ်ပါတယ် ။

ကော်နီက “သားသားအုပ်တို့ဆီရောက် အမှတ်တရ” ဆိုပြီး သူမရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာ Live လွှင့်ခဲ့တာ ဖြစ်ပါတယ် ။ ကော်နီ ကတော့ သူမရဲ့”ဆေး” သီချင်းလေးကို အသံချိုချို အေးအေးလေးနဲ့ သီဆိုပြခဲ့တာဖြစ်ပြီး အုပ်စိုးခန့် ကတော့ Piano တီးကာ အားဖြည့်ပေး ခဲ့တာပဲ ဖြစ်ပါတယ် ။ ကဲ အုပ်စိုးခန့်တို့ မိသားစုနဲ့အတူ သီချင်းတွေသီဆိုရင်း ရယ်မောပျော်ရွှင်နေတဲ့ အဆိုတော် ကော်နီရဲ့Live ဗီဒီယိုလေးကို ချစ်ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Credit:Swelsone News

About the author

Ms Cele

Leave a Comment