Celebrity


Written by Ms Cele





Credit:Swelsone News

အုပ်စိုးခန့်နဲ့အတူ ဆယ်ကျော်သက်လေး တစ်ယောက်လို ချစ်စရာကောင်းစွာ ဆော့ကစားထားတဲ့ ထက်ထက်ရဲ့ ဗီဒီယိုလေး

ပြည်သူချစ် အနုပညာရှင်တစ်ဦးအဖြစ် ယနေ့အချိန်အထိ တိုင်အောင် အခိုင်အမာ ရပ်တည်နေတဲ့သူလေး ကတော့ မင်းသမီးချောလေး ထက်ထက်မိုးဦးပဲ ဖြစ်ပါတယ်နော်။ တစ်ချိန်က ကြော်ငြာဘုရင်မ အဖြစ် တင်စားခေါ်ဝေါ်ခြင်းခံခဲ့ရတဲ့ ထက်ထက်မိုးဦးက လက်ရှိမှာလည်း နာမည်တစ်လုံးနဲ့ ကျော်ကြားနေဆဲ ဖြစ်ပါတယ် ။ ပရိသတ်တွေရဲ့ အချစ်ကိုအပြည့်အဝ ရရှိထားတဲ့ ထက်ထက်မိုးဦးက Live Sale ရောင်းချတဲ့နေရာမှာ သူများတွေနဲ့မတူအောင်ကို ထူးထူးခြားခြားအောင်မြင်နေတာ ဖြစ်ပါတယ် ။

ထက်ထက်မိုးဦးက လတ်တလောမှာဆိုရင် ကြော်ငြာတွေ လက်ခံရိုက်ကူးနေရသလို စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ကုန်ပစ္စည်းမျိုးစုံကို Live လွှင့်ကာ ရောင်းချပေးနေ ရတာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် ဘယ်လိုနေနေချစ်ဖို့ကောင်းတဲ့ ထက်ထက်က အခုချိန်အထိ ပျိုမျစ်နုနယ်ပြီး အစွမ်းကုန်လှသွေးကြွယ်နေတာပဲ ဖြစ်ပါတယ် ။ အခုလည်း ထက်ထက်မိုးဦးက အဆိုတော်၊သရုပ်ဆောင် အုပ်စိုးခန့်နဲ့အတူတွဲကာ Tik Tok ကစားပြလိုက်တာပဲ ဖြစ်ပါတယ် ။

“ခပ်မိုက်မိုက်ချစ်ကြစို့” ဆိုတဲ့သီချင်းလေးကို အုပ်စိုးခန့်နဲ့ ထက်ထက်မိုးဦးတို ့နှစ်ယောက်က အတွဲညီညီလေး သရုပ်ဆောင်ပြလိုက်တာ ဖြစ်ပါတယ် ။ ကလေးလေးလို ချစ်ဖို့ကောင်းတဲ့ အမူအရာလေးတွေ လုပ်ပြနေတဲ့ ထက်ထက်ကတော့ အရမ်းကိုအပြစ်ကင်းစင် နေတာဖြစ်ပြီး အုပ်စိုးခန့်ကတော့ မြူးမြူးကြွကြွလေး လိုက်ကနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေ အတွက် အုပ်စိုးခန့်နဲ့ ထက်ထက်မိုးဦးတို့ရဲ့ချစ်စရာ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Credit:Swelsone News

About the author

Ms Cele

Leave a Comment