Celebrity

အူဝဲရဲ႕ ေမြးေန႕အတြက္ သတိတရနဲ႕ေမြးေန႕ဆုမြန္ေကာင္းေတာင္းေပးလိုက္တဲ့ ခိုင္သင္းၾကည္

Written by Ms Cele

အူဝဲရဲ႕ ေမြးေန႕အတြက္ သတိတရနဲ႕ေမြးေန႕ဆုမြန္ေကာင္းေတာင္းေပးလိုက္တဲ့ ခိုင္သင္းၾကည္

ပရိတ္သတ္ႀကီးေရ…အႏုပညာေလာကမွာ ထိပ္တန္းစာရင္းဝင္တဲ့ သ႐ုပ္ေဆာင္ အိျႏၵာေက်ာ္ဇင္ ကေတာ့ ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ေပၚေနတဲ့ ႏိုင္ငံေရး အေျခအေနေမွာ အမွန္တရားဘက္ကေန ျပည္သူလူထုနဲ႕အတူရဲရဲဝင့္ဝင့္ ရပ္တည္ခဲ့တဲ့သူ တစ္ဦးပဲျဖစ္ပါတယ္ေနာ္။ မအူဝဲက ျပည္သူလူထုနဲ႕အတူ လူထုလႈပ္ရွားမႈမွာ တက္ႂကြစြာပါဝင္ခဲ့လို႕ ပရိတ္သတ္ေတြက အရမ္းကိုေလးစား ဂုဏ္ယူခဲ့ၾကတာပဲျဖစ္ပါတယ္.။မအူဝဲဟာဆိုရင္ လူထုလႈပ္၇ွားမႈမွာ ပါဝင္ခဲ့တာေၾကာင့္ ပုဒ္မ ၅၀၅(က)နဲ႕တရားစြဲဆိုခဲ့ၿပီး သိပ္မၾကာခင္ရက္ပိုင္းေလာက္က သူမရဲ႕ေနအိမ္မွာ ဖမ္းဆီးထိန္းသိမ္းခံလိုက္ရတာပဲျဖစ္ပါတယ္။

သူမကို ခ်စ္ခင္ၾကတဲ့ တစ္နိုင္ငံလုံးက ပရိသတ္မ်ားနဲ႔ အႏုပညာေလာက မွ ညီအစ္ကို ေမာင္ႏွမမ်ား ကလည္း အူဝဲရဲ့ သတင္း ကို ၾကားၾကားခ်င္း စိတ္မေကာင္း ျဖစ္ခဲ့ၾကတာပါ။ မနက္ျဖန္ဆိုရင္ အူဝဲရဲ့ ေမြးေန႔ရက္ျမတ္ျဖစ္ပါတယ္။ သူမကိုခ်စ္ၾကသူမ်ားမွ ဒီေန႔ကတည္းကေန အႀကိဳေမြးေန႔ဆုေတာင္း ေပးေနၾကတာ ျဖစ္ပါတယ္။ မၾကာေသးခင္ မိနစ္ပိုင္း ေလာက္ကလည္း မင္းသမီး ခိုင္သင္းၾကည္ရဲ့ Facebook Story တြင္ ပုံေလးတစ္ပုံ တင္ထားတာ ျဖစ္ပါတယ္။

ဒါကေတာ့ ဖမ္းဆီးခံထား ရတဲ့ အူဝဲအား သတိရေနၿပီး မိသားစုေတြ အျမန္ဆုံး ျပန္လည္ ဆုံဆည္းဖို႔ ဆုေတာင္း ေပးေနတာ ျဖစ္ပါတယ္။ သူမကလည္း ” မနက္ျဖန္ဆို ေမြးေန႔ေရာက္ၿပီ အူဝဲေရ..အရမ္း သတိရတယ္ ကေလးေတြနဲ႔အျမန္ဆုံး ျပန္ဆုံဆည္းနိုင္ပါေစ ” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ၿပီး ပရိသတ္ေတြ အတြက္ ဒီသတင္းကို တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပး လိုက္ရပါတယ္ေနာ္။

Source and Photo Crd-Eaindra Kyaw Zin’s and Khine Thin Kyi’s Facebook Page
Credit

အူဝဲရဲ့ မွေးနေ့အတွက် သတိတရနဲ့မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ ခိုင်သင်းကြည်

ပရိတ်သတ်ကြီးရေ…အနုပညာလောကမှာ ထိပ်တန်းစာရင်းဝင်တဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင် ကတော့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေမှော အမှန်တရားဘက်ကနေ ပြည်သူလူထုနဲ့အတူရဲရဲဝင့်ဝင့် ရပ်တည်ခဲ့တဲ့သူ တစ်ဦးပဲဖြစ်ပါတယ်နော်။ မအူဝဲက ပြည်သူလူထုနဲ့အတူ လူထုလှုပ်ရှားမှုမှာ တက်ကြွစွာပါဝင်ခဲ့လို့ ပရိတ်သတ်တွေက အရမ်းကိုလေးစား ဂုဏ်ယူခဲ့ကြတာပဲဖြစ်ပါတယ်.။မအူဝဲဟာဆိုရင် လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅(က)နဲ့တရားစွဲဆိုခဲ့ပြီး သိပ်မကြာခင်ရက်ပိုင်းလောက်က သူမရဲ့နေအိမ်မှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာပဲဖြစ်ပါတယ်။

သူမကို ချစ်ခင်ကြတဲ့ တစ်နိုင်ငံလုံးက ပရိသတ်များနဲ့ အနုပညာလောက မှ ညီအစ်ကို မောင်နှမများ ကလည်း အူဝဲရဲ့ သတင်း ကို ကြားကြားချင်း စိတ်မကောင်း ဖြစ်ခဲ့ကြတာပါ။ မနက်ဖြန်ဆိုရင် အူဝဲရဲ့ မွေးနေ့ရက်မြတ်ဖြစ်ပါတယ်။ သူမကိုချစ်ကြသူများမှ ဒီနေ့ကတည်းကနေ အကြိုမွေးနေ့ဆုတောင်း ပေးနေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်း လောက်ကလည်း မင်းသမီး ခိုင်သင်းကြည်ရဲ့ Facebook Story တွင် ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ ဖမ်းဆီးခံထား ရတဲ့ အူဝဲအား သတိရနေပြီး မိသားစုတွေ အမြန်ဆုံး ပြန်လည် ဆုံဆည်းဖို့ ဆုတောင်း ပေးနေတာ ဖြစ်ပါတယ်။ သူမကလည်း ” မနက်ဖြန်ဆို မွေးနေ့ရောက်ပြီ အူဝဲရေ..အရမ်း သတိရတယ် ကလေးတွေနဲ့အမြန်ဆုံး ပြန်ဆုံဆည်းနိုင်ပါစေ ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေ အတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေး လိုက်ရပါတယ်နော်။

Source and Photo Crd-Eaindra Kyaw Zin’s and Khine Thin Kyi’s Facebook Page
Credit

About the author

Ms Cele

Leave a Comment