Celebrity

အူေတြအလိပ္လိုက္ တက္ေအာင္ ရယ္ေနရတဲ့ ဝါဆိုမိုးဦးတို႕ရဲ႕ ကစားပြဲေလး

Written by Ms Cele

အူေတြအလိပ္လိုက္ တက္ေအာင္ ရယ္ေနရတဲ့ ဝါဆိုမိုးဦးတို႕ရဲ႕ ကစားပြဲေလး

Stay Home ကာလေတြမွာ အခ်ိန္ၾကာၾကာအတူ ရွိနိုင္တာကေတာ့ မိသားစုဝင္ေတြပါပဲ။ ၿပီးခဲ့တဲ့ လြတ္လပ္ ေရးေန႔မွာ လူစုလူေဝး ျဖစ္တဲ့ေနရာေတြမ သြားဘဲ ကိုယ့္အိမ္က မိသားစုနဲ႔ပဲ ေပ်ာ္စရာကစားနည္းေလးေတြ ဖန္တီးၿပီး ေဆာ့ခဲ့တဲ့ ဝါဆိုမိုးဦးတစ္ေယာက္ သူမတို႔ရဲ့ ေပ်ာ္စရာဗီဒီယိုေလးကို လူမႈကြန္ရက္မွာေဝမၽွခဲ့ပါတယ္။

ကစားတဲ့သူ ေတြေရာ ၾကည့္ရႈသူေတြပါ အေပ်ာ္ေတြကူးစက္သြားရေအာင္ ရယ္စရာေကာင္းတဲ့ ပုံစံေလးေတြနဲ႔ အႀကိတ္အနယ္ ၿပိဳင္ေနခဲ့ၾကတာပါ။ ႏွစ္ေယာက္ တစ္ဖြဲ႕စီ မုန႔္စားၿပိဳင္ၾကသလို ေျခတေပါင္က်ိဳးနဲ႔ အာလူးေကာက္ ကစားနည္းလည္းၿပိဳင္ခဲ့ပါတယ္။ ဖေယာင္းတိုင္ကို မီးမၿငိမ္းေအာင္ ကိုင္ၿပီး လမ္းအျမန္ေလ်ာက္တဲ့ ကစားနည္းလည္းပါဝင္ခဲ့ပါေသးတယ္။

သူမတို ႔မိသားစုရဲ့ ေပ်ာ္စရာအခ်ိန္ေလးေတြကို ” လြတ္လပ္ေရးေန႔ မိသားစုကစားပြဲ ” ဆိုၿပီး တင္ထား တာပဲျဖစ္ပါတယ္။ ေႏြးေထြးၿပီး ေပ်ာ္စရာေကာင္းတဲ့ အခိုက္ အတန႔္ေလးေတြမို႔ ၾကည့္မိသူတိုင္းလည္း ထပ္တူေပ်ာ္ရပါတယ္။ ၿဖိဳးေလး ကလည္း ဝါဆိုတို ႔မိသားစုရဲ့ အေပ်ာ္ေလးေတြမွာ ပါဝင္အားျဖည့္ ခဲ့ပါေသးတယ္။

Credit:Cele Zone

အူတွေအလိပ်လိုက် တက်အောင် ရယ်နေရတဲ့ ဝါဆိုမိုးဦးတို့ရဲ့ ကစားပွဲလေး

Stay Home ကာလတွေမှာ အချိန်ကြာကြာအတူ ရှိနိုင်တာကတော့ မိသားစုဝင်တွေပါပဲ။ ပြီးခဲ့တဲ့ လွတ်လပ် ရေးနေ့မှာ လူစုလူဝေး ဖြစ်တဲ့နေရာတွေမ သွားဘဲ ကိုယ့်အိမ်က မိသားစုနဲ့ပဲ ပျော်စရာကစားနည်းလေးတွေ ဖန်တီးပြီး ဆော့ခဲ့တဲ့ ဝါဆိုမိုးဦးတစ်ယောက် သူမတို့ရဲ့ ပျော်စရာဗီဒီယိုလေးကို လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။

ကစားတဲ့သူ တွေရော ကြည့်ရှုသူတွေပါ အပျော်တွေကူးစက်သွားရအောင် ရယ်စရာကောင်းတဲ့ ပုံစံလေးတွေနဲ့ အကြိတ်အနယ် ပြိုင်နေခဲ့ကြတာပါ။ နှစ်ယောက် တစ်ဖွဲ့စီ မုန့်စားပြိုင်ကြသလို ခြေတပေါင်ကျိုးနဲ့ အာလူးကောက် ကစားနည်းလည်းပြိုင်ခဲ့ပါတယ်။ ဖယောင်းတိုင်ကို မီးမငြိမ်းအောင် ကိုင်ပြီး လမ်းအမြန်လျောက်တဲ့ ကစားနည်းလည်းပါဝင်ခဲ့ပါသေးတယ်။

သူမတို ့မိသားစုရဲ့ ပျော်စရာအချိန်လေးတွေကို ” လွတ်လပ်ရေးနေ့ မိသားစုကစားပွဲ ” ဆိုပြီး တင်ထား တာပဲဖြစ်ပါတယ်။ နွေးထွေးပြီး ပျော်စရာကောင်းတဲ့ အခိုက် အတန့်လေးတွေမို့ ကြည့်မိသူတိုင်းလည်း ထပ်တူပျော်ရပါတယ်။ ဖြိုးလေး ကလည်း ဝါဆိုတို ့မိသားစုရဲ့ အပျော်လေးတွေမှာ ပါဝင်အားဖြည့် ခဲ့ပါသေးတယ်။

Credit:Cele Zone

About the author

Ms Cele

Leave a Comment