Celebrity

အေကာင္းႀကီးကေန အခ်ိန္ခဏေလးအတြင္းမွာ ဘဝတစ္ပါးသို႔ကူးေျပာင္းသြားတဲ့ ဖခင္ႀကီးအတြက္ ယူႀကံဳးမရ ၀မ္းနည္းပူေဆြးေနတဲ့ Oasix

Written by Ms Cele

အေကာင္းႀကီးကေန အခ်ိန္ခဏေလးအတြင္းမွာ ဘဝတစ္ပါးသို႔ကူးေျပာင္းသြားတဲ့ ဖခင္ႀကီးအတြက္ ယူႀကံဳးမရ ၀မ္းနည္းပူေဆြးေနတဲ့ Oasix

လူငယ္ႀကိဳက္ ေတးသံရွင္တစ္ေယာက္ျဖစ္တဲ့ Oasix ကေတာ့ အမိုက္စား သီခ်င္းေတြကို သီဆိုရင္း ေအာင္ျမင္တဲ့ လမ္းေၾကာင္း တစ္ခုေပၚ ေရာက္ရွိခဲ့သူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ Oasix ကေတာ့ လက္ရွိမွာ ဖခင္ႀကီးကို ဆုံးရႈံးသြားခဲ့ရ တာေၾကာင့္ စိတ္ထိခိုက္ ဝမ္းနည္းေနရတာပဲ ျဖစ္ပါတယ္။ ဒီကေန႔ မွာေတာ့ Oasix က မိနစ္ပိုင္းေလာက္ရွိတဲ့ အခ်ိန္ေလးမွာ ကြယ္လြန္သြားတဲ့ ဖခင္ႀကီးအတြက္ ယူႀကဳံးမရျဖစ္ ေနတာကို အခုလိုပဲ ေတြ႕ရပါတယ္။

“ေဖေဖက ေလျဖတ္တာ ၁၄ ႏွစ္ေက်ာ္ ရွိပါၿပီ။ စကားမေျပာႏိုင္ ကိုယ္လက္ တျခမ္း မလႈ ပ္ႏိုင္ပါဘူး။ ၂၀၁၉ ကြၽန္ေတာ္ အိမ္မွာ ျပန္ေနၿပီး ေနာက္ပိုင္း ကြၽန္ေတာ္တို႔ မိသားစုေလး ဟာ အရင္ကထက္ ပိုေပ်ာ္စရာေကာင္းခဲ့ ပါတယ္။ လူေတြက ေမးၾကတယ္ ေဖေဖပုံ ဘာလို႔ မတင္လဲဆိုေတာ့ ေဖေဖကို တခုခုျဖစ္မွာစိတ္ပူၿပီး ခ်စ္လို႔ပါ။ ေဖေဖက သူ႔ေျမးေတြဆို ေန႔တိုင္း ခိုးၿပီး မုန႔္ဖို႔းေပးေနက်။ အိမ္မွာ လွ်ပ္စစ္ပစၥည္း/ ေရပိုက္ / စက္ပစၥည္း တစ္ခုခုပ်က္ၿပီဆိုရင္ ရေအာင္ျပင္ေနက် အိမ္က လူေတြ ညဆို ျပန္မလာေသးရင္ အၿမဲစိတ္ပူတတ္တဲ့ ေဖေဖ ”

“၉ တန္းေလာက္ထဲက ေဖေဖ က်န္းမာေရး ေၾကာင့္ အခုထိ ခရီးအေဝး တခါမွ အတူတူ မသြားဖူးခဲ့ဘူး။ သူ႔သားေတြကို ခ်စ္ေၾကာင္း ထုတ္ေဖာ္ မျပသေပမဲ့ အနီးကပ္ ေနေတာ့ ခ်စ္တယ္ဆိုတာ ပိုသိခဲ့ရပါတယ္။ ကြၽန္ေတာ္တို႔ မိသားစုေလးဟာ အရမ္း ပိုက္ဆံမရွိေပမဲ့ စည္းစည္း လုံးလုံးနဲ႔ ေပ်ာ္စရာ ေကာင္းတဲ့ မိသားစုေလးပါလားလို႔ ေတြးေတြးၿပီး တန္ဖိုးပိုထား လာခဲ့ရပါတယ္။ ဒါေပမဲ့ဒီေန႔ ၈.၁၁.၂၀၂၀ ေန႔လည္ ၁၂:၃၀ ေလာက္မွာ ေဖေဖ ႐ုတ္တရက္ ကြၽန္ေတာ္တို႔ မိသားစုေလး ထဲကေန အၿပီးပိုင္ ထြက္ခြါသြားခဲ့ပါၿပီ။ ဒီရက္ပိုင္း ေဖေဖက က်န္းက်န္းမာမာရွိၿပီး ဘယ္သူမွလည္း ဒီလိုျဖစ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ မထားၾကေတာ့ သားတို႔မိသားစုအတြက္ ပို ဝမ္းနည္းရပါတယ္။ ေဖေဖ ေကာင္းရာမြန္ရာမွာ အနားယူပါ။ ေဖေဖကို အရမ္းခ်စ္ပါတယ္”

“ရပ္ကြက္ထဲက လူတခ်ိဳ႕က မေန႔က ထိ ၃ ဘီးဆိုင္ကယ္ေလးနဲ႔ ရပ္ကြက္ထဲ ပတ္စီးေနတာ ေတြ႕လိုက္တယ္။ တခ်ိဳ႕က မနက္ကထိ ရပ္ကြက္ထဲမွာ လမ္းေလွ်ာက္တာ ေတြ႕လိုက္တယ္။ အိမ္ေရွ႕မွာ မဲေပးတာေတြ ခုံေလးနဲ႔ ထိုင္ၾကည့္ေနတာေတာင္ ေတြ႕လိုက္ေသးတယ္ ေျပာၾကတယ္။ သားကိုယ္တိုင္ လည္း ညက ေဖေဖ ေဘစင္ Sticker ကပ္ေန တာေတာင္ ညႀကီးမို႔ မနက္္မွ လုပ္ပါ ေဖေဖကလဲလို႔ ေျပာေသး တယ္ေလ။ အၿမဲ ေန႔လည္ ၁:၀၀ ေလာက္မွ ႏိုးတဲ့သားက ဒီေန႔ မဲေပးဖို႔ ဆိုၿပီး ထူးထူးဆန္းဆန္း မနက္ ၉ နာရီမွာ ႏိုးတယ္ေလ။ ေဖေဖ ဒီေန႔မွ ေနလို႔ သိပ္မေကာင္းလို႔ ေဆးေသာက္ ခဏ လွဲေနရင္း TV ၾကည့္ခ်င္တယ္ဆိုလို႔ သားTV လိုင္းေတာင္ေျပာင္းေပးေသး တယ္ေလ။ သားအိမ္ေပၚ ခဏျပန္တက္သြားတဲ့ အခ်ိန္မွာ ႐ုတ္တရက္ႀကီး လက္မခံခ်င္ဘူး။ သတိရတယ္ ေေဖဖရယ္” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝေပးလာပါတယ္။

Oasix ကေတာ့ ရုတ္တရက္ၾကီး ျဖစ္ပ်က္သြားတဲ့ ဖခင္ျဖစ္သူရဲ့ ေနာက္ဆံုး အခ်ိန္ေလးကို ယူၾကံဳးမရျဖစ္ေနတာပဲ ျဖစ္ပါတယ္။ Oasix ရဲ့ သြားေလသူ ဖခင္ၾကီးလည္း ေကာင္းရာဘံုဘဝမွာ ေအးခ်မ္းစြာ အနားယူနိုင္ပါေစလို့ ဆုေတာင္းေပးလုိက္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

အကောင်းကြီးကနေ အချိန်ခဏလေးအတွင်းမှာ ဘဝတစ်ပါးသို့ကူးပြောင်းသွားတဲ့ ဖခင်ကြီးအတွက် ယူကြုံးမရ ဝမ်းနည်းပူဆွေးနေတဲ့ Oasix

လူငယ်ကြိုက် တေးသံရှင်တစ်ယောက်ဖြစ်တဲ့ Oasix ကတော့ အမိုက်စား သီချင်းတွေကို သီဆိုရင်း အောင်မြင်တဲ့ လမ်းကြောင်း တစ်ခုပေါ် ရောက်ရှိခဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ Oasix ကတော့ လက်ရှိမှာ ဖခင်ကြီးကို ဆုံးရှုံးသွားခဲ့ရ တာကြောင့် စိတ်ထိခိုက် ဝမ်းနည်းနေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ မှာတော့ Oasix က မိနစ်ပိုင်းလောက်ရှိတဲ့ အချိန်လေးမှာ ကွယ်လွန်သွားတဲ့ ဖခင်ကြီးအတွက် ယူကြုံးမရဖြစ် နေတာကို အခုလိုပဲ တွေ့ရပါတယ်။

“ဖေဖေက လေဖြတ်တာ ၁၄ နှစ်ကျော် ရှိပါပြီ။ စကားမပြောနိုင် ကိုယ်လက် တခြမ်း မလှု ပ်နိုင်ပါဘူး။ ၂၀၁၉ ကျွန်တော် အိမ်မှာ ပြန်နေပြီး နောက်ပိုင်း ကျွန်တော်တို့ မိသားစုလေး ဟာ အရင်ကထက် ပိုပျော်စရာကောင်းခဲ့ ပါတယ်။ လူတွေက မေးကြတယ် ဖေဖေပုံ ဘာလို့ မတင်လဲဆိုတော့ ဖေဖေကို တခုခုဖြစ်မှာစိတ်ပူပြီး ချစ်လို့ပါ။ ဖေဖေက သူ့မြေးတွေဆို နေ့တိုင်း ခိုးပြီး မုန့်ဖို့းပေးနေကျ။ အိမ်မှာ လျှပ်စစ်ပစ္စည်း/ ရေပိုက် / စက်ပစ္စည်း တစ်ခုခုပျက်ပြီဆိုရင် ရအောင်ပြင်နေကျ အိမ်က လူတွေ ညဆို ပြန်မလာသေးရင် အမြဲစိတ်ပူတတ်တဲ့ ဖေဖေ ”

“၉ တန်းလောက်ထဲက ဖေဖေ ကျန်းမာရေး ကြောင့် အခုထိ ခရီးအဝေး တခါမှ အတူတူ မသွားဖူးခဲ့ဘူး။ သူ့သားတွေကို ချစ်ကြောင်း ထုတ်ဖော် မပြသပေမဲ့ အနီးကပ် နေတော့ ချစ်တယ်ဆိုတာ ပိုသိခဲ့ရပါတယ်။ ကျွန်တော်တို့ မိသားစုလေးဟာ အရမ်း ပိုက်ဆံမရှိပေမဲ့ စည်းစည်း လုံးလုံးနဲ့ ပျော်စရာ ကောင်းတဲ့ မိသားစုလေးပါလားလို့ တွေးတွေးပြီး တန်ဖိုးပိုထား လာခဲ့ရပါတယ်။ ဒါပေမဲ့ဒီနေ့ ၈.၁၁.၂၀၂၀ နေ့လည် ၁၂:၃၀ လောက်မှာ ဖေဖေ ရုတ်တရက် ကျွန်တော်တို့ မိသားစုလေး ထဲကနေ အပြီးပိုင် ထွက်ခွါသွားခဲ့ပါပြီ။ ဒီရက်ပိုင်း ဖေဖေက ကျန်းကျန်းမာမာရှိပြီး ဘယ်သူမှလည်း ဒီလိုဖြစ်လိမ့်မယ်လို့ မျှော်လင့် မထားကြတော့ သားတို့မိသားစုအတွက် ပို ဝမ်းနည်းရပါတယ်။ ဖေဖေ ကောင်းရာမွန်ရာမှာ အနားယူပါ။ ဖေဖေကို အရမ်းချစ်ပါတယ်”

“ရပ်ကွက်ထဲက လူတချို့က မနေ့က ထိ ၃ ဘီးဆိုင်ကယ်လေးနဲ့ ရပ်ကွက်ထဲ ပတ်စီးနေတာ တွေ့လိုက်တယ်။ တချို့က မနက်ကထိ ရပ်ကွက်ထဲမှာ လမ်းလျှောက်တာ တွေ့လိုက်တယ်။ အိမ်ရှေ့မှာ မဲပေးတာတွေ ခုံလေးနဲ့ ထိုင်ကြည့်နေတာတောင် တွေ့လိုက်သေးတယ် ပြောကြတယ်။ သားကိုယ်တိုင် လည်း ညက ဖေဖေ ဘေစင် Sticker ကပ်နေ တာတောင် ညကြီးမို့ မနက််မှ လုပ်ပါ ဖေဖေကလဲလို့ ပြောသေး တယ်လေ။ အမြဲ နေ့လည် ၁:၀၀ လောက်မှ နိုးတဲ့သားက ဒီနေ့ မဲပေးဖို့ ဆိုပြီး ထူးထူးဆန်းဆန်း မနက် ၉ နာရီမှာ နိုးတယ်လေ။ ဖေဖေ ဒီနေ့မှ နေလို့ သိပ်မကောင်းလို့ ဆေးသောက် ခဏ လှဲနေရင်း TV ကြည့်ချင်တယ်ဆိုလို့ သားTV လိုင်းတောင်ပြောင်းပေးသေး တယ်လေ။ သားအိမ်ပေါ် ခဏပြန်တက်သွားတဲ့ အချိန်မှာ ရုတ်တရက်ကြီး လက်မခံချင်ဘူး။ သတိရတယ် ေဖေဖရယ်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။

Oasix ကတော့ ရုတ်တရက်ကြီး ဖြစ်ပျက်သွားတဲ့ ဖခင်ဖြစ်သူရဲ့ နောက်ဆုံး အချိန်လေးကို ယူကြုံးမရဖြစ်နေတာပဲ ဖြစ်ပါတယ်။ Oasix ရဲ့ သွားလေသူ ဖခင်ကြီးလည်း ကောင်းရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

About the author

Ms Cele

Leave a Comment