Celebrity


Written by Ms Cele






အခွေသစ် ရောင်းအား တက်ဖို့ထက် ပရိသတ် တွေရဲ့ ကျန်းမာရေး က ပိုအရေးကြီးတယ် ဆိုတဲ့ X-Box

ဒီဘက်ခေတ်လူငယ်တွေရဲ့ကြားမှာ ရေပန်းစားနေတဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ X-box ဟာ underground လောကမှာ ကျင်လည်ကြိုးစားခဲ့ပြီး အခုလို mainstream ပေါ်အထိ အောင်မြင်လာသူတစ်ဦးဖြစ်ပါတယ်။ X-box ဟာ Lil’Z, ရွှေထူး, ထက်ယံတို့နဲ့ အတူတူ 4 ဆိုတဲ့ Album မှာကတည်းက အောင်မြင်မှုများစွာ ရရှိခဲ့ပြီး X-box in 9, 99 စတဲ့ Album တွေအပြင် Single Album တွေများစွာလဲ ထွက်ရှိထား ပါတယ်။ X-box က သူ့ရဲ့ ခင်မင်ရင်းနှီးတဲ့ အဆိုတော်တွေရဲ့ သီချင်းတွေမှာလည်း ပါဝင်သီဆိုပေးနေရင်း ဂီတလှုပ်ရှားမှု တွေကို ဆက်တိုက် လုပ်ကိုင်နေလျက်ရှိပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၄) ရက်နေ့ကလည်း Future ဆိုတဲ့ အယ်လ်ဘမ်သစ်ကို ထွက်ရှိထားတာပဲ ဖြစ်ပါတယ်။ X-box က သူ့ရဲ့ အယ်လ်ဘမ်သစ်ကို တစ်နိုင်ငံလုံး တစ်ပြိုင် တည်းဖြန့်ချီခဲ့ပေမယ့် မန္တလေးမြို့မှာတော့ ကျန်းမာရေး စီမံချက်တွေကြောင့် ပရိသတ်တွေ လက်ထဲ ထည့်မပေးနိုင်တဲ့အပေါ် “အခွေထက် ကျန်းမာရေးက ပိုအရေးကြီးတဲ့အတွက် မန္တလေးတိုင်းမှ ပြည်သူားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာပါစေခင်ဗျာ” ဆိုပြီး ပြောလာပါတယ်။

X-box ကတော့ သူ့ရဲ့ အခွေသစ် ရောင်းအားတက် ဖို့ထက် ပရိသတ်တွေရဲ့ ကျန်းမာရေးကို ပိုမိုအလေးပေး စဉ်းစားပေးခဲ့တာ တကယ့်ကို ချစ်စဖွယ်လုပ်ရပ်ပါပဲ။ ပရိသတ်ကြီးလည်း X-box ရဲ့ Future အယ်လ်ဘမ်သစ်လေးကို ဝယ်ယူအားပေးဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment