Celebrity

အေဖကို သီခ်င္းေရး ခိုင္းျပီး ခ်က္ခ်င္း အသံသြင္း ခိုင္းတဲ့ သမီးငယ္ေလးရဲ႕ ပထမဦးဆံုး သီခ်င္းကို ခ်ျပလာတဲ့ က်ားေပါက္

Written by Ms Cele

အေဖကို သီခ်င္းေရး ခိုင္းျပီး ခ်က္ခ်င္း အသံသြင္း ခိုင္းတဲ့ သမီးငယ္ေလးရဲ႕ ပထမဦးဆံုး သီခ်င္းကို ခ်ျပလာတဲ့ က်ားေပါက္

အဆိုေတာ္ၾကီး ရင္ဂိုရဲ့သားျဖစ္သူ အဆိုေတာ္ ဟန္ထူးလြင္ ကေတာ့ (၁၃) နွစ္အရြယ္ေလာက္ကတည္းက သီခ်င္းေတြကို ကိုယ္တုိင္ေရးျပီး သီဆိုခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ဟန္ထူးလြင္က အခုဆိုရင္ အသက္အရြယ္တစ္ခုကို ေရာက္ရိွေနျပီျဖစ္ျပီး သူဝါသနာပါျမတ္နိုးတဲ့ ဂီတဖန္တီးမႈအလုပ္ေတြကို တစိုက္မတ္မတ္လုပ္ကိုင္ေနသလို ပန္းခ်ီဆြဲျခင္း၊ စာေရးျခင္းစတဲ့ ဝါသနာေတြကိုလည္း လုပ္ကိုင္ေနရင္း ဘဝကို ရိုးရွင္းစြာ ျဖတ္သန္းေနသူတစ္ေယာက္ ျဖစ္ပါတယ္။

ဟန္ထူးလြင္ကေတာ့ အိမ္ေထာင္ကြဲ တစ္ေယာက္ျဖစ္ေပမယ့္ သူ့ရဲ့ သမီးေလးေတြနဲ့ အျမဲတမ္း အဆက္အသြယ္ မျပတ္ရိွျပီး သမီးေလးေတြ အတြက္လည္း အခ်ိန္အျမဲတမ္းေပးသူ တစ္ေယာက္ ျဖစ္ပါတယ္။ ဒီကေန့ မွာေတာ့ ဟန္ထူးလြင္က အေဖကို သီခ်င္းေရးခိုင္းျပီး ခ်က္ခ်င္းအသံသြင္း ခိုင္းတဲ့ သမီးငယ္ဆြိခ်ိဳရဲ့ ပထမဦးဆံုး သီခ်င္းကို “Sweet sweet ရဲ႕ first ever single “in da house” အေဖကို သူဆိုခ်င္တဲ့ စာလုံးေတြေပးၿပီး သီခ်င္းေရးခိုင္း၊ အသံဖမ္းခိုင္း၊ ခ်က္ခ်င္း mix လုပ္ခိုင္း အခု iTunes ေပၚတင္ေပးပါဆိုလို႔ မနဲတားရတယ္ 😅” ဆိုျပီး သမီးေလးရဲ့ သီခ်င္းေလးကို ခ်ျပလာပါတယ္။

ဟန္ထူးလြင္ရဲ့ သမီးေလး ဆြိခ်ိဳကေတာ့ အသက္ဆယ္နွစ္ေတာင္ မျပည့္ေသးတဲ့ ကေလးေလး ဆိုေပမယ့္ အေဖ၊ အေဒၚနဲ့ အဖိုးတို့ကိုၾကည့္ျပီး ဂီတကို ဝါသနာပါခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ပရိသတ္ၾကီး လည္း ဆြိခ်ိဳေလးရဲ့ “in da house” သီခ်င္းေလးကို နားဆင္ၾကည့္ၾက ပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

အဖေကို သီချင်းရေး ခိုင်းပြီး ချက်ချင်း အသံသွင်း ခိုင်းတဲ့ သမီးငယ်လေးရဲ့ ပထမဦးဆုံး သီချင်းကို ချပြလာတဲ့ ကျားပေါက်

အဆိုတော်ကြီး ရင်ဂိုရဲ့သားဖြစ်သူ အဆိုတော် ဟန်ထူးလွင် ကတော့ (၁၃) နှစ်အရွယ်လောက်ကတည်းက သီချင်းတွေကို ကိုယ်တိုင်ရေးပြီး သီဆိုခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဟန်ထူးလွင်က အခုဆိုရင် အသက်အရွယ်တစ်ခုကို ရောက်ရှိနေပြီဖြစ်ပြီး သူဝါသနာပါမြတ်နိုးတဲ့ ဂီတဖန်တီးမှုအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်နေသလို ပန်းချီဆွဲခြင်း၊ စာရေးခြင်းစတဲ့ ဝါသနာတွေကိုလည်း လုပ်ကိုင်နေရင်း ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေသူတစ်ယောက် ဖြစ်ပါတယ်။

ဟန်ထူးလွင်ကတော့ အိမ်ထောင်ကွဲ တစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ သမီးလေးတွေနဲ့ အမြဲတမ်း အဆက်အသွယ် မပြတ်ရှိပြီး သမီးလေးတွေ အတွက်လည်း အချိန်အမြဲတမ်းပေးသူ တစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့ မှာတော့ ဟန်ထူးလွင်က အဖေကို သီချင်းရေးခိုင်းပြီး ချက်ချင်းအသံသွင်း ခိုင်းတဲ့ သမီးငယ်ဆွိချိုရဲ့ ပထမဦးဆုံး သီချင်းကို “Sweet sweet ရဲ့ first ever single “in da house” အဖေကို သူဆိုချင်တဲ့ စာလုံးတွေပေးပြီး သီချင်းရေးခိုင်း၊ အသံဖမ်းခိုင်း၊ ချက်ချင်း mix လုပ်ခိုင်း အခု iTunes ပေါ်တင်ပေးပါဆိုလို့ မနဲတားရတယ် 😅” ဆိုပြီး သမီးလေးရဲ့ သီချင်းလေးကို ချပြလာပါတယ်။

ဟန်ထူးလွင်ရဲ့ သမီးလေး ဆွိချိုကတော့ အသက်ဆယ်နှစ်တောင် မပြည့်သေးတဲ့ ကလေးလေး ဆိုပေမယ့် အဖေ၊ အဒေါ်နဲ့ အဖိုးတို့ကိုကြည့်ပြီး ဂီတကို ဝါသနာပါခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း ဆွိချိုလေးရဲ့ “in da house” သီချင်းလေးကို နားဆင်ကြည့်ကြ ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment