Celebrity


Written by Ms Cele






အဖေဘက်ကနေ စစ်ကူလိုက်ပြီး မင်္ဂလာ နှစ်ပတ်လည်နေ့မှာ စိတ်ကောက်နေတဲ့ မေမေကို Surprise လုပ်ခဲ့တဲ့ ချမ်းမြေ့မောင်ချိုရဲ့ ဗီဒီယို

စတူဒီယို အဆိုတော် အိအိရဲ့ သမီးငယ် ဖြစ်သူ ချမ်းမြေ့မောင်ချိုကတော့ အမေဖြစ်သူ ရဲ့ ကျော်ကြားမှု ကို မသုံးပဲနဲ့ ကိုယ့်နည်း ကိုယ့်ဟန် ကိုယ့်ကြိုးစားမှုပုံစံနဲ့သာ အနုပညာလောက ထဲကို ဝင်ရောက် လာခဲ့သူ ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချို ကတော့ အခုဆိုရင် တစ်နိုင်ငံလုံး သိတဲ့ နိုင်ငံကျော် အဆိုတော်ကြီးဖြစ်လို့ နေပြီဖြစ်ပြီး အောင်မြင်နေပြီပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ ချမ်းမြေ့မောင်ချိုကတော့ သူမရဲ့ ဘဝကို အရိုးရှင်းဆုံးသာဖြတ်သန်းနေပြီး မိသားစုအတွက်သာ အချိန်တွေတော်တော်များများကို ပုံအောပေးအပ်ထားတာ ဖြစ်ပါတယ်။

မနေ့က နိုဝင်ဘာလ (၂၄) ရက်နေ့ ကတော့ မောင်ချို့ မိဘနှစ်ပါးရဲ့ မင်္ဂလာ သက်တမ်း (၂၅) နှစ်ပြည့်တဲ့ နေ့လေးပဲ ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချို ကတော့ ဖေဖေနဲ့ မေမေရဲ့ Anniversary နေ့လေးမှာ စိတ်ကောက် နေတဲ့ မေမေအိအိကို ဖေဖေ့ဘက်ကနေ စစ်ကူ လိုက်ပြီး Surprise လုပ်ခဲ့တာကို အခုလိုပဲ တွေ့ ရပါတယ်။

ချမ်းမြေ့မောင်ချို ကတော့ သဘောင်္ပေါ်က ပြန်ဆင်း လာပြီး မြန်မာပြည်ခဏပြန် ရောက်နေတဲ့ ဖေဖေနဲ့ စိတ်ကောက် တတ်တဲ့ မေမေတို့ ခဏလေးဆုံ ရချိန်မှာ ကြည်နူးစရာ အခိုက်အတံ့တွေ ပိုင်ဆိုင်နိုင်ဖို့ အောင်သွယ်တော် မြှားနတ်မောင်လေး ပြုလုပ်ခဲ့ တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment