Celebrity

အေဖ့ကိုခ်စ္တဲ့ စိတ္နဲ႕ပုံမွန္ မျဖစ္ေသးတဲ့ ဦးေႏွာက္ထဲမွာ စြဲလန္းေနတဲ့ သမီးေလးကိုၾကည့္ၿပီး စိတ္မေကာင္း ျဖစ္ေနတဲ့ မင္းညီ

Written by Ms Cele

အေဖ့ကိုခ်စ္တဲ့ စိတ္နဲ႕ပုံမွန္ မျဖစ္ေသးတဲ့ ဦးေႏွာက္ထဲမွာ စြဲလန္းေနတဲ့ သမီးေလးကိုၾကည့္ၿပီး စိတ္မေကာင္း ျဖစ္ေနတဲ့ မင္းညီ

သ႐ုပ္ေဆာင္၊ ဒါ႐ိုက္တာမင္းညီ ကေတာ့ အႏုပညာ အလုပ္ေတြကို ႀကိဳးစားၿပီး လုပ္ကိုင္ေနသလို သူ႔ရဲ႕ မိသားစုေလးကိုလည္း သာယာေပ်ာ္႐ႊင္ဖြယ္ ျဖစ္ေအာင္ တည္ေဆာက္ထားတာ ျဖစ္ပါတယ္။ မင္းညီက သူ႔ရဲ႕ ပါရမီျဖည့္ဖက္ ဇနီးေလးနဲ႔အတူတူ သမီးႏွစ္ေယာက္၊ သားတစ္ေယာက္ ကို ေမြးဖြား ပိုင္ဆိုင္ထားၿပီး သူ႔ရဲ႕ မိသားစုေလး ကို ပရိသတ္ေတြနဲ႔ မိတ္ဆက္ ေပးၿပီးသား ျဖစ္ပါတယ္။ တစ္ေယာက္ကို တစ္ေယာက္ ပြင့္ပြင့္လင္းလင္းနဲ႔ ဂ႐ုတစိုက္ရွိတဲ့ မင္းညီတို႔ မိသားစုေလးက ပရိသတ္ေတြ ခ်စ္ခင္အားက်ရတဲ့ မိသားစုေလးပါပဲ။

မင္းညီရဲ႕ သမီး အလတ္ေလး မႈံေ႐ႊရည္သန႔္ ကေတာ့ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက ေနအိမ္ မ်က္ႏွာက်က္ ကေန ျပဳတ္က်ခဲ့တာေၾကာင့္ ဦးေႏွာက္လႈပ္ သြားခဲ့ၿပီး ေဆးကုသမႈခံ ယူေနရတာပဲ ျဖစ္ပါတယ္။ သမီးေလးကို အနီးကပ္ျပဳစု ေစာင့္ေရွာက္ ေပးေနတဲ့ မင္းညီက အေဖ့ကိုခ်စ္တဲ့စိတ္နဲ႔ စြဲလန္းေနတဲ့ သမီးေလးကိုၾကည့္ၿပီး စိတ္မေကာင္းျဖစ္ရေၾကာင္းကို

” ေဖေဖ့လက္ေလးကို ကိုင္ထားခ်င္တာ… တဲ့… အေဖအလုပ္လုပ္တဲ့ေဘး….ေနခ်င္လို႔… ပုံမွန္မျဖစ္ေသးတဲ့ ဦးေႏွာက္ထဲမွာ… အေဖ့ကို ခ်စ္တဲ့စိတ္ အျပည့္နဲ႔… စြဲလန္းေနတဲ့သမီးေလး…. အျမန္… ပုံမွန္.. ျပန္ျဖစ္ေစခ်င္မိတယ္….” ဆိုၿပီး သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ မွ်ေဝေပးထားပါတယ္။

မင္းညီရဲ႕ သမီးအလတ္မေလး ကေတာ့ ႀကီးႀကီးမားမား ဒဏ္ရာမရရွိ ေပမယ့္ ဦးေႏွာက္ လႈပ္သြားတဲ့ အရွိန္ေၾကာင့္ ဘာစားစားအန္ၿပီး ေနထိုင္မေကာင္း ျဖစ္ေနတာကို ေတြ႕ရပါတယ္။ ပရိသတ္ ႀကီးလည္း မင္းညီရဲ႕ သမီးေလး အျမန္ဆုံးေနေကာင္း သက္သာဖို႔ ဆုေတာင္းေပး ၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို ႔ဆုေတာင္းေပး လိုက္ပါတယ္။

Crd:San Kyi Par

အဖေ့ကိုချစ်တဲ့ စိတ်နဲ့ပုံမှန် မဖြစ်သေးတဲ့ ဦးနှောက်ထဲမှာ စွဲလန်းနေတဲ့ သမီးလေးကိုကြည့်ပြီး စိတ်မကောင်း ဖြစ်နေတဲ့ မင်းညီ

သရုပ်ဆောင်၊ ဒါရိုက်တာမင်းညီ ကတော့ အနုပညာ အလုပ်တွေကို ကြိုးစားပြီး လုပ်ကိုင်နေသလို သူ့ရဲ့ မိသားစုလေးကိုလည်း သာယာပျော်ရွှင်ဖွယ် ဖြစ်အောင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ မင်းညီက သူ့ရဲ့ ပါရမီဖြည့်ဖက် ဇနီးလေးနဲ့အတူတူ သမီးနှစ်ယောက်၊ သားတစ်ယောက် ကို မွေးဖွား ပိုင်ဆိုင်ထားပြီး သူ့ရဲ့ မိသားစုလေး ကို ပရိသတ်တွေနဲ့ မိတ်ဆက် ပေးပြီးသား ဖြစ်ပါတယ်။ တစ်ယောက်ကို တစ်ယောက် ပွင့်ပွင့်လင်းလင်းနဲ့ ဂရုတစိုက်ရှိတဲ့ မင်းညီတို့ မိသားစုလေးက ပရိသတ်တွေ ချစ်ခင်အားကျရတဲ့ မိသားစုလေးပါပဲ။

မင်းညီရဲ့ သမီး အလတ်လေး မှုံရွှေရည်သန့် ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက နေအိမ် မျက်နှာကျက် ကနေ ပြုတ်ကျခဲ့တာကြောင့် ဦးနှောက်လှုပ် သွားခဲ့ပြီး ဆေးကုသမှုခံ ယူနေရတာပဲ ဖြစ်ပါတယ်။ သမီးလေးကို အနီးကပ်ပြုစု စောင့်ရှောက် ပေးနေတဲ့ မင်းညီက အဖေ့ကိုချစ်တဲ့စိတ်နဲ့ စွဲလန်းနေတဲ့ သမီးလေးကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရကြောင်းကို

” ဖေဖေ့လက်လေးကို ကိုင်ထားချင်တာ… တဲ့… အဖေအလုပ်လုပ်တဲ့ဘေး….နေချင်လို့… ပုံမှန်မဖြစ်သေးတဲ့ ဦးနှောက်ထဲမှာ… အဖေ့ကို ချစ်တဲ့စိတ် အပြည့်နဲ့… စွဲလန်းနေတဲ့သမီးလေး…. အမြန်… ပုံမှန်.. ပြန်ဖြစ်စေချင်မိတယ်….” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးထားပါတယ်။

မင်းညီရဲ့ သမီးအလတ်မလေး ကတော့ ကြီးကြီးမားမား ဒဏ်ရာမရရှိ ပေမယ့် ဦးနှောက် လှုပ်သွားတဲ့ အရှိန်ကြောင့် ဘာစားစားအန်ပြီး နေထိုင်မကောင်း ဖြစ်နေတာကို တွေ့ရပါတယ်။ ပရိသတ် ကြီးလည်း မင်းညီရဲ့ သမီးလေး အမြန်ဆုံးနေကောင်း သက်သာဖို့ ဆုတောင်းပေး ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို ့ဆုတောင်းပေး လိုက်ပါတယ်။

Crd:San Kyi Par

About the author

Ms Cele

Leave a Comment