Celebrity


Written by Ms Cele






ဒိုရာကတော့”Dora အရမ်းကြိုက်တဲ့ အက်ခ်ျ ဂျီရန်ဆိုရင် သူ့ကောင်မလေးနဲ့ စေ့စပ်ပြီးသွားပြီ သူ့ကောင်မလေးနဲ့ယူပြီးလို့ ကလေးရပြီးသွားရင် သီချင်းမဆိုတော့ဘူး သူ celebrity မလုပ်တော့ဘူးပေါ့ ကိုယ်ကတော့ သီချင်းမဆိုတော့မှာစိုးလို့ သူ့ကောင်မလေးနဲ့ မယူပါနဲ့ပေါ့ ကိုယ်ကတော့ ပရိသတ်နေရာကလေ အဲဒီ့တော့ အဖေ့ပရိသတ် တွေနေရာကို ကိုယ်ချင်းစာလို့ရပေမယ့်လည်း သမီးနေရာကကြည့်တော့ အဖေ ပိုပျော်နေတာကိုတွေ့တော့ အဖေ့ကိုပိုပြောစေချင်ပါတယ်” လို့ဆိုကာ ဖခင်ကို stress ပိနေတာထက် ပျော်ပျော်နေစေချင်ကြောင်း ပြောပြခဲ့ပါတယ်။



အဖေ့ကို သီချင်း တွေ ဆက်ပြီး မဆိုစေချင် တော့ဘူး လို့ ပြော လာတဲ့ အဆိုတော် အဲလက်စ် ရဲ့ သမီးလေး ဒိုရာ အဲလက်စ်

“မမချစ်လို့မဖြစ်” ” အနာဂါတ်မဲ့” “သီချင်းချစ်သူ” စတဲ့သီချင်းလေး တွေကို ပရိသတ်ပါးစပ်ဖျားကို အရောက်ပို့ခဲ့တဲ့ အဆိုတော် အဲလစ်ကတော့ ပရိသတ်အတွက် အနုပညာမျိုးဆက် ချန်ထားပေးနိုင်သူလို့ဆိုရမှာပါပဲ။

နိုင်ငံခြားမှာပညာသင်ရင်း မြန်မာပြည်ရောက် ချိန်လည်း သီချင်းတွေလုပ်ဖို့ရှိတဲ့ Alex ရဲ့သမီး Dora Alex ကတော့ ဖခင်ဖြစ်သူ ကို သီချင်းမဆိုစေချင်တဲ့ အကြောင်း အခုလိုပဲပြောပြလာပါတယ်။

“အဖေက သူ့အနုပညာကိုအရမ်း ရင်ထဲကလုပ်တယ် အဖေက အနုပညာ ကို Career တခုလို လုပ်တဲ့အခါကျ ပိုပင်ပန်းတယ် လို့ ထင်တယ် ကိုယ့်အဖေမို့ ပြောတာ ဖြစ်နိုင်သလို ဘေးက မြင်တဲ့ လူတယောက်အနေနဲ့ဆိုလည်း အဖေက သီချင်းဆိုတာကို Career တခုလို လုပ်ခဲ့တုန်း ကဆို နေ့တိုင်းနေ့တိုင်းမှာ ဒီနေ့ ဒီချိန်တွေထက် Stress ပိုများတယ် အဖေ့ကို ဒီလိုမြင် ရတာ မခံစားနိုင်ဘူး အဖေ့ကိုကြည့်ပြီး ဒီနေ့ ဒီအချိန် သူငယ်ချင်းတွေ လာပြီးသီချင်းဆိုကြရင် အဖေ အရမ်းပျော်တယ်”

“သူငယ်ချင်းတွေ မလာလည်း ကိုယ်နဲ့အဖေနဲ့တစ်ယောက်တစ်လှည့် သီချင်းဆိုပြနေရော ဖေ့ဘွက် မှာလည်း Friend only Live လေးလွှင့်လိုက်သေးတယ် အဲ့တာဆို သူပျော်တယ် relax ဖြစ်တယ် အဖေပျော်နေတာကို သမီးဖြစ်ချင်တယ်လေ သူသီချင်း ဆိုတာကို career တစ်ခုအနေနဲ့ လုပ်တုန်းကလိုမဟုတ်ဘူး အဲ့ဒီ့တော့မလုပ်စေချင်ဘူး ပရိသတ်နေရာကနေဆိုရင်တော့ သမီးကိုယ်ချင်းစာလို့ရပါတယ် ” လို့ဆိုခဲ့ပါတယ်။

ဒိုရာကတော့”Dora အရမ်းကြိုက်တဲ့ အက်ချ် ဂျီရန်ဆိုရင် သူ့ကောင်မလေးနဲ့ စေ့စပ်ပြီးသွားပြီ သူ့ကောင်မလေးနဲ့ယူပြီးလို့ ကလေးရပြီးသွားရင် သီချင်းမဆိုတော့ဘူး သူ celebrity မလုပ်တော့ဘူးပေါ့ ကိုယ်ကတော့ သီချင်းမဆိုတော့မှာစိုးလို့ သူ့ကောင်မလေးနဲ့ မယူပါနဲ့ပေါ့ ကိုယ်ကတော့ ပရိသတ်နေရာကလေ အဲဒီ့တော့ အဖေ့ပရိသတ် တွေနေရာကို ကိုယ်ချင်းစာလို့ရပေမယ့်လည်း သမီးနေရာကကြည့်တော့ အဖေ ပိုပျော်နေတာကိုတွေ့တော့ အဖေ့ကိုပိုပြောစေချင်ပါတယ်” လို့ဆိုကာ ဖခင်ကို stress ပိနေတာထက် ပျော်ပျော်နေစေချင်ကြောင်း ပြောပြခဲ့ပါတယ်။

ဒိုရာကတော့ အခုလက်ရှိ ဆွဇ်ဇာလန်မှာ ပညာသင်ရင်း ကူးစက်လာတဲ့ ကိုဗစ်ရောဂါပိုးကို စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့တွန်းလှန်နေသူပါ။ ပရိသတ်ကြီလည်း ပျော်ပျော်နေ တတ်တဲ့ ဒိုရာလေး ဒီရောဂါအမြန်ပျောက်ကင်းစေဖို့ ဆုတောင်းပေးကြပါဦးနော်။

Credit:Shwe Yaung Myanmar

About the author

Ms Cele

Leave a Comment