Knowledge

“အေဖ့ အ ေကာင့္ ေလး မီး မ စိမ္း ေတာ့ ပါ “

Written by Ms Cele

“အေဖ့ အ ေကာင့္ ေလး မီး မ စိမ္း ေတာ့ ပါ “

အေဖ Facebook ဆိုတာကို စသုံးေတာ့ ကၽြန္ေတာ့္ အေကာင့္ ကို စၿပီး add တာ။ အေဖ့နာမည္နဲ႔ အေဖ့အေကာင့္ ကိုျမင္ေတာ့ လန႔္သြားတယ္။

ငါ့ေအဖပါလား…..

… အံမယ္ အေဖက အင္တာနက္ ေတာင္သုံးတတ္လို႔၊ ……

အေဖက ကၽြန္ေတာ့ အေကာင့္ ကို add ၿပီး ကၽြန္ေတာ့ ညီမေလး အေကာင့္ ကိုလည္း ရွာၿပီး add တယ္။

သူကေမာင္ႏွမ ႏွစ္ေယာက္စလုံး ဘာေတြတင္ ထားလဲ ဘယ္သူနဲ႔ ဘာေတြေျပာလဲ သိခ်င္ ႐ုံသာ။ ကၽြန္ေတာ္ကေတာ့ အ ေဖ့အေကာင့္ကို လက္ခံၿပီးမွ စဥ္းစားတယ္၊…….ငါေပါက္ကရေတြ ေလ်ာက္တင္လို႔ အေဖျမင္ရင္ အဆူခံရမလားဆိုၿပီး။

…. သူကကၽြန္ေတာ္ အခ်စ္ အေၾကာင္းေတြ ေလ်ာက္ေရး ရင္လဲ ဖတ္တာပဲ။

ၿပီးရင္ အေမ့ကိုျပန္တိုင္ သလိုလိုနဲ႔ မင္းသားေတာ္ေမာင္က ဘာေတြေရးေနတာလဲ ဆိုၿပီး မိဘအေၾကာင္းက် မေရးဘူးဆိုၿပီး ဆူသလိုလိုနဲ႔ ျပန္ေျပာတယ္။

ၾကာေတာ့ မျဖစ္ေသးပါဘူး ငါ့အေကာင့္ထဲ အေဖရွိ ေနရင္ ငါလုပ္ခ်င္သလို လုပ္လို႔ ရမွာ မဟုတ္ဘူးဆိုၿပီး သူမသိေအာင္ ဘေလာ့ လိုက္တယ္။

ကၽြန္ေတာ့အေကာင့္ ကို ရွာမေတြ႕ေတာ့ လာေမးတယ္။

…… မင္းအေကာင့္ရွာမေတြ႕ေတာ့ဘူး ဘယ္ေရာက္သြားလဲတဲ့။

ကၽြန္ေတာ္လဲလိမ္လိုက္တယ္….. သိဘူးေလ ပ်က္သြားတာေနမွာေပါ့လို႔……။

အသက္ႀကီးတဲ့အေဖက မသိရွာဘူး ..ေၾသာ္ ဟုတ္လား ဆိုၿပီး သူ႔အေကာင့္ထဲက သတင္းေတြပဲ ဖၾတ္ပီး ေပ်ာ္ေနရွာတယ္။

မၾကာခင္ သူ႔သားေတာ္ေမာင္က သူ႔ကို ဘေလာ့ထားတယ္ဆိုတာ အိမ္က ညီမေျပာေတာ့မွ အေကာင့္သစ္ကေလးဖြင့္ၿပီး add လို႔မရတဲ့ သား အေကာင့္ကို တိတ္တိတ္ေလး follow လုပ္ထားရွာတယ္။

ဒီလိုနဲ႔ကၽြန္ေတာ္ နိုင္ငံျခားမွာ အလုပ္သြားလုပ္ဖို႔ အေၾကာင္းေပၚလို႔ နိုင္ငံျခားေရာက္ေနခ်ိန္ အေဖ့မွာ ကင္ဆာျဖစ္လာတယ္။

အဆက္အသြယ္မရပဲ သားေတာ္ေမာင္ အေဝးေရာက္ေနခ်ိန္ အေဖကေတာ့ add လို႔မရတဲ့ သားအေကာင့္က ပုံေတြကို ေဆး႐ုံမွာၾကည့္ရင္း အလြမ္းေျဖေနရရွာတယ္။

ပါးစပ္ကလဲ တဖြဖြ ငါ့သားေလးစိတ္ပူေနမယ္ ငါ့ေရာဂါအေၾကာင္း မေျပာပါနဲ႔တဲ့။

သားေတာ္ေမာင္က ပင္လယ္ထဲမွာ သေဘၤာသားဘဝ ဆိုေတာ့ ……

ကမ္းကပ္တဲ့အခ်ိန္ အင္တာနက္သုံးလို ႔ရေတာ့ အိမ္ကလူေတြနဲ႔ အဆက္ အသြယ္လုပ္မွ သိရတယ္။

ေအဖဆံုးၿပီတဲ့။

မေသခင္ ကၽြန္ေတာ့ အေကာင့္မွာ တင္ထား တဲ့ စာေလးေတြ ပုံေလးေတြကို ဖတ္ရင္း ျပဳံးေနရွာတာတဲ့။

အခုကၽြန္ေတာ္ အေဖ့ အေကာင့္ကို လက္ခံလိုက္ၿပီေလ အေဖ။

ကၽြန္ေတာ္ ဘေလာ့ မလုပ္ေတာ့ပါ ဘူးလို႔ အေဖ့ကို ဂတိေတြေပးရင္း ငိုေနမိလည္း….

အေဖ့အေကာင့္ေလးကေတာ့ မီးစိမ္းေတာ့ပါ…..

( ဇူလိုင္ ၃၁ ၂၀၁၆ ေၾကးမုံ သတင္းစာပါ ေအာင္ ဘုန္း ႐ူပေဗဒ ဒဂုံတကၠသိုလ္၏ စာကို ကူးယူ ေဖာ္ျပပါသည္ )

အေဖ့ အေကာင့္ ေလး မီးစိမ္းေနပါေစ။

Credit : Thaw Zay Phyo

ျပန္လည္မၽွေဝေပးပါတယ္

ေလးစားလၽွက္

Martin Swe 31-07-2016

“အဖေ့ အ ကောင့် လေး မီး မ စိမ်း တော့ ပါ “

အဖေ Facebook ဆိုတာကို စသုံးတော့ ကျွန်တော့် အကောင့် ကို စပြီး add တာ။ အဖေ့နာမည်နဲ့ အဖေ့အကောင့် ကိုမြင်တော့ လန့်သွားတယ်။

ငါ့အေဖပါလား…..

… အံမယ် အဖေက အင်တာနက် တောင်သုံးတတ်လို့၊ ……

အဖေက ကျွန်တော့ အကောင့် ကို add ပြီး ကျွန်တော့ ညီမလေး အကောင့် ကိုလည်း ရှာပြီး add တယ်။

သူကမောင်နှမ နှစ်ယောက်စလုံး ဘာတွေတင် ထားလဲ ဘယ်သူနဲ့ ဘာတွေပြောလဲ သိချင် ရုံသာ။ ကျွန်တော်ကတော့ အ ဖေ့အကောင့်ကို လက်ခံပြီးမှ စဉ်းစားတယ်၊…….ငါပေါက်ကရတွေ လျောက်တင်လို့ အဖေမြင်ရင် အဆူခံရမလားဆိုပြီး။

…. သူကကျွန်တော် အချစ် အကြောင်းတွေ လျောက်ရေး ရင်လဲ ဖတ်တာပဲ။

ပြီးရင် အမေ့ကိုပြန်တိုင် သလိုလိုနဲ့ မင်းသားတော်မောင်က ဘာတွေရေးနေတာလဲ ဆိုပြီး မိဘအကြောင်းကျ မရေးဘူးဆိုပြီး ဆူသလိုလိုနဲ့ ပြန်ပြောတယ်။

ကြာတော့ မဖြစ်သေးပါဘူး ငါ့အကောင့်ထဲ အဖေရှိ နေရင် ငါလုပ်ချင်သလို လုပ်လို့ ရမှာ မဟုတ်ဘူးဆိုပြီး သူမသိအောင် ဘလော့ လိုက်တယ်။

ကျွန်တော့အကောင့် ကို ရှာမတွေ့တော့ လာမေးတယ်။

…… မင်းအကောင့်ရှာမတွေ့တော့ဘူး ဘယ်ရောက်သွားလဲတဲ့။

ကျွန်တော်လဲလိမ်လိုက်တယ်….. သိဘူးလေ ပျက်သွားတာနေမှာပေါ့လို့……။

အသက်ကြီးတဲ့အဖေက မသိရှာဘူး ..သြော် ဟုတ်လား ဆိုပြီး သူ့အကောင့်ထဲက သတင်းတွေပဲ ဖတြ်ပီး ပျော်နေရှာတယ်။

မကြာခင် သူ့သားတော်မောင်က သူ့ကို ဘလော့ထားတယ်ဆိုတာ အိမ်က ညီမပြောတော့မှ အကောင့်သစ်ကလေးဖွင့်ပြီး add လို့မရတဲ့ သား အကောင့်ကို တိတ်တိတ်လေး follow လုပ်ထားရှာတယ်။

ဒီလိုနဲ့ကျွန်တော် နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ အကြောင်းပေါ်လို့ နိုင်ငံခြားရောက်နေချိန် အဖေ့မှာ ကင်ဆာဖြစ်လာတယ်။

အဆက်အသွယ်မရပဲ သားတော်မောင် အဝေးရောက်နေချိန် အဖေကတော့ add လို့မရတဲ့ သားအကောင့်က ပုံတွေကို ဆေးရုံမှာကြည့်ရင်း အလွမ်းဖြေနေရရှာတယ်။

ပါးစပ်ကလဲ တဖွဖွ ငါ့သားလေးစိတ်ပူနေမယ် ငါ့ရောဂါအကြောင်း မပြောပါနဲ့တဲ့။

သားတော်မောင်က ပင်လယ်ထဲမှာ သင်္ဘောသားဘဝ ဆိုတော့ ……

ကမ်းကပ်တဲ့အချိန် အင်တာနက်သုံးလို ့ရတော့ အိမ်ကလူတွေနဲ့ အဆက် အသွယ်လုပ်မှ သိရတယ်။

အေဖဆုံးပြီတဲ့။

မသေခင် ကျွန်တော့ အကောင့်မှာ တင်ထား တဲ့ စာလေးတွေ ပုံလေးတွေကို ဖတ်ရင်း ပြုံးနေရှာတာတဲ့။

အခုကျွန်တော် အဖေ့ အကောင့်ကို လက်ခံလိုက်ပြီလေ အဖေ။

ကျွန်တော် ဘလော့ မလုပ်တော့ပါ ဘူးလို့ အဖေ့ကို ဂတိတွေပေးရင်း ငိုနေမိလည်း….

အဖေ့အကောင့်လေးကတော့ မီးစိမ်းတော့ပါ…..

( ဇူလိုင် ၃၁ ၂၀၁၆ ကြေးမုံ သတင်းစာပါ အောင် ဘုန်း ရူပဗေဒ ဒဂုံတက္ကသိုလ်၏ စာကို ကူးယူ ဖော်ပြပါသည် )

အဖေ့ အကောင့် လေး မီးစိမ်းနေပါစေ။

Credit : Thaw Zay Phyo

ပြန်လည်မျှဝေပေးပါတယ်

လေးစားလျှက်

Martin Swe 31-07-2016

About the author

Ms Cele

Leave a Comment