Celebrity
Written by Ms Cele
အဖေဖြစ်သူရဲ့ ပုံတွေကို အလွဲသုံးစားလုပ်ပြီးလိမ်နေတဲ့ ဟက်ကာတွေအကြောင်းကို ပြောပြလာတဲ့ စိုးပြည့်သဇင်
လှပတဲ့ မျက်ခုံး၊ မျက်လုံးလေးတွေနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး စိုးပြည့်သဇင် ကတော့ ဆယ်ကျော်သက် အရွယ်ကတည်းက အနုပညာလောက ထဲကို ဝင်ရောက်လာခဲ့ပြီး အကယ်ဒမီဆုကြီးတစ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိပိုင်ဆိုင် ထားသူတစ်ယောက် ဖြစ်ပါတယ်။ စိုးပြည့်သဇင်က အနေအေးပြီး တည်ငြိမ်သူ တစ်ယောက်ဖြစ်သလို မိဘတွေအပေါ်မှာလည်း အင်မတန်သိတတ်လိမ္မာတဲ့ သမီးလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ စိုးပြည့်သဇင်က သူမ ဖခင်ရဲ့နာမည်နဲ့ ပုံရိပ်ကို အလွဲသုံးစားလုပ်ပြီး ငွေလိမ်တောင်းနေတဲ့ ဟက်ကာအကြောင်းကို သတိပေးလာတာကို အခုလိိုပဲ တွေ့ရပါတယ်။
စိုးပြည့်သဇင်က “စိုးပြည့်အဖေအကောင့် ဟက်ခံရလို့ပါ။ ငွေလည်းလိမ်ပြီးတောင်းနေပါတယ်။ ဖေဖေရဲ့ရင်းနှီးတဲ့ သူငယ်ချင်းမိတ်ဆွေများအားလုံး မယုံကြပါနဲ့နော်။ ဒီအကောင့်ကေ ဖဖေမဟုတ်တော့ပါ။ ဒီအကောင့်ကတင်တဲ့အရာမှန်သမျှဖေဖေ မဟုတ်တော့ပါနော်။ ငွေတွေလွှဲခိုင်းတာ မလွှဲကြပါနဲ့။ စိုးပြည့်ကိုတောင် ပိုက်ဆံလွှဲခိုင်းနေလို့ပါ။ rpထုပေးကြပါနော်..” ဆိုပြီး သတိပေးလာတာပဲ ဖြစ်ပါတယ်ယ။
စိုးပြည့်သဇင် ကတော့ သူမဖခင်ရဲ့ ဖေ့စ်ဘုတ်အကောင့်နဲ့ ပက်သတ်လာပြီး နောက်ဖြစ်လာ နိုင်တဲ့ ပြဿနာတွေကို ကြိုတင်ပြီး သတိပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။
Source: Soe Pyae Thazin’s fb
Credit:Cele Connections
About the author
Ms Cele
Leave a Comment