Celebrity


Written by Ms Cele










အမေကို နောက် အိမ်ထောင် မပြုစေ ချင်တဲ့ သမီးလေး ရဲ့ အကြောင်း ပြောပြ လာတဲ့ သရုပ် ဆောင် မေကဗျာ

ပရိသတ်ကြီးရေ မေကဗျာ ကတော့ ဗီဒီယိုခေတ်ကတည်းက ဇာတ်ကားတွေ အများအပြားမှာ ပါဝင်သရုပ်ဆောင် ခဲ့တဲ့ သူဖြစ်ပါတယ်နော်။အခုချိန်ထိလည်း အနုပညာ အလုပ်တွေကို ဖြည်းဖြည်းမှန်းမှန်လုပ်ဆောင်နေပြီး ရုပ်ရုင်ဇာတ်ကားကြီးတွေနဲ့ဇာတ်လမ်းတွဲ တွေကို ရိုက်ကူးနေတာဖြစ် ပါတယ်။မေကဗျာက အခုလိုကိုဗစ်ကာလ မှာတော့ ရိုက်ကူးရေးတွေလည်း နားထား ရတာဖြစ်လို့ စီးပွားရေးလေးကို တိုးတက်အောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။

မီဒီယာတွေ့ဆုံမှု တစ်ခုမှာတော့ မေကဗျာက သူမကို အိမ်ထောင်မပြုစေ ချင်တဲ့ သမီးလေး ဂင်္ဂါမေရဲ့ အကြောင်းကို ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်

မေကဗျာက “အိမ်ထောင်ပြိုကွဲခဲ့တာ အတွက် နာကျင်ခဲ့ရတာတော့ မရှိပါဘူး ကဗျာကံကောင်းတယ် လို့ပြောရမယ် မချောစုခင် ဆို အရမ်းပြောတယ် သမီးက အရမ်း ကံကောင်းတယ် အမြဲတမ်းဆုံ တိုင်းပြောတယ် သမီးကိုကြည့်လိုက်ရင် သမီးက စိတ်ချမ်းသာ ရတယ် အပူအပင်လည်းမရှိရဘူး ဆိုတော့ သူပြောတာလည်းဟုတ်တာပဲ ကိုယ့်မှာကိုယ့်မျိုးဆက်လေးရှိတယ် အိမ်ထောင်ရေးဒုက္ခလည်းမခံစားရဘူး အခုအခြေအနေလေးက စိတ်ချမ်းသာနေရတယ်

သမီးကကိုယ့်ကိုနားလည်လွန်းတဲ့ ကလေးလေးပါ
ဒီအရွယ်မှ မဟုတ်ဘူး ငယ်ငယ်ကတည်းက မိဘအပေါ်ကော တဖက်သား အပေါ်ကော အရမ်းနားလည်ပေးတယ် အထူးသဖြင့် ကဗျာတို့အပေါ်ကို အရမ်းနားလည်ပေးတယ် မင်းသမီးဖြစ်တာက တကြောင်းရယ် ဘိုကျောင်းတက်တဲ့အခါ ကျတော့ ကိုယ့်ကိုကိုယ်အားကိုးတယ် ကိုယ်လုပ်မှကိုယ်ရမယ်ဆိုတဲ့အသိ သူတို့မှာရှိတယ်

အမေရော ကဗျာရောကလည်း သူဖြစ်ချင်တာကို တတ်နိုင်သလောက် ပံ့ပိုးပေးတယ် သူကတော့အေးအေးဆေးဆေးပဲ နဂိုကတည်းကထူးထူးဆန်းဆန်းလေး ဘိုကျောင်းတက်တဲ့အခါကျတော့ အေးအေးဆေးဆေး ကိုယ့်အားကိုယ်ကိုး နေတတ်သွားတာပေါ့

သူကတော့ ကဗျာ့ကိုနောက်အိမ်ထောင်မပြုစေချင်ဘူး ကိုယ်ကသူနဲ့တူတူ ဆော့နေပြုနေတဲ့ အခါကျတော့ သူကတော့ အိမ်ထောင် မပြုစေချင်ဘူးပေါ့နော် ဒါကတော့ ဘယ်သားသမီးမဆို ကိုယ့်မိဘကိုကတော့ သူတို့နဲ့ပဲတသက်လုံးနေစေချင် တာလေ” လို့ဆိုသွားခဲ့တာဖြစ်ပါတယ်

မေကဗျာက သူမရဲ့ အေးဆေးပြီး ကိုယ့်အား ကိုယ်ကိုး တတ်တဲ့သမီးလေး အကြောင်း ပြောပြလာ ခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး ကိုလည်း ကျေးဇူးတင်ပါတယ်နော်

Credit:Shwe Yaung Myanmar

About the author

Ms Cele

Leave a Comment