Celebrity


Written by Ms Cele





Source: Aung Yin
Credit:Cele World

အမေစုနဲ့ပတ်သက်ပြီး အိပ်မက်တစ်ခုမက်ခဲ့ကြောင်း ပြောပြလာတဲ့ အဆိုတော်အောင်ရင်

အနုပညာလမ်းကြောင်း တစ်လျှောက်မှာ တေးဆိုအောင်ရင် ဆိုရင်တော့ မသိသူ မရှိလောက်အောင် အောင်မြင်မှု တစ်နေရာကို ယူထားနိုင်ခဲ့သူဖြစ်ပါတယ်နော်.. အဆိုတော်‌ အောင်ရင် ကတော့ အနုပညာမျိုးဆက်အဖြစ် သားဖြစ်သူ မိုးအောင်ရင်ကိုလည်း အနုပညာအမွေပေးခဲ့ပြီး ဖြစ်ပါတယ်နော်… ခုလက်ရှိမှာတော့ အဆိုတော်‌ အောင်ရင်တို့ မိသားစုကတော့ ပြည်ပမှနေထိုင်နေကြတယ်လို့လည်း သိရပါတယ် ..

ဒီနေ့လေးမှာတော့ အဆိုတော်အောင်ရင်က ဒေါ်အောင်ဆန်းစုကြည်ကို အိမ်မက်မက်တဲ့ အကြောင်း သူ့ရဲ့ လူမူကွန်ယက်မှာရေးသား ထားပါတယ်။ “ညက အမေစုကိုအိပ်မက်မက်တယ်၊ အမေစုရယ် ကော်နီရယ်ကျနော်ကအိမ်ကိုထမင်းစားဖို့ ခေါ်လာတာတဲ့ အိမ်ရောက်တော့ ဟင်းက တမျိုးထဲဖြစ်နေလို့ ညီထွေးကိုသွားဝယ်ခိုင်းတယ်ဆိုပြီးမက်တယ် ခုဏကပဲ ဒေါ်မိုးကိုပြောပြတော့ အမေစု နေသိပ်မကောင်းဘူး လို့သိရတယ် ။

တရားရုံး သွားတာ ကားကိုဘယ်လိုများ မောင်းလည်း မသိဘူး ခေါင်းမူးလို့ သေချာမထိုင်နိုင်ဘူးတဲ့၊ အဲ့ဒါနဲ့ပဲ ဒီနေ့ တရားရုံးကပြန်သွားရတဲ့ သတင်းဖတ်လိုက်ရတယ်ပြောတယ်၊ အမေစီးလာရတဲ့ကားမောင်း တာကြမ်းလို့ ခေါင်းမူးတယ်ဆိုတော့ အတော်များဖြစ်နေသလား အမေရယ် စိတ်ပူလိုက်တာဗျာ၊ အမေစုကျန်းမာပါစေခင်ဗျာ “လို့ အဆိုတော်အောင်ရင်က လူမူကွန်ယက်မှာ ရေးသားထားပါတယ်။စာဖတ်ပရိသတ်ကြီးနဲ့အတူ ပြည်သူတွေအားလုံးလည်း အမေစုအတွက် ကျန်းမာရေးကောင်းအောင် ဆုတောင်းပေးကြရအောင်နော်..

Source: Aung Yin
Credit:Cele World

About the author

Ms Cele

Leave a Comment