Local News

အေမစု ပထမ ဦးဆုံး စီးနင္း ခဲ့တဲ့ လွည္းယာဥ္ ကို ေလလံတင္ ေရာင္းခ် ေတာ့မည္

Written by Ms Cele

အေမစု ပထမ ဦးဆုံး စီးနင္း ခဲ့တဲ့ လွည္းယာဥ္ ကို ေလလံတင္ ေရာင္းခ် ေတာ့မည္

ေဒၚေအာင္ဆန္းစုၾကည္ သည္ ၁၉၈၈ ခုႏွစ္က ျမင္းၿခံၿမိဳ႕ကို ပထမဆုံးအႀကိမ္ အျဖစ္ လာေရာက္စဥ္မွာ စီးနင္းခဲ့တဲ့ လွည္းယာဥ္ ကို ပိုင္ရွင္ျဖစ္သူက ေလလံတင္ ေရာင္းခ်ဖို႔ စီစဥ္ထား တယ္လို႔ သိရပါတယ္။ေဒၚေအာင္ဆန္းစုၾကည္ စီးနင္းခဲ့တဲ့ လွည္းယာဥ္ကို ေအာက္တိုဘာ (၁၆) ရက္ေန႔မွာ ျပဳလုပ္မယ့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေအာင္နိုင္ေရး ျမင္းၿခံၿမိဳ႕နယ္ ျပည္သူမ်ား ဝန္းရံပြဲမွာျပသၿပီး ေလလံတင္ေရာင္းခ် သြားမွာျဖစ္ေၾကာင္း သိရပါတယ္။“ပိုင္ရွင္ျဖစ္သူက အဲဒါေလးကို ျပည္သူဝန္းရံပြဲမွာ ျပသၿပီးေတာ့ စိတ္ဝင္စားတဲ့သူရွိလာရင္ ေလလံတင္ ေရာင္းခ်င္တာေပ့ါ။

ရလာတဲ့ေငြေၾကးကို ျမင္းၿခံ NLD အေဆာက္အဦး ေဆာက္လုပ္တဲ့ေနရာမွာ အသုံးျပဳခ်င္တယ္ ဆိုၿပီး ကမ္းလွမ္းလာတာရွိပါတယ္“လို႔ ဆိုပါတယ္။လြန္ခဲ့ေသာ ၁၉၈၈ ခုႏွစ္ နိုဝင္ဘာလ (၃) ရက္ေန႔တြင္ေဒၚေအာင္ဆန္းစုၾကည္က ပခုကၠဴ ေရစႀကိဳၿမိဳ႕ကေန စည္း႐ုံးေရးဆင္းၿပီးတဲ့ေနာက္ သေဘၤာနဲ႔ လာၿပီး ျမင္းၿခံဆိပ္ကမ္းကို လာေရာက္စဥ္ အဆိုပါလွည္းယာဥ္ကို စီးနင္းအသုံးျပဳ ခဲ့တာျဖစ္တယ္လို႔ ျမင္းၿခံခရိုင္ NLD-ပါတီနာယက ဦးေဌးဝင္းက ေျပာျပပါတယ္။အဆိုပါ လွည္းယာဥ္ပိုင္ရွင္ ျမင္းၿခံေဒသ ဦးေက်ာ္ျမင့္ဆိုသူက ေဒၚေအာင္ဆန္းစုၾကည္စီးနင္းခဲ့တဲ့

လွည္းယာဥ္ဆိုၿပီး အခုခ်ိန္ထိ သိမ္းဆည္းထား ခဲ့တာျဖစ္တယ္ လို႔လည္း သိရပါတယ္။ “အဲဒီအခ်ိန္တုန္းက လမ္းပန္း ဆက္သြယ္ေရး မေကာင္း ေတာ့ လွည္းယာဥ္နဲ႔ ဆိပ္ကမ္းကို သြားႀကိဳတယ္။အေမစုက အဲဒီလွည္းယာဥ္နဲ႔ ျမင္းၿခံၿမိဳ႕ကိုလာ တာေပါ့ေနာ္။ အဲဒါကို ပိုင္ရွင္ျဖစ္သူက လြန္ခဲ့တဲ့ (၃) ႏွစ္ကတည္းက သူသိမ္းထားပါတယ္ ဆိုၿပီး ေျပာျပထားတာပါ။ ကၽြန္ေတာ္ကလည္း ဒါေလးသိမ္းထားေပး ပါဆိုေတာ့ သူ႔ကိုေသခ်ာေျပာခဲ့တာေပါ့။အခုေတာ့ သူကျပည္သူကို ခ်ျပခ်င္ေတာ့ ဝန္းရံပြဲမွာျပသဖို႔ စီစဥ္တာပါ”လို႔ ဦးေဌးဝင္းက ဆိုပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ စီးနင္းခဲ့တဲ့ လွည္းယာဥ္ ကိုေတာ့ ေအာက္တိုဘာ (၁၆) ရက္ေန႔မွာ က်င္းပမယ့္

အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ေအာင္နိုင္ေရး ဝန္းရံေထာက္ခံပြဲမွာ ျမင္းၿခံၿမိဳ႕နယ္ကို လွည့္ပတ္ျပသသြားမယ္လို႔လည္း သိရပါတယ္။(၃၂) ႏွစ္ၾကာျမင့္ေနၿပီျဖစ္တဲ့ လွည္းယာဥ္ကေတာ့ အခုခ်ိန္မွာေတာ့ ဘီးခ်ိဳ႕ယြင္းခ်က္ေတြေတာ့ ရွိေနတာေၾကာင့္ သြားလို႔ရေအာင္ေတာ့ ဝင္ရိုးေတြျပန္ျပင္ထားၿပီးက်န္တဲ့ အပိုင္းေတြက ေဒၚေအာင္ဆန္းစုၾကည္ အသုံးျပဳခဲ့တဲ့ ပကတိအတိုင္း ရွိေနေသးတယ္ လို႔လည္း ဦးေဌးဝင္းက ဆိုပါတယ္။ေဒၚေအာင္ဆန္းစုၾကည္ဟာ လူထုေခါင္းေဆာင္အျဖစ္ နဲ႔ (၁၉၈၈) ခုႏွစ္မွာတစ္ႀကိမ္၊ (၁၉၉၇) ခုႏွစ္မွာတစ္ႀကိမ္ ျမင္းၿခံၿမိဳ႕ကို လာေရာက္ခဲ့ဖူးတယ္ လို႔လည္း သိရပါတယ္။ခရက္ဒစ္

အမေစု ပထမ ဦးဆုံး စီးနင်း ခဲ့တဲ့ လှည်းယာဉ် ကို လေလံတင် ရောင်းချ တော့မည်

ဒေါ်အောင်ဆန်းစုကြည် သည် ၁၉၈၈ ခုနှစ်က မြင်းခြံမြို့ကို ပထမဆုံးအကြိမ် အဖြစ် လာရောက်စဉ်မှာ စီးနင်းခဲ့တဲ့ လှည်းယာဉ် ကို ပိုင်ရှင်ဖြစ်သူက လေလံတင် ရောင်းချဖို့ စီစဉ်ထား တယ်လို့ သိရပါတယ်။ဒေါ်အောင်ဆန်းစုကြည် စီးနင်းခဲ့တဲ့ လှည်းယာဉ်ကို အောက်တိုဘာ (၁၆) ရက်နေ့မှာ ပြုလုပ်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး မြင်းခြံမြို့နယ် ပြည်သူများ ဝန်းရံပွဲမှာပြသပြီး လေလံတင်ရောင်းချ သွားမှာဖြစ်ကြောင်း သိရပါတယ်။“ပိုင်ရှင်ဖြစ်သူက အဲဒါလေးကို ပြည်သူဝန်းရံပွဲမှာ ပြသပြီးတော့ စိတ်ဝင်စားတဲ့သူရှိလာရင် လေလံတင် ရောင်းချင်တာပေ့ါ။

ရလာတဲ့ငွေကြေးကို မြင်းခြံ NLD အဆောက်အဦး ဆောက်လုပ်တဲ့နေရာမှာ အသုံးပြုချင်တယ် ဆိုပြီး ကမ်းလှမ်းလာတာရှိပါတယ်“လို့ ဆိုပါတယ်။လွန်ခဲ့သော ၁၉၈၈ ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့တွင်ဒေါ်အောင်ဆန်းစုကြည်က ပခုက္ကူ ရေစကြိုမြို့ကနေ စည်းရုံးရေးဆင်းပြီးတဲ့နောက် သင်္ဘောနဲ့ လာပြီး မြင်းခြံဆိပ်ကမ်းကို လာရောက်စဉ် အဆိုပါလှည်းယာဉ်ကို စီးနင်းအသုံးပြု ခဲ့တာဖြစ်တယ်လို့ မြင်းခြံခရိုင် NLD-ပါတီနာယက ဦးဌေးဝင်းက ပြောပြပါတယ်။အဆိုပါ လှည်းယာဉ်ပိုင်ရှင် မြင်းခြံဒေသ ဦးကျော်မြင့်ဆိုသူက ဒေါ်အောင်ဆန်းစုကြည်စီးနင်းခဲ့တဲ့

လှည်းယာဉ်ဆိုပြီး အခုချိန်ထိ သိမ်းဆည်းထား ခဲ့တာဖြစ်တယ် လို့လည်း သိရပါတယ်။ “အဲဒီအချိန်တုန်းက လမ်းပန်း ဆက်သွယ်ရေး မကောင်း တော့ လှည်းယာဉ်နဲ့ ဆိပ်ကမ်းကို သွားကြိုတယ်။အမေစုက အဲဒီလှည်းယာဉ်နဲ့ မြင်းခြံမြို့ကိုလာ တာပေါ့နော်။ အဲဒါကို ပိုင်ရှင်ဖြစ်သူက လွန်ခဲ့တဲ့ (၃) နှစ်ကတည်းက သူသိမ်းထားပါတယ် ဆိုပြီး ပြောပြထားတာပါ။ ကျွန်တော်ကလည်း ဒါလေးသိမ်းထားပေး ပါဆိုတော့ သူ့ကိုသေချာပြောခဲ့တာပေါ့။အခုတော့ သူကပြည်သူကို ချပြချင်တော့ ဝန်းရံပွဲမှာပြသဖို့ စီစဉ်တာပါ”လို့ ဦးဌေးဝင်းက ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် စီးနင်းခဲ့တဲ့ လှည်းယာဉ် ကိုတော့ အောက်တိုဘာ (၁၆) ရက်နေ့မှာ ကျင်းပမယ့်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေး ဝန်းရံထောက်ခံပွဲမှာ မြင်းခြံမြို့နယ်ကို လှည့်ပတ်ပြသသွားမယ်လို့လည်း သိရပါတယ်။(၃၂) နှစ်ကြာမြင့်နေပြီဖြစ်တဲ့ လှည်းယာဉ်ကတော့ အခုချိန်မှာတော့ ဘီးချို့ယွင်းချက်တွေတော့ ရှိနေတာကြောင့် သွားလို့ရအောင်တော့ ဝင်ရိုးတွေပြန်ပြင်ထားပြီးကျန်တဲ့ အပိုင်းတွေက ဒေါ်အောင်ဆန်းစုကြည် အသုံးပြုခဲ့တဲ့ ပကတိအတိုင်း ရှိနေသေးတယ် လို့လည်း ဦးဌေးဝင်းက ဆိုပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်အဖြစ် နဲ့ (၁၉၈၈) ခုနှစ်မှာတစ်ကြိမ်၊ (၁၉၉၇) ခုနှစ်မှာတစ်ကြိမ် မြင်းခြံမြို့ကို လာရောက်ခဲ့ဖူးတယ် လို့လည်း သိရပါတယ်။ခရက်ဒစ်

About the author

Ms Cele

Leave a Comment