Celebrity


Written by Ms Cele





Cele Connections

အမေထက် အရပ်ရှည်တဲ့ သမီးကြီးကြောင့် ရိုက်ကွင်းပေါ်က ဒုက္ခ တွေကိုပြောပြလာတဲ့ စမိုင်းလ်

နာမည်နဲ့လိုက်အောင် အပြုံးချိုချိုလေး တွေကို ပိုင်ဆိုင်ထားတဲ့ စမိုင်းလ်က ပရိသတ်တွေ အားကျရတဲ့ သာယာ အေးချမ်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထား သူပါ။ စမိုင်းလ်က သူမကို အလိုလိုက်ပြီး မျက်နှာတစ်ချက် အညှိုးမခံတဲ့ ခင်ပွန်းနဲ့ နိုင်ငံခြားသူလေး တွေလို လှပချစ်စရာကောင်းတဲ့ သမီးနှစ်ဦးနဲ့ ပျော်စရာ ကောင်းတဲ့ နေ့ရက်တွေကို ကုန်ဆုံးနေတာပဲဖြစ်ပါတယ်။စမိုင်းလ်က အနုပညာ လုပ်ငန်းတွေ အရင်လောက်မလုပ်ကိုင်ပေမယ့် ပရိသတ်တွေ ကတော့ သူမရဲ့ မိသားစုလေးနဲ့တကွ သူမရဲ့ လှုပ်ရှားမှုတိုင်း အားလုံးကို စိတ်ဝင်တစား အားပေးနေကြဆဲ ဖြစ်ပါတယ်။

စမိုင်းလ်ရဲ့ သမီးကြီး ပေါ်ရှာကတော့ မော်ဒယ်လ် တစ်ယောက်အဖြစ် ရပ်တည်နေပြီဖြစ်ပြီး ရံဖန်ရံခါမှာလည်း မေမေနဲ့ အတူတူ ဓာတ်ပုံလေးတွေ ရိုက်ကူး တတ်တာ ဖြစ်ပါတယ်။ ပေါ်ရှာလေးကတော့ အသားအရည်ညိုစိမ့်စိမ့်လေး နဲ့ နိုင်ငံခြားသူလေး တစ်ယောက်လို အရပ်အမောင်းမျိုး ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စမိုင်းလ်က မေမေ့ထက်တောင် အရပ်ရှည်ပြီး ဖွံ့ဖွံ့ထွားထွားရှိတဲ့ သမီးကြီးပေါ်ရှာနဲ့ ရိုက်ကွင်းပေါ်က အလွဲလေးကို “အမေထက်အရပ်ရှည်တဲ့သမီးနဲ့ဓါတ်ပုံရိုက်ရတာ သူကပုပေးရတယ် 😍 ” ဆိုပြီး သူမတို့ သားအမိနှစ်ယောက်ရဲ့ ရိုက်ကွင်းပေါ်က အလွဲလေးကို ပြောပြလာပါတယ်။

စမိုင်းလ်ကတော့ သူမထက်တောင် ပိုလှပြီး ခန္ဓာကိုယ်အချိုးအစား မှာလည်း ပြောစရာမလိုအောင် လှတဲ့ သမီးလေးကို ပိုင်ဆိုင်ခွင့် ရထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီး ကလည်း စမိုင်းလ်ကိုချစ်သလို ပေါ်ရှာလေးကို ချစ်ပေးပြီး သူမရဲ့အနုပညာ လှုပ်ရှားမှုတွေကို အားပေးကြပါဦးလို့ တောင်းဆို ပါရစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Cele Connections

About the author

Ms Cele

Leave a Comment