Celebrity

အေမအရင္း တစ္ေယာက္လို ခ်စ္ရတဲ့ ေယာကၡမေလာင္းႀကီး ကြယ္လြန္ သြားလို့ စိတ္မေကာင္း ျဖစ္ေနတဲ့ ေအာန္ဆိုင္း

Written by Ms Cele

အေမအရင္း တစ္ေယာက္လို ခ်စ္ရတဲ့ ေယာကၡမေလာင္းႀကီး ကြယ္လြန္ သြားလို့ စိတ္မေကာင္း ျဖစ္ေနတဲ့ ေအာန္ဆိုင္း

ကခ်င္တိုင္း ရင္းသူ စူပါေမာ္ဒယ္ ေအာန္ဆိုင္း ကေတာ့ ဆယ္စုႏွစ္ တစ္စု ေက်ာ္တိုင္ ေမာ္ဒယ္ ေလာကမွာ ေအာင္ျမင္ေက်ာ္ၾကားခဲ့သူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေအာန္ဆိုင္းကေတာ့ သ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ မကူးေျပာင္းပဲ ေမာ္ဒယ္ တစ္ေယာက္အျဖစ္သာ တစိုက္မတ္မတ္ လုပ္ကိုင္ေနဆဲပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ေအာန္ဆိုင္းက သူမရဲ့ အခ်စ္ေရးနဲ့ ပက္သတ္ျပီးလည္း ပရိသတ္ေတြ ကို ပြင့္ပြင့္ လင္းလင္း ခ်ျပထားသူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ ေအာန္ဆိုင္း က သူမခ်စ္သူရဲ့ မိခင္ၾကီး ကြယ္လြန္သြားတဲ့ အတြက္ စိတ္မေကာင္း ျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ေအာန္ဆိုင္းက “ကိုယ္ ခ်စ္တဲ့သူ ဆုံ႐ူံးရလို႔ အရန္းခံစား ရေပမဲ့ သူ႔လိုလို မ်ိဳနဲ႔ ဆုံေတြ႕ရင္းႏွီခြင့္ ရခဲ့တာ သူ႔ဆီကအခ်စ္ေတြ အမ်ားႀကီး ရခဲ့တာ ဒါနဲ႔တင္ ကြၽန္မ အရန္းကံေကာင္းေနပါၿပီ သူဟာကြၽန္မ အတြက္ေတာ့ ဘုရားျပင္ဆင္ေပးခဲ့တဲ့ အေမတစ္ေယာက္လိုပါဘဲ…💔😭 We love you mommy & will always. In our hearts, you are living on forever. God will keep mommy in a special place we pray! 🙏🏼💫💟” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေနျပီး ဝမ္းနည္းစိတ္မေကာင္းေၾကာင္း ေျပာလာပါတယ္။

ေအာန္ဆိုင္း ခ်စ္သူ ကိုဘုန္းေက်ာ္မ်ိဳးျမင့္ရဲ့ မိခင္ၾကီး ကေတာ့ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းရဲ့ အလုပ္ အမႈေဆာင္ ေကာ္မတီဝင္ တစ္ေယာက္လည္း ျဖစ္ပါတယ္။ ေအာန္ဆိုင္းလည္း မေတာ္ရေသး ေပမယ့္ အေမတစ္ေယာက္လို ခ်စ္ရသူကို ဆံုးရႈံးလိုက္ ရလို့ ဝမ္းနည္းေန ရွာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ ပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Cele Connections

အမေအရင်း တစ်ယောက်လို ချစ်ရတဲ့ ယောက္ခမလောင်းကြီး ကွယ်လွန် သွားလို့ စိတ်မကောင်း ဖြစ်နေတဲ့ အောန်ဆိုင်း

ကချင်တိုင်း ရင်းသူ စူပါမော်ဒယ် အောန်ဆိုင်း ကတော့ ဆယ်စုနှစ် တစ်စု ကျော်တိုင် မော်ဒယ် လောကမှာ အောင်မြင်ကျော်ကြားခဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ အောန်ဆိုင်းကတော့ သရုပ်ဆောင် တစ်ယောက်အဖြစ် မကူးပြောင်းပဲ မော်ဒယ် တစ်ယောက်အဖြစ်သာ တစိုက်မတ်မတ် လုပ်ကိုင်နေဆဲပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အောန်ဆိုင်းက သူမရဲ့ အချစ်ရေးနဲ့ ပက်သတ်ပြီးလည်း ပရိသတ်တွေ ကို ပွင့်ပွင့် လင်းလင်း ချပြထားသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ အောန်ဆိုင်း က သူမချစ်သူရဲ့ မိခင်ကြီး ကွယ်လွန်သွားတဲ့ အတွက် စိတ်မကောင်း ဖြစ်နေတာပဲ ဖြစ်ပါတယ်။ အောန်ဆိုင်းက “ကိုယ် ချစ်တဲ့သူ ဆုံရူံးရလို့ အရန်းခံစား ရပေမဲ့ သူ့လိုလို မျိုနဲ့ ဆုံတွေ့ရင်းနှီခွင့် ရခဲ့တာ သူ့ဆီကအချစ်တွေ အများကြီး ရခဲ့တာ ဒါနဲ့တင် ကျွန်မ အရန်းကံကောင်းနေပါပြီ သူဟာကျွန်မ အတွက်တော့ ဘုရားပြင်ဆင်ပေးခဲ့တဲ့ အမေတစ်ယောက်လိုပါဘဲ…💔😭 We love you mommy & will always. In our hearts, you are living on forever. God will keep mommy in a special place we pray! 🙏🏼💫💟” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေပြီး ဝမ်းနည်းစိတ်မကောင်းကြောင်း ပြောလာပါတယ်။

အောန်ဆိုင်း ချစ်သူ ကိုဘုန်းကျော်မျိုးမြင့်ရဲ့ မိခင်ကြီး ကတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ အလုပ် အမှုဆောင် ကော်မတီဝင် တစ်ယောက်လည်း ဖြစ်ပါတယ်။ အောန်ဆိုင်းလည်း မတော်ရသေး ပေမယ့် အမေတစ်ယောက်လို ချစ်ရသူကို ဆုံးရှုံးလိုက် ရလို့ ဝမ်းနည်းနေ ရှာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင် ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment