Celebrity


Written by Ms Cele





Credit:Cele Zone

အမေဖြစ်သူက ဇာတ်ကားထဲမှာ ငိုနေတာကို ကြည့်ပြီး သူပါလိုက်ငိုနေတဲ့ ချောရတနာရဲ့ သမီးလေး

အနုပညာသမား တွေဟာ ဆေးစက်ကျရာ အရုပ်ထင်ရသူ တွေမို့ ကိုယ်တာဝန် ယူထားတဲ့ ဇာတ်ကောင်နဲ့ ပတ်သက်ပြီး ပီပြင်အောင် အတတ်နိုင်ဆုံး သရုပ်ဖော်ကြရပါတယ်။ အိမ်ထောင်ပြုပြီးနောက်ပိုင်း ရုပ်ရှင်ဇာတ်ကားတွေမှာ သိပ်မတွေ့ရတော့ဘဲ အိမ်ထောင့် တာဝန်ကို ကျေပွန်နေတဲ့ မေမေချောရတနာဟာ ချစ်စရာသားလေးနဲ့ သမီးလေးကို ပိုင်ဆိုင်ထားပြီးနောက် မိခင်ဘဝမှာ ပျော်မဆုံးဖြစ်နေခဲ့ပါတယ်။

သူမ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ” ချစ်ဆိပ်ရည် ” ဇာတ်ကားဟာ ပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့ ဇာတ်ကား တစ်ကားဖြစ်ပြီး ဒီကားထဲမှာ ဗီလိန်အဖြစ်သရုပ်ဆောင် ခဲ့တဲ့ သူမရဲ့ ဟန်အမူအရာ တွေဟာ တကယ်ကိုပီပြင်လွန်းပါတယ်။ ဒီဇာတ်ကားလေး TV မှာ ပြန်လွှင့်တဲ့ အချိန်မှာတော့ မေမေချောရဲ့ သရုပ်ဆောင်ချက်တွေကြားမှာ ပရိသတ်တွေ တင်မက သမီးလေး Co Co ကပါ မျောပါသွားခဲ့ပါတယ်။

ဇာတ်ကားထဲမှာ စီးမျောခံစားနေတဲ့သမီးလေးရဲ့ ဗီဒီယိုကို ” အမေသရုပ်ဆောင် တာကြည့်ပြီး လိုက်ငိုနေတယ်ကွယ် ကြွေပြီပေါ့ Co Co ရယ် ဦးတီကိုစိတ်တွေဆိုး နေတယ် ” ဆိုပြီး မေမေချောရတနာက ချစ်စနိုးနဲ့တင်ခဲ့ပါတယ်။ Co Co လေးက အနုပညာသွေး ပါတော့ ခံစားနေတာလေးက အရမ်းကိုချစ်ဖို့ကောင်းလွန်း တာမို့ ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေး လိုက်ပါတယ်။

Credit:Cele Zone

About the author

Ms Cele

Leave a Comment