Celebrity


Written by Ms Cele





Credit:Cele Zone

အမေဖြစ်သူက Happy New Year ကို နမိုးရီးယားလို့ ပြောလိုက်တာကို သဘောတွေကျပြီး စနောက်ကျီစယ်နေတဲ့ ဖြူဖြူထွေး

ဟန်ဆောင်မှုကင်းပြီး ဖော်ရွေလွန်းသူလေး ကတော့ ဖြူဖြူထွေးဖြစ်ပါတယ် ။ နာမည်လေးနဲ့ လိုက်အောင် ဖြူစင်တဲ့စိတ်ထားကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူထွေးက အချိန်ခဏလေး အတွင်းမှာတင် ကြီးမားတဲ့ အောင်မြင်မှုတွေကို ရရှိခဲ့တာ ပါ ။ ဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို စတင်ရရှိခဲ့တဲ့ ဖြူဖြူထွေး တစ်ယောက် အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးနေရတာ ဖြစ်ပါတယ် ။

မိဘကိုလည်း လုပ်ကျွေးပြုစုနေ သူလေးဖြစ်တဲ့ ဖြူဖြူထွေးက မာန်မာနကင်းပြီး အလှူအတန်း တွေကိုလည်း ပုံမှန်ပြုလုပ်နေဆဲ ဖြစ်ပါတယ် ။ ဖြူဖြူထွေးက ပျော်ပျော်နေ တတ်တာကြောင့် သူမရဲ့အားလပ်ချိန်တွေမှာ Tik Tok ဗီဒီယိုလေးတွေကို ရိုက်ကူးလေ့ ရှိတာ ဖြစ်ပါတယ် ။

ဒါ့အပြင် အမေ့ကို အမြဲစနောက်ထားတဲ့ ဟာသဗီဒီယိုလေးတွေ ကိုလည်း ဖော်ပြလေ့ရှိရာ အခုလည်း Happy New Year ညကို နမိုးရီးယားညလို့ မှားပြောနေတဲ့ အမေ့ကို သဘောတွေကျပြီး အပီအပြင်တွေ စနောက်ထားတဲ့ အခွီဗီဒီယိုလေးကို မျှဝေထားရာ သားအမိနှစ်ယောက်လုံး အရမ်းချစ်စရာ ကောင်းပြီး ရယ်နေရတာကြောင့် ပရိသတ်တွေကြားမှာ ကြည့်ရှုသူများပြားခဲ့ပါတယ်။ ပရိသတ်ကြီးလည်း ဖြူဖြူထွေးတို ့သားအမိနှစ်ယောက်ရဲ့ ဗီဒီယိုလေးကို ကြည့်လိုက် ရအောင်နော်။

Credit:Cele Zone

About the author

Ms Cele

Leave a Comment