Celebrity
Written by Ms Cele
Credit:Swelsone News
အမေဖြစ်သူရဲ့ မွေးနေ့မှာ အကောင်းစား ကားကြီးတွေ အလန်းစား တိုက်တွေနဲ့ Surprise လုပ်လိုက်တဲ့ နေဒွေး
ပရိသတ်ကြီးရေ.. သဘာဝကျတဲ့ ဇာတ်ရုပ်တွေနဲ့ သရုပ်ဆောင် ကောင်းမှုတွေကြောင့် ဇာတ်ကားတွေများစွာ ရိုက်ကူးထားတဲ့ သရုပ်ဆောင် မင်းသားချောနေဒွေး ကတော့ အောင်မြင်တဲ့ပြည်သူချစ် အနုပညာရှင်အဖြစ် ရပ်တည်လျှောက်လှမ်းနေသူပဲ ဖြစ်ပါတယ်နော်..။ သရုပ်ဆောင်ကောင်းတဲ့ အပြင် ဆွဲဆောင်မှုရှိဟန်ပန်တွေကြောင့် မိန်းကလး ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ရရှိထားတဲ့ နေဒွေးကတော့ မိဘတွေ အပေါ်မှာလည်း သိတတ်လိမ္မာတဲ့ သားလိမ္မာလေး တစ်ယောက်လည့း ဖြစ်ပါတယ်နော်..။
အနုပညာအလုပ်တွကို လုပ်ဆောင်နေသလို အပြင်စီးပွားရေးတွေ ကိုလည်း တစိုက်မတ်မတ် လုပ်ကိုင်နေတဲ့ နေဒွေးတစ်ယောက် သူရဲ့ ချွေးနည်းစားငွေကြေးလေးတွေနဲ့ မိခင်ဖြစ်သူအတွက် အိမ်နဲ့ကားကို မွေးနေ့လက်ဆောင် အဖြစ် ဝယ်ပေးခဲ့ပါတယ်နော်..။အရမ်းချစ်ရတဲ့ မိခင်ဖြစ်သူအတွက် အိမ်အသစ်နဲ့ ကားသစ်ကြီးကို ဝယ်ပေးပြီး မွေးနေ့ Surprise လေး ပြုလုပ်ကာ ချစ်မေမေကို ပျော်ရွှင်အောင် ဖန်တီးနေတဲ့ နေဒွေးကတော့ တကယ်ကို သားလိမ္မာလေး တစ်ယောက်ပါပဲနော်..။
မွေးနေ့ကိတ်တွေနဲ့ မွေးနေ့ပွဲလေး လုပ်ပေးရင်း သူဝယ်ပေးထားတဲ့ အိမ်နဲ့ကားကို ထုတ်ပြကာ Surprise လေး ပြုလုပ်ပေး လိုက်တာဖြစ်ပြီး သားအမိနှစ်ယောက် ရဲ့မျက်နှာပေါ်က ပီတိအပြုံးလေးတွေ ကလည်း မြင်သူပရိသတ်တွေကို ကြည်နူးမှု အပျော်လေးတွေ ကူးစက်စေမှာပါနော်..။ကဲ.. ဒီကနေ့လေး မှာတော့ မင်းသားချောနေဒွေးတို့ သားအမိနှစ်ယောက်ရဲ့ လတ်တလော လှုပ်ရှားမှုပုံရိပ်လေး တွေနဲ့အတူ Surprise လုပ်ပေးခဲ့တဲ့ အိမ်နဲ့ ကားအသစ်ပုံရိပ်လေး တွေကို တင်ဆက်ပေး လိုက်ပါတာ်နော်..။
Credit:Swelsone News
About the author
Ms Cele
Leave a Comment