Celebrity


Written by Ms Cele






အမေဖြစ်သူ မယ်လိုဒီရဲ့ အနားမှာ ငြိမ်ငြိမ်လေး ထိုင်ပြီး ကြေးစည်ထု မေတ္တာပို့ နေတဲ့ သားလေး သဒ္ဓိစစ်ရဲ့ ဗီဒီယို

နိုင်ငံခြားသူလေး တစ်ယောက်လို ကြည်လင်ဝင်းပတဲ့ မျက်နှာလေး နဲ့ အပြစ်ဆိုရက်စရာမရှိအောင် လှတဲ့ မင်းသမီးချောလေး မယ်လိုဒီ ကတော့ အနုပညာနယ်ပယ်မှာ ဆယ်စုနှစ် ကျော်တိုင် အောင်မြင်နေတဲ့ မင်းသမီးတစ်လက်ပါပဲ။ မယ်လိုဒီ ကတော့ အိမ်ထောင်နဲ့ကွာရှင်းပြီးတဲ့ နောက်မှာ တစ်ယောက်တည်း ရပ်တည်ပြီး အနုပညာအလုပ်တွေ တစ်ဖက်နဲ့ သားလေး သဒ္ဓိစစ်ကို ရင်အုပ်မကွာ စောင့်ရှောက်နေသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ မယ်လိုဒီရဲ့ သားလေး သဒ္ဓိစစ်ကလည်း မေမေနဲ့တူတဲ့ ချောမောတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ အပြင် အရွယ်နဲ့မလိုက်အောင် သိတတ် လိမ္မာသူလေးမို့ ပရိသတ်တွေက အချစ်ပိုနေရတဲ့ ကလေးလေး တစ်ယောက်ပါပဲ။

အခုဆိုရင် (၅) နှစ်ကျော်အရွယ်သာ ရှိသေးတဲ့ သဒ္ဓိစစ်ကတော့ မေမေရဲ့ ယဉ်ကျေးတဲ့ အပြုအမူနဲ့ အမူအကျင့် တွေကို အတုယူတတ်သူ တစ်ယောက် ဖြစ်ပါတယ်။ အရွယ်လေးနဲ့ မလိုက်အောင် ဘုရားတရားလုပ်တတ်တဲ့ သဒ္ဓိစစ်လေးက ဒီကနေ့မှာလည်း ဘုရားဝတ်ပြုနေတဲ့ မေမေမယ်လိုဒီရဲ့ အနားမှာ ငြိမ်ငြိမ်လေးထိုင်ပြီး ကြေးစည်ထု မေတ္တာပို့နေတာကို အခုလိုမျိုးပဲ ချစ်စဖွယ်လေး တွေ့ရပါတယ်။

မယ်လိုဒီကတော့ တကယ့်ကို ချစ်စရာကောင်းပြီး အပြုအမူမှာလည်း ယဉ်ကျေးသိမ်မွေ့တဲ့ သားအလိမ္မာလေး တစ်ယောက်ကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သားသားလေး သိဒ္ဓိစစ်လည်း မိဘအကျိုး၊ တိုင်းပြည်အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်တဲ့ သားအလိမ္မာလေးတစ်ယောက် ဖြစ်လာပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment