Celebrity


Written by Ms Cele






အမှောင်တွေလွန်သွားလို့ ရောင်နီသန်းတဲ့ခေတ်ကိုရောက်တဲ့အခါ သူမတို့ရဲ့“THUDRA” ထုတ်လုပ်ရေးကတဆင့် CDMမှာပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေကိုကျေးဇူးဆပ်မယ်ဆိုတဲ့ အူဝဲ

အကယ်ဒမီ မင်းသမီးချော အိန္ဒြာကျော်ဇင်နဲ့ အကယ်ဒမီ မင်းသားပြေတီဦးတို့ ကတော့ လူတကာ အာရုံစိုက်ခံရတဲ့ ရုပ်ရှင် သရုပ်ဆောင်တွေဖြစ်ပေမယ့် အရေးကြီးတဲ့အချိန်မှာ ပြည်သူတွေနဲ့ တသားတည်းအတူတူရှိနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ပြေတီဦးက လက်ရှိမှာတော့ ပုဒ်မ ၅၀၅-က နဲ့တရားစွဲ ဖမ်းဝရမ်းထုတ်ခံထားရပေမယ့် အိန္ဒြာကျော်ဇင်ကတော့ ပြည်သူတွေနဲ့အတူတူ ဆက်လက်ရပ်တည်ရင်း ပြည်သူတွေနဲ့အတူတူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ အိန္ဒြာကျော်ဇင်က CDM မှာ ပါဝင်ပေးကြတဲ့ ဝန်ထမ်းတွေအတွက် သူမပိုင်ဆိုင်တဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကနေပြီး ကျေးဇူးဆပ်မယ့်အကြောင်းကို ပြောပြလာပါတယ်။

အိန္ဒြာကျော်ဇင်က “ဒီအမှောင်တွေ လွန်သွားလို့ ရောင်နီသန်းတဲ့ခေတ်ကိုရောက်တဲ့အခါ ကျွန်မတို့ရဲ့ “THUDRA” Productionမှ ထုတ်လုပ်တဲ့ ရုပ်ရှင်ကားတွေ ရုံတင်ရင် CDM မှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေနဲ့ မိသားစုဝင် 1000 (ရုပ်ရှင်လက်မှတ်အစောင်ရေ1000) ကို လက်ဆောင်ပေးပါမယ်။CDM ပြည်သူ့ဝန်ထမ်းတွေရဲ့ကျေးဇူးဟာ အားလုံးအပေါ်မှာရှိတဲ့အတွက် တတ်နိုင်သလောက် အသိအမှတ်ပြု ကျေးဇူးဆပ်တဲ့ သဘောပါပဲ။ 🙏🙏🙏” ဆိုပြီး လေးစားစွာ ပြောလာတာပဲ ဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင် ကတော့ ရောင်နီသန်းတဲ့ ခေတ်ကိုရောက်ရင် သူမပိုင်ဆိုင်တဲ့”သုဒြာ”ထုတ်လုပ်ရေးကတဆင့် CDM ဝန်ထမ်းတွေကို ကျေးဇူးဆပ်မယ်ဆိုတဲ့ အကြောင်းကို ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: Eaindra Kyaw Zin ‘s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment