Celebrity

အေမ အရမ္း စိတ္နာ တဲ့ အေဖ့ ကို လမ္းမွ ာေတြ႕ရင္ေတာင္ မွတ္မိ မွာ မဟုတ္ဖူ း ဆိုၿပီး မိ သားစု အေၾကာင္ းကိုေျပာ လာ တဲ့ စည္ သူဝင္း

Written by Ms Cele

အေမ အရမ္း စိတ္နာ တဲ့ အေဖ့ ကို လမ္းမွ ာေတြ႕ရင္ေတာင္ မွတ္မိ မွာ မဟုတ္ဖူ း ဆိုၿပီး မိ သားစု အေၾကာင္ းကိုေျပာ လာ တဲ့ စည္ သူဝင္း

နာမည္ႀကီးလူႀကိဳက္မ်ားခဲ့တဲ့ “ႏွင္းဆီ” ဇာတ္လမ္း တြဲအပါအဝင္ MRTV 4 ဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ မင္းသားစည္သူဝင္းကေတာ့ ပရိသတ္နဲ႔မစိမ္းလွတဲ့ အႏုပညာရွင္တစ္ဦးပါ။

မိသားစုအေျခအေနအေၾကာင္း ေျပာတဲ့ အခ်ိန္မွာေ တာ့ စည္သူဝင္းက
“ကၽြန္ေတာ္က Broken Family ဗ် အေမကလည္းသား၂ေယာက္ ခ်စ္တာပဲ ခံခဲ့ရတာေလ အေမဒီ အသက္အ ရြယ္ထိ ေနာက္အိမ္ေထာင္ မျပဳတာကိုပဲေက်းဇူးတင္ ရမယ္ဗ် ကၽြန္ေတာ္တို႔ကို ဒီအရြယ္အထိ ပိုးေမြးသလို ေမြးေပးခဲ့တယ္ မိန္းကေလးေတြ ေျပာသလို ေျခေမႊးမီးမေလာင္ လက္ေမႊးမီးမေလာင္ဘဝနဲ႔ကၽြန္ေတာ္တို႔ေနခဲ့ရတယ္ အဲဒီ့အတြက္လည္း ေက်းဇူးတင္တယ္ ”

“ကၽြန္ေတာ္တို႔ျပန္လုပ္ ေကၽြးနိုင္တဲ့အခ်ိန္မွာလည္း အေကာင္းဆုံး ျဖစ္ေအာင္ အေပ်ာ္ရႊင္ဆုံး ျဖစ္ေအာင္ထားေပးပါတယ္” လို႔ သူတို႔မိသားစု ဘဝအေၾကာင္းကိုေျပာျပခဲ့ပါတယ္။

ဖခင္ရဲ့ေမတၱာအေၾကာင္းကိုေတာ့
“အေရးပါလား ဆိုေတာ့ ကၽြန္ေတာ္တို႔ မိသားစုအတြက္က အေမကပဲ အေဖလို တစ္မ်ိဳးအေမလိုတစ္မ်ိဳး ေစာင့္ေရွာက္ေပးတယ္ အဖိုးနဲ႔အဖြားျဖစ္တဲ့ အေဖႀကီးနဲ႔အေမႀကီးကလည္း ေစာင့္ေရွာက္ေပးတယ္ဆိုေတာ့ ကၽြန္ေတာ္တို႔ အတြက္က မလိုဘူးေတာ့ မဟုတ္ဘူးေပါ့ေနာ္ လိုအပ္ေနတာလဲ မဟုတ္ဘူးေပါ့ အေဖ့ေမတၱာကို အေဖႀကီးဆီကရတယ္ေလ ကိုယ့္အေဖဆီကမရဘူးဆိုတာ သိပ္ေထြေထြထူးထူးမရွိပါဘူး ေကာင္းေကာင္းႀကီးျပင္းခဲ့ရတဲ့အတြက္ ကၽြန္ေတာ္တို႔မိသားစုကို ေက်းဇူးအ မ်ားႀကီးတင္တယ္” လို႔ဆိုပါတယ္။

ဖခင္နဲ႔ပတ္သတ္ၿပီး စည္သူဝင္းက “အေမက အရမ္း စိတ္နာလြန္းလို႔ ဓာတ္ပုံေတြဘာေတြမျပဘူးဗ် သူက်န္းမာေရး မေကာင္းတဲ့အခ်ိန္က်မွ ေရးထားတဲ့စာေတြ ဖတ္ဖူးတာဆိုေတာ့ လမ္းမွာေတြ႕ရင္ေတာင္ ကၽြန္ေတာ္မွတ္မိမွာ မဟုတ္ဘူး ကိုႀကီး ၂ႏွစ္သား ကၽြန္ေတာ္ကေမြးေမြးၿပီးခ်င္း ၅လသားအရြယ္ေ လာက္မွာဆိုေတာ့ေလ မျမင္ဖူးဘူး နာမည္အျပည့္အစုံေတာင္သိပ္မသိဘူး ႀကီးလာမွသိတာ” လို႔ ဆိုပါတယ္။

စည္သူဝင္းကေတာ့ “ကၽြန္ေတာ္ဆိုးတာေတြ လည္းရွိပါတယ္ သာမန္မိသားစုေတြလိုပဲ ကၽြန္ေတာ္တို႔ သားအမိေတြလည္းျဖတ္သန္း ေနတာပါ အေမက ဘယ္လိုေျပာရမလဲ မေၾကာင့္မၾကမေတာင့္တဘဲ သား၂ယာက္ကို အားကိုးလို႔ရတဲ့ အေနအထားေပါ့ အကိုႀကီးကလည္း သူ႔အလုပ္ခြင္မွာ အဆင္ေျပေနတယ္ ကၽြန္ေတာ္ကလည္းအႏုပညာ အလုပ္ကိုအေကာင္းဆုံးလုပ္ေနတဲ့ အေနအထားဆိုေတာ့ အေမ့ အတြက္ေတာ့ ကၽြန္ေတာ္တို႔သား၂ေယာက္က သားလိမၼာျဖစ္ မယ္လို႔ ထင္တာပဲ ” လို႔ မိခင္ နဲ႔သူတို႔ညီအစ္ကို၂ေယာက္ အေၾကာင္းကို ေျပာျပခဲ့ပါတယ္။

စည္သူဝင္းကေတာ့ ေနာက္ဆုံးအေနနဲ႔ “ဟင္းေတာ့ မခ်က္တတ္ဘူးဗ် ၾကက္ဥေတာ့ေၾကာ္ တတ္တာ ဒါကၽြန္ေတာ့္အား နည္းခ်က္ပဲဗ် ” သူ႔ရဲ့ဟင္းခ်က္ စြမ္းရည္ကို ဟာသအေနနဲ႔ ပရိသတ္ကို အသိေပးခဲ့ပါေသးတယ္။

Shwe Yaung Myanmar ( Writer – LLA )

အမေ အရမ်း စိတ်နာ တဲ့ အဖေ့ ကို လမ်းမှ ာတွေ့ရင်တောင် မှတ်မိ မှာ မဟုတ်ဖူ း ဆိုပြီး မိ သားစု အကြောင် းကိုပြော လာ တဲ့ စည် သူဝင်း

နာမည်ကြီးလူကြိုက်များခဲ့တဲ့ “နှင်းဆီ” ဇာတ်လမ်း တွဲအပါအဝင် MRTV 4 ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားစည်သူဝင်းကတော့ ပရိသတ်နဲ့မစိမ်းလှတဲ့ အနုပညာရှင်တစ်ဦးပါ။

မိသားစုအခြေအနေအကြောင်း ပြောတဲ့ အချိန်မှာေ တာ့ စည်သူဝင်းက
“ကျွန်တော်က Broken Family ဗျ အမေကလည်းသား၂ယောက် ချစ်တာပဲ ခံခဲ့ရတာလေ အမေဒီ အသက်အ ရွယ်ထိ နောက်အိမ်ထောင် မပြုတာကိုပဲကျေးဇူးတင် ရမယ်ဗျ ကျွန်တော်တို့ကို ဒီအရွယ်အထိ ပိုးမွေးသလို မွေးပေးခဲ့တယ် မိန်းကလေးတွေ ပြောသလို ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်ဘဝနဲ့ကျွန်တော်တို့နေခဲ့ရတယ် အဲဒီ့အတွက်လည်း ကျေးဇူးတင်တယ် ”

“ကျွန်တော်တို့ပြန်လုပ် ကျွေးနိုင်တဲ့အချိန်မှာလည်း အကောင်းဆုံး ဖြစ်အောင် အပျော်ရွှင်ဆုံး ဖြစ်အောင်ထားပေးပါတယ်” လို့ သူတို့မိသားစု ဘဝအကြောင်းကိုပြောပြခဲ့ပါတယ်။

ဖခင်ရဲ့မေတ္တာအကြောင်းကိုတော့
“အရေးပါလား ဆိုတော့ ကျွန်တော်တို့ မိသားစုအတွက်က အမေကပဲ အဖေလို တစ်မျိုးအမေလိုတစ်မျိုး စောင့်ရှောက်ပေးတယ် အဖိုးနဲ့အဖွားဖြစ်တဲ့ အဖေကြီးနဲ့အမေကြီးကလည်း စောင့်ရှောက်ပေးတယ်ဆိုတော့ ကျွန်တော်တို့ အတွက်က မလိုဘူးတော့ မဟုတ်ဘူးပေါ့နော် လိုအပ်နေတာလဲ မဟုတ်ဘူးပေါ့ အဖေ့မေတ္တာကို အဖေကြီးဆီကရတယ်လေ ကိုယ့်အဖေဆီကမရဘူးဆိုတာ သိပ်ထွေထွေထူးထူးမရှိပါဘူး ကောင်းကောင်းကြီးပြင်းခဲ့ရတဲ့အတွက် ကျွန်တော်တို့မိသားစုကို ကျေးဇူးအ များကြီးတင်တယ်” လို့ဆိုပါတယ်။

ဖခင်နဲ့ပတ်သတ်ပြီး စည်သူဝင်းက “အမေက အရမ်း စိတ်နာလွန်းလို့ ဓာတ်ပုံတွေဘာတွေမပြဘူးဗျ သူကျန်းမာရေး မကောင်းတဲ့အချိန်ကျမှ ရေးထားတဲ့စာတွေ ဖတ်ဖူးတာဆိုတော့ လမ်းမှာတွေ့ရင်တောင် ကျွန်တော်မှတ်မိမှာ မဟုတ်ဘူး ကိုကြီး ၂နှစ်သား ကျွန်တော်ကမွေးမွေးပြီးချင်း ၅လသားအရွယ်ေ လာက်မှာဆိုတော့လေ မမြင်ဖူးဘူး နာမည်အပြည့်အစုံတောင်သိပ်မသိဘူး ကြီးလာမှသိတာ” လို့ ဆိုပါတယ်။

စည်သူဝင်းကတော့ “ကျွန်တော်ဆိုးတာတွေ လည်းရှိပါတယ် သာမန်မိသားစုတွေလိုပဲ ကျွန်တော်တို့ သားအမိတွေလည်းဖြတ်သန်း နေတာပါ အမေက ဘယ်လိုပြောရမလဲ မကြောင့်မကြမတောင့်တဘဲ သား၂ယာက်ကို အားကိုးလို့ရတဲ့ အနေအထားပေါ့ အကိုကြီးကလည်း သူ့အလုပ်ခွင်မှာ အဆင်ပြေနေတယ် ကျွန်တော်ကလည်းအနုပညာ အလုပ်ကိုအကောင်းဆုံးလုပ်နေတဲ့ အနေအထားဆိုတော့ အမေ့ အတွက်တော့ ကျွန်တော်တို့သား၂ယောက်က သားလိမ္မာဖြစ် မယ်လို့ ထင်တာပဲ ” လို့ မိခင် နဲ့သူတို့ညီအစ်ကို၂ယောက် အကြောင်းကို ပြောပြခဲ့ပါတယ်။

စည်သူဝင်းကတော့ နောက်ဆုံးအနေနဲ့ “ဟင်းတော့ မချက်တတ်ဘူးဗျ ကြက်ဥတော့ကြော် တတ်တာ ဒါကျွန်တော့်အား နည်းချက်ပဲဗျ ” သူ့ရဲ့ဟင်းချက် စွမ်းရည်ကို ဟာသအနေနဲ့ ပရိသတ်ကို အသိပေးခဲ့ပါသေးတယ်။

Shwe Yaung Myanmar ( Writer – LLA )

About the author

Ms Cele

Leave a Comment