Celebrity

အောင္လအန္ဆန္ရႈံုးတာနဲ႕ပတ္သက္ၿပီး ျပစ္တင္ေ၀ဖန္ေနသူေတြကို ထိေရာက္စြာေျပာလိုက္တဲ့ အိစိေကြး

Written by Ms Cele

အောင္လအန္ဆန္ရႈံုးတာနဲ႕ပတ္သက္ၿပီး ျပစ္တင္ေ၀ဖန္ေနသူေတြကို ထိေရာက္စြာေျပာလိုက္တဲ့ အိစိေကြး

ပရိတ္သတ္ႀကီးေရ…..အိစိေကြးကေတာ့ ကေလး သ႐ုပ္ေဆာင္ ဘဝကေန အႏုပညာေလာကမွာ ပရိသတ္ေတြရဲ့ အားေပး ခ်စ္ခင္မႈကို ရရွိထားတာပဲ ျဖစ္ပါတယ္။ သူ ပါဝင္ရိုက္ကူးတဲ့ ဇာတ္ကားတိုင္း မွာလည္း ကာရိုက္တာမ်ိဳးစုံကို အပိုလိုမရွိေအာင္ သ႐ုပ္ေဆာင္နိုင္သူဆိုလည္း မမွားပါဘူးေနာ္။ဒါ့အျပင္ အဆိုဘက္တြင္ ပါရမီရွိသူ တစ္ေယာက္ျဖစ္ၿပီး သူသီဆိုတဲ့ သီခ်င္းေတြကိုလည္း ပရိသတ္ေတြထံ ေဝမၽွေပးေနတာ ျဖစ္ပါတယ္။

မၾကာေသးခင္ ရက္ပိုင္းေလာက္ကလည္း စားဝတ္ေနေရး အခက္အခဲေတြနဲ႔ ၾကဳံေတြ႕ေနရတဲ့ နယ္ၿမိဳ႕က ျပည္သူတစ္ခ်ိဳ႕ထံ စားနပ္ရိကၡာမ်ား သြားေရာက္ လႉဒါန္းေပးခဲ့တာ ျဖစ္ပါတယ္။ ျမန္မာနိုင္ငံတြင္လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနတြအား Speak Out မလုပ္ခဲ့တာေၾကာင့္ ေအာင္လအန္ဆန္အားပရိသတ္တစ္ခ်ိဳ႕က ေဝဖန္ေနၾကတာပါ။ ဒီမနက္ပိုင္းတြင္ က်င္းပခဲ့တဲ့ Light Heavyweight ခ်န္ပီယံကာကြယ္ပြဲတြင္ေအာင္လအန္ဆန္ တစ္ေယာက္ ရႈံနိမ့္ခဲ့တာေၾကာင့္ အျပစ္တင္ေနၾကတာနဲ႔ ပတ္သက္ၿပီး မၾကာေသးခင္နာရီပိုင္း ‌ေလာက္က အိစိေကြးရဲ့ လူမႈကြန္ယက္စာမ်က္ႏွာတြင္ သူ႔ရဲ့ထင္ျမင္ယူဆခ်က္ေတြကို ေရးသားေျပာျပလာခဲ့တာျဖစ္ပါတယ္။

ေအာင္လဟာဆိုရင္ Speak out မလုပ္လို႔ ဒီလိုအခ်ိန္မွာ နိင္ငံကိုယ္စားျပဳၿပီးၿပိဳင္လို႔တို႔ ရႈံးလို႔တို႔ ဆိုၿပီး ဆဲၾကတယ္။သူ speak out လုပ္ေပးတာပဲ တကယ္ဆို တိုင္းရင္းသားေတြက ကိုယ္ေတြထက္ေစာၿပီး ရာစုႏွစ္စာ ဒီဒဏ္ေတြကို ခံစားခဲ့ရတာ ပါ။ သူတို႔ဆို မိန္းကေလးကအစ ေတာထဲဝင္ လက္နက္ကိုင္ခဲ့ၾကတာ အရင္ကဆို တိုင္းရင္းသားတစ္ခ်ိဳ႕ က ဗမာေတြကို အတူတူထင္ၿပီး မုန္းခဲ့ၾကတယ္။ေနာက္ပိုင္းမွ ပြင့္လင္းျမင္သာတဲ့ ေခတ္ေရာက္မွ ဒီအမုန္းတရားေတြ ေပ်ာက္သြားခဲ့ၾကတာ ဒါေတာင္ ယုံၾကည္မႈေတြ ျပန္တည္ေဆာက္ရဦးမယ္။

အခုခ်ိန္မွာ စည္းစည္းလုံးလုံးနဲ႔ ယုံၾကည္မႈတည္ေဆာက္ရမယ့္အခ်ိန္ ဗ် တိုင္းရင္းသားေတြရဲ့ အကူအညီေတြ အမ်ားႀကီးလိုတယ္။အခ်င္းခ်င္းေတြ မဆဲၾကရေအာင္ဗ်ာ အကုန္လုံးက ဒီေျမမွာ ေမြး ဒီေရကိုပဲ ေသာက္ၾကရတာ ေသြးခ်င္းညီအစ္ကိုေတြပါပဲ။မင္းဆရာႀကီးလား ေမးရင္ ကၽြန္ေတာ္ အိစိေကြး ဆရာႀကီး မဟုတ္ဘူး အခုကာလ မွာ ကိုယ္တိုင္ တိုင္းရင္းသားေတြရဲ့ ရင္ထဲက စကားကို ၾကားခဲ့ရလို႔ပါ Brazil မွာ Democracy မရခင္ကေဘာလုံးသမား Pele လည္း ကိုယ္စားျပဳကစားၿပီး နိင္ငံတကာရဲ့ attention ကို ရယူၿပီး Brazil ျပည္သူေတြ အတြက္ အားတစ္ခု ျဖစ္ခဲ့တယ္။

အဲ့ေတာ့ ေအာင္လလည္း သူတတ္နိင္ သေလာက္ လုပ္ေပးေနတာလို႔ ျမင္ေပးရေအာင္ဗ်ာ ဘာပဲျဖစ္ျဖစ္ဗ်ာ လိုခ်င္တဲ့ Goal ကတစ္ခုတည္းပဲ အခ်င္းခ်င္းစည္းလုံးရေအာင္ဗ်ာ ” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။ ဒီအခ်ိန္ဟာ အားလုံးအတြက္ အေရးႀကီးတဲ့ အခ်ိန္ျဖစ္တာေၾကာင့္ အားလုံးစည္းလုံး ညီညြတ္မွသာ လိုခ်င္တဲ့ ပန္းတိုင္ကို အျမန္ဆုံး ေရာက္ရွိလာမွာ ျဖစ္ပါတယ္။ အေရးေတာ္ပုံႀကီး ေအာင္ျမင္သြားတဲ့အခါ တိုင္းရင္းသား ညီအစ္ကိုေမာင္ႏွမေတြအတြက္ လိုအပ္တဲ့ အရာမ်ားကို ကူညီျဖည့္ဆည္းေပးသြားၾကဖို႔လည္း လိုအပ္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိတ္သတ္ေတြအားလုံး ကိုအထူပင္ေက်းဇူးတင္ ရွိပါတယ္ေနာ္..။

Credit

အောင်လအန်ဆန်ရှုုံးတာနဲ့ပတ်သက်ပြီး ပြစ်တင်ဝေဖန်နေသူတွေကို ထိရောက်စွာပြောလိုက်တဲ့ အိစိကွေး

ပရိတ်သတ်ကြီးရေ…..အိစိကွေးကတော့ ကလေး သရုပ်ဆောင် ဘဝကနေ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုကို ရရှိထားတာပဲ ဖြစ်ပါတယ်။ သူ ပါဝင်ရိုက်ကူးတဲ့ ဇာတ်ကားတိုင်း မှာလည်း ကာရိုက်တာမျိုးစုံကို အပိုလိုမရှိအောင် သရုပ်ဆောင်နိုင်သူဆိုလည်း မမှားပါဘူးနော်။ဒါ့အပြင် အဆိုဘက်တွင် ပါရမီရှိသူ တစ်ယောက်ဖြစ်ပြီး သူသီဆိုတဲ့ သီချင်းတွေကိုလည်း ပရိသတ်တွေထံ ဝေမျှပေးနေတာ ဖြစ်ပါတယ်။

မကြာသေးခင် ရက်ပိုင်းလောက်ကလည်း စားဝတ်နေရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ နယ်မြို့က ပြည်သူတစ်ချို့ထံ စားနပ်ရိက္ခာများ သွားရောက် လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွအား Speak Out မလုပ်ခဲ့တာကြောင့် အောင်လအန်ဆန်အားပရိသတ်တစ်ချို့က ဝေဖန်နေကြတာပါ။ ဒီမနက်ပိုင်းတွင် ကျင်းပခဲ့တဲ့ Light Heavyweight ချန်ပီယံကာကွယ်ပွဲတွင်အောင်လအန်ဆန် တစ်ယောက် ရှုံနိမ့်ခဲ့တာကြောင့် အပြစ်တင်နေကြတာနဲ့ ပတ်သက်ပြီး မကြာသေးခင်နာရီပိုင်း ‌လောက်က အိစိကွေးရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် သူ့ရဲ့ထင်မြင်ယူဆချက်တွေကို ရေးသားပြောပြလာခဲ့တာဖြစ်ပါတယ်။

အောင်လဟာဆိုရင် Speak out မလုပ်လို့ ဒီလိုအချိန်မှာ နိင်ငံကိုယ်စားပြုပြီးပြိုင်လို့တို့ ရှုံးလို့တို့ ဆိုပြီး ဆဲကြတယ်။သူ speak out လုပ်ပေးတာပဲ တကယ်ဆို တိုင်းရင်းသားတွေက ကိုယ်တွေထက်စောပြီး ရာစုနှစ်စာ ဒီဒဏ်တွေကို ခံစားခဲ့ရတာ ပါ။ သူတို့ဆို မိန်းကလေးကအစ တောထဲဝင် လက်နက်ကိုင်ခဲ့ကြတာ အရင်ကဆို တိုင်းရင်းသားတစ်ချို့ က ဗမာတွေကို အတူတူထင်ပြီး မုန်းခဲ့ကြတယ်။နောက်ပိုင်းမှ ပွင့်လင်းမြင်သာတဲ့ ခေတ်ရောက်မှ ဒီအမုန်းတရားတွေ ပျောက်သွားခဲ့ကြတာ ဒါတောင် ယုံကြည်မှုတွေ ပြန်တည်ဆောက်ရဦးမယ်။

အခုချိန်မှာ စည်းစည်းလုံးလုံးနဲ့ ယုံကြည်မှုတည်ဆောက်ရမယ့်အချိန် ဗျ တိုင်းရင်းသားတွေရဲ့ အကူအညီတွေ အများကြီးလိုတယ်။အချင်းချင်းတွေ မဆဲကြရအောင်ဗျာ အကုန်လုံးက ဒီမြေမှာ မွေး ဒီရေကိုပဲ သောက်ကြရတာ သွေးချင်းညီအစ်ကိုတွေပါပဲ။မင်းဆရာကြီးလား မေးရင် ကျွန်တော် အိစိကွေး ဆရာကြီး မဟုတ်ဘူး အခုကာလ မှာ ကိုယ်တိုင် တိုင်းရင်းသားတွေရဲ့ ရင်ထဲက စကားကို ကြားခဲ့ရလို့ပါ Brazil မှာ Democracy မရခင်ကဘောလုံးသမား Pele လည်း ကိုယ်စားပြုကစားပြီး နိင်ငံတကာရဲ့ attention ကို ရယူပြီး Brazil ပြည်သူတွေ အတွက် အားတစ်ခု ဖြစ်ခဲ့တယ်။

အဲ့တော့ အောင်လလည်း သူတတ်နိင် သလောက် လုပ်ပေးနေတာလို့ မြင်ပေးရအောင်ဗျာ ဘာပဲဖြစ်ဖြစ်ဗျာ လိုချင်တဲ့ Goal ကတစ်ခုတည်းပဲ အချင်းချင်းစည်းလုံးရအောင်ဗျာ ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဒီအချိန်ဟာ အားလုံးအတွက် အရေးကြီးတဲ့ အချိန်ဖြစ်တာကြောင့် အားလုံးစည်းလုံး ညီညွတ်မှသာ လိုချင်တဲ့ ပန်းတိုင်ကို အမြန်ဆုံး ရောက်ရှိလာမှာ ဖြစ်ပါတယ်။ အရေးတော်ပုံကြီး အောင်မြင်သွားတဲ့အခါ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအတွက် လိုအပ်တဲ့ အရာများကို ကူညီဖြည့်ဆည်းပေးသွားကြဖို့လည်း လိုအပ်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိတ်သတ်တွေအားလုံး ကိုအထူပင်ကျေးဇူးတင် ရှိပါတယ်နော်..။

Credit

About the author

Ms Cele

Leave a Comment