Celebrity

အေ၀းေရာက္ ေနတဲ့ ေျမးမေလး ၀င္းဝါပန္းျမတ္သူရဲ႕ အသက္ (၁၇) နွစ္ျပည့္ေမြးေန့ အတြက္ ခ်စ္ျခင္းေမတၱာ ေတြနဲ႕ ေမြးေန႕ဆုေတာင္းေပး ခဲ့တဲ့ ဝါဝါ၀င္းေရႊ

Written by Ms Cele

အေ၀းေရာက္ ေနတဲ့ ေျမးမေလး ၀င္းဝါပန္းျမတ္သူရဲ႕ အသက္ (၁၇) နွစ္ျပည့္ေမြးေန့ အတြက္ ခ်စ္ျခင္းေမတၱာ ေတြနဲ႕ ေမြးေန႕ဆုေတာင္းေပး ခဲ့တဲ့ ဝါဝါ၀င္းေရႊ

မင္းသမီးၾကီး ဝါဝါဝင္းေရႊ ကေတာ့ အျဖဴအမည္း ဖလင္ေခတ္ ကတည္းက လွ်မ္းလွ်မ္းေတာက္ ေက်ာ္ၾကားတဲ့ မင္းသမီးၾကီးတစ္ေယာက္လည္း ျဖစ္သလို အမ်ိဳးသမီးဒါရိုက္တာ တစ္ေယာက္ဆိုလည္း မမွားပါဘူး။ အကယ္ဒမီဆုမ်ားစြာ ကိုလည္း လက္ဝယ္ပိုင္ဆိုင္နိုင္ ခဲ့တဲ့ ဝါဝါဝင္းေရႊက အခုဆိုရင္ အသက္ခုနွစ္ဆယ္ေက်ာ္ အရြယ္ကို ေရာက္ရိွေနျပီး သူမဝါသနာပါတဲ့ အနုပညာအလုပ္ေတြ အေပၚကိုေတာ့ သံေယာဇဥ္မျပတ္နိုင္ ေသးသူျဖစ္ပါတယ္။ ဝါဝါဝင္းေရႊကေတာ့ သူမကိုယ္တိုင္ အေသြးအသားထဲက ျမတ္နိုးတဲ့ အနုပညာအေမြေတြကို သားသမီးေျမးေတြရ တဲ့အထိ လက္ဆင့္ကမ္းေပး ထားနိုင္သူပဲ ျဖစ္ပါတယ္။

ဒီကေန့ ဒီဇင္ဘာလ (၁၂) ရက္ေန့ကေတာ့ ဝါဝါဝင္းေရႊရဲ့ သား ဝင္းထြဋ္ဝင္းရဲ့ သမီးငယ္ေလးျဖစ္သူ ဝင္းဝါပန္းျမတ္သူရဲ့ အသက္ (၁၇) နွစ္ျပည့္ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ ဝါဝါဝင္းေရႊကေတာ့ ေျမးမေလး အတြက္ “သိပ္ခ်စ္ရတဲ့ ေျမးေလး Pinky ပန္း ေသြး HAPPY BIRTHDAY. HAPPY LONG LIFE . ဒီႏွစ္ေမြးေန႔ မွာ ေတာ့ ဖြားတို႔နဲ႔ ေဝးတဲ့ Singapore ႏိုင္ငံမွာေရာက္ေနရွာၿပီေပါ့။ ငယ္စဥ္အခါ ပညာရွာ။ ဆိုတဲ့အတိုင္း ၊ေျမးေလးရဲ႕ ရည္မွန္းခ်က္ေတြ အားလုံးျပည့္စုံပါေစ။ သြားေလရာ အႏၲရယ္ကင္းလို႔ ေဘးရွင္းပါေစ။ သူေတာ္ေကာင္းမ်ားနဲ႔သာ ေတြ႕စုံပါေစ။လို႔ ဖြားဖြား ေမတၱာပို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။” ဆိုျပီး အမွတ္တရ ေမြးေန့ဆုမြန္ေကာင္း ေတာင္းေပးလာခဲ့ပါတယ္။

ဝါဝါဝင္းေရႊနဲ့ ေျမးမေလး နွစ္ေယာက္ျဖစ္တဲ့ ဝါေရႊႏြယ္ေသြးဝင္းနဲ့ ဝင္းဝါပန္းျမတ္သူတို့ ကေတာ့ ဖြားဖြားၾကီးရဲ့ အေခ်ာအလွေတြကို စုျပံဳျပီးရရိွထား ၾကတာမို့ ပရိသတ္ေတြ ရဲ့ ခ်စ္ခင္မႈကို အျပည့္အဝ ရရိွထားသူေလးေတြ ျဖစ္ပါတယ္။ ပရိသတ္ၾကီး လည္း ဒီကေန့ရဲ့ ေမြးေန့ရွင္ေလး Pinky ေလးအတြက္ အမွတ္တရ ေမြးေန့ဆုေတာင္းေပးခဲ့ၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Cele Connections

အဝေးရောက် နေတဲ့ မြေးမလေး ဝင်းဝါပန်းမြတ်သူရဲ့ အသက် (၁၇) နှစ်ပြည့်မွေးနေ့ အတွက် ချစ်ခြင်းမေတ္တာ တွေနဲ့ မွေးနေ့ဆုတောင်းပေး ခဲ့တဲ့ ဝါဝါဝင်းရွှေ

မင်းသမီးကြီး ဝါဝါဝင်းရွှေ ကတော့ အဖြူအမည်း ဖလင်ခေတ် ကတည်းက လျှမ်းလျှမ်းတောက် ကျော်ကြားတဲ့ မင်းသမီးကြီးတစ်ယောက်လည်း ဖြစ်သလို အမျိုးသမီးဒါရိုက်တာ တစ်ယောက်ဆိုလည်း မမှားပါဘူး။ အကယ်ဒမီဆုများစွာ ကိုလည်း လက်ဝယ်ပိုင်ဆိုင်နိုင် ခဲ့တဲ့ ဝါဝါဝင်းရွှေက အခုဆိုရင် အသက်ခုနှစ်ဆယ်ကျော် အရွယ်ကို ရောက်ရှိနေပြီး သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေ အပေါ်ကိုတော့ သံယောဇဉ်မပြတ်နိုင် သေးသူဖြစ်ပါတယ်။ ဝါဝါဝင်းရွှေကတော့ သူမကိုယ်တိုင် အသွေးအသားထဲက မြတ်နိုးတဲ့ အနုပညာအမွေတွေကို သားသမီးမြေးတွေရ တဲ့အထိ လက်ဆင့်ကမ်းပေး ထားနိုင်သူပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၁၂) ရက်နေ့ကတော့ ဝါဝါဝင်းရွှေရဲ့ သား ဝင်းထွဋ်ဝင်းရဲ့ သမီးငယ်လေးဖြစ်သူ ဝင်းဝါပန်းမြတ်သူရဲ့ အသက် (၁၇) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဝါဝါဝင်းရွှေကတော့ မြေးမလေး အတွက် “သိပ်ချစ်ရတဲ့ မြေးလေး Pinky ပန်း သွေး HAPPY BIRTHDAY. HAPPY LONG LIFE . ဒီနှစ်မွေးနေ့ မှာ တော့ ဖွားတို့နဲ့ ဝေးတဲ့ Singapore နိုင်ငံမှာရောက်နေရှာပြီပေါ့။ ငယ်စဉ်အခါ ပညာရှာ။ ဆိုတဲ့အတိုင်း ၊မြေးလေးရဲ့ ရည်မှန်းချက်တွေ အားလုံးပြည့်စုံပါစေ။ သွားလေရာ အန္တရယ်ကင်းလို့ ဘေးရှင်းပါစေ။ သူတော်ကောင်းများနဲ့သာ တွေ့စုံပါစေ။လို့ ဖွားဖွား မေတ္တာပို့ ဆုတောင်းပေးလိုက်ပါတယ်နော်။” ဆိုပြီး အမှတ်တရ မွေးနေ့ဆုမွန်ကောင်း တောင်းပေးလာခဲ့ပါတယ်။

ဝါဝါဝင်းရွှေနဲ့ မြေးမလေး နှစ်ယောက်ဖြစ်တဲ့ ဝါရွှေနွယ်သွေးဝင်းနဲ့ ဝင်းဝါပန်းမြတ်သူတို့ ကတော့ ဖွားဖွားကြီးရဲ့ အချောအလှတွေကို စုပြုံပြီးရရှိထား ကြတာမို့ ပရိသတ်တွေ ရဲ့ ချစ်ခင်မှုကို အပြည့်အဝ ရရှိထားသူလေးတွေ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း ဒီကနေ့ရဲ့ မွေးနေ့ရှင်လေး Pinky လေးအတွက် အမှတ်တရ မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment