Celebrity

အနှေးယာဉ် လုပ်သားများရဲ့ အိမ်ထောင်စု (၁၀၀) စာအတွက် စားသောက်ကုန်များလှူဒါန်းပေးခဲ့တဲ့ ဆောင်းအိနြေ္ဒထွန်း

Written by Ms Cele

အနှေးယာဉ် လုပ်သားများရဲ့ အိမ်ထောင်စု (၁၀၀) စာအတွက် စားသောက်ကုန်များလှူဒါန်းပေးခဲ့တဲ့ ဆောင်းအိနြေ္ဒထွန်း




Credit:Cele Zone

အနှေးယာဉ် လုပ်သားများရဲ့ အိမ်ထောင်စု (၁၀၀) စာအတွက် စားသောက်ကုန်များလှူဒါန်းပေးခဲ့တဲ့ ဆောင်းအိန္ဒြေထွန်း

မမဆောင်း ကတော့ လက်ရှိ အခြေအနေတွေမှာ ပြည်သူပရိသတ်တွေ နဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။တော်လှန်ရေး တိုက်ပွဲကြီးမှာ ရရာနေရာကနေတတ်နိုင်သလောက် ပါဝင်အားဖြည့်နေကြတဲ့ ပြည်သူတွေ အားလုံးနဲ့အတူ မမဆောင်းကလည်း အလှူလေးတွေနဲ့ တစ်တပ်တစ်အားပါဝင်နေတာပါ။

ခုလိုကာလမျိုးမှာ လက်လုပ် လက်စားပြည်သူတွေဟာ လုပ်ငန်း တာဝန်တွေကို အလွယ်တကူ မလုပ်နိုင်တာကြောင့် စားဝတ်နေရေး အခက်အခဲများစွာကို ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ဒီလို ခက်ခဲနေတဲ့ ပြည်သူတွေကို အနုပညာရှင် များစွာကလည်း ပြန်လည်ကြည့်ရှုကာ တတ်နိုင်သလောက် ထောက်ပံ့လှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာလည်း ဖြစ်ပါတယ်။

အခုလည်း မမဆောင်းက အနှေးယာဉ် လုပ်သားများရဲ့ အိမ်ထောင်စု (၁၀၀) စာအတွက် ဆီနဲ့ကြက်သွန်များကို တတ်နိုင်သလောက် လှူဒါန်းဖြစ်ခဲ့ကြောင်းသူရဲ့ အကောင့်လေးမှာ ဖော်ပြထားတာဖြစ်ပါတယ်။အလှူပုံလေးတွေကြည့်ပြီး ကြည်နူးပီတိဖြစ်မိတာကြောင့် ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။

Credit:Cele Zone
Photo – Saung Eaindaray Tun

About the author

Ms Cele

Leave a Comment