Celebrity


Written by Ms Cele






အပြင်ထွက်ရန် နန္ဒာလှိုင်ဆီ ကနေ ခွင့်ပြုချက် ရဖို့ သူ့ကို ပါမစ်တောင်း ခိုင်းတဲ့ ယောက်ဖ အကြောင်းကို ဖောက်သည်ချလိုက်တဲ့ မောင်

နိုင်ငံကျော် အနုပညာ မောင်နှမ နှစ်ယောက်ဖြစ်တဲ့ နန္ဒာလှိုင်နဲ့ မောင်တို့ ကတော့ ဗီဒီယို ဇာတ်ကား တော်တော် များများမှာ အတူတူတွဲဖက် သရုပ်ဆောင် ဖူးတဲ့ မောင်နှမ နှစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိ မှာလည်း နန္ဒာလှိုင်က မိသားစုတစ်ဖက်နဲ့ အနုပညာ အလုပ်တွေ မလုပ်ကိုင်တော့သလို မောင်ကလည်း အလုပ်တွေ တစ်ဖက်ကြောင့် အနုပညာလောကနဲ့ လုံးဝ အဆက်အသွယ် ပြတ်တောက် သွားတာပဲ ဖြစ်ပါတယ်။ မောင်နဲ့ နန္ဒာလှိုင်တို ့မောင်နှမ နှစ်ယောက် စလုံးက အနုပညာ အလုပ်တွေ မလုပ်ကိုင်ဖြစ် တော့ပေမယ့် ပရိသတ် တွေရဲ့ ချစ်ခင် အားပေးခြင်းကို အပြည့်အဝ ရရှိပိုင်ဆိုင် ထားတာပဲ ဖြစ်ပါတယ်။

ပျော်ရွှင်စရာ ကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထား သလို တစ်ယောက်နဲ့ တစ်ယောက် အမြဲတမ်း စစနောက်နောက် ရှိကြတဲ့ မောင်နဲ့ နန္ဒာလှိုင်ရဲ့ခင်ပွန်း ကိုဇေသီဟ တို့ကတော့ ပရိသတ်တွေရဲ့ သဘောကျ ခြင်းကို အမြဲတမ်းခံရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ မှာလည်း မောင်က အပြင်ထွက်ဖို့ အစ်မဖြစ်သူ နန္ဒာလှိုင်ဆီကနေ ပါမစ်တောင်း ခိုင်းတဲ့ ယောက်ဖ ကိုဇေသီဟအကြောင်းကိုပြောရင်း “နောက်ဆုံးတော့ ယောက်ဖ ကိုပဲ အားကိုးရတာပါပဲ 😏😏😏” ဆိုပြီး အားလုံးသိအောင် ဖောက်သည်ချလာတာပဲ ဖြစ်ပါတယ်။

မောင်ကတော့ အပြင်ထွက်ဖို့ နန္ဒာလှိုင် ကိုကြောက် နေရတဲ့ ယောက်ဖတော် အကြောင်းကို သဘောကျစွာနဲ့ မျှဝေပေးလာ တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကိုဇေသီဟရဲ့ အဖြစ်ကိုကြည့်ပြီး သဘောကျနေကြ မယ်လို့ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment