Celebrity


Written by Ms Cele





Credit:Cele Zone

အပြင်ထွက် လည်ရင် အရမ်းပျော်တဲ့ သားလေးကို မကြာခဏ အတူတူ လမ်းလျှောက် ထွက်ပေးတဲ့ ပိုးအိအိခန့်

တဖြေးဖြေးနဲ့အရွယ် ရောက်လာတဲ့ သားလေးကို ချစ်မဝနိုင်ဖြစ်ပြီး မြန်မြန် အရွယ်ရောက်မှာ တောင် စိုးရိမ်တယ်ဆိုတဲ့ မေမေ ပိုးအိအိခန့်တစ်ယောက် သားလေးနဲ့အတူ အိမ်အနီးအနားမှာ လမ်းလျှောက်ထွက် နေခဲ့ပါတယ်။ အိမ်ထဲမှာနေရတာကြာလို့ မွန်းကျပ်နေတဲ့ သားလေးကို အပြင်လောကရဲ့ စိမ်းစိမ်းစိုစို သဘာဝတရားတွေ ကိုလည်း သူမက သိစေမြင်စေ ချင်ခဲ့ပါတယ်။

အခါလည်ကျော် လာခဲ့ပြီဖြစ်တဲ့ ကလေးလေးဟာ ဖေဖေ မေမေတို့ရဲ့ အသည်းနှလုံးလေးတင်မက ပရိသတ်တွေရဲ့ အချစ်တော်လေး လည်းဖြစ်ခဲ့ပါတယ်။ ဖေဖေနဲ့ မတူဘဲချစ်စရာကောင်းတယ် ဆိုတဲ့ သူငယ်ချင်းတွေရဲ့ စနောက်မှုကိုလည်း ဖေဖေအောင်သူက မြက်ခင်းပေါ်ပြေးတာချင်းတော့ တူပါတယ်ဆိုပြီး ခပ်နောက်နောက်လေးပြန်ပြောခဲ့ ပါသေးတယ်။

မေမေ့ကိုချောမောပြီး ဖေဖေ့ကို အရည်အချင်းပြည့်ဝတဲ့ အားကစား သမားကြီးတစ်ယောက် ဖြစ်လာဖို့ ကိုတော့ အားလုံးကမျှော်လင့် နေခဲ့ကြပါတယ်။ အရွယ် ရောက်လာလို့ ရည်ရွယ်ချက်တွေ ရှိလာတဲ့ အခါမှာလည်း ကိုးလေးရဲ့ဆန္ဒအတိုင်း မိဘတွေက ဖြည့်ဆည်း ပေးဖို့ အသင့်ပါပဲ။ ချစ်စရာကိုးလေး ကတော့ စိမ်းစိမ်းစိုစို လောကကြီးကိုကြည့်ပြီး ပျော်မဆုံးဖြစ် နေခဲ့ပါတယ်။

Credit:Cele Zone

About the author

Ms Cele

Leave a Comment