Celebrity

အျပင္မွာ တစ္သက္လုံး ဒီပုံစံ အတိုင္းပဲ ေနေတာ့ မယ့္ အေၾကာင္းရင္း ကို ေျပာလုိက္တဲ့ ျမန္မာနိုင္ငံက ကိုခ်ာလီ

Written by Ms Cele

အျပင္မွာ တစ္သက္လုံး ဒီပုံစံ အတိုင္းပဲ ေနေတာ့ မယ့္ အေၾကာင္းရင္း ကို ေျပာလုိက္တဲ့ ျမန္မာနိုင္ငံက ကိုခ်ာလီ

အသံတိတ္႐ုပ္ရွင္ ေခတ္က လူအမ်ား အားေပးခဲ့ၾကတဲ့ သ႐ုပ္ေဆာင္ခ်ာလီခ်ပလင္ ကေတာ့ အခုအခ်ိန္ထိ ျမင္လိုက္ သူတိုင္းကို ျပဳံးေပ်ာ္သြားေစတဲ့ သ႐ုပ္ေဆာင္တစ္ဦးပါ။

ရန္ကုန္ၿမိဳ႕က ခ်ာလီခ်ပလင္ကို႐ူးသြပ္တဲ့ ပရိသတ္တစ္ဦးကေတာ့ သူ႐ူးသြပ္တဲ့အႏုပညာဇာတ္႐ုပ္ျဖစ္တဲ့ ခ်ာလီခ်ပလင္ပုံစံအတိုင္းေနေနခဲ့တာ ၁၀ႏွစ္နီးပါးရွိၿပီးလို႔သိရပါတယ္။

ခ်ာလီခ်ပလင္ဇာတ္႐ုပ္ကို ႐ူးသြပ္တဲ့ ကိုခ်ာလီကေတာ့
“ကၽြန္ေတာ္အခုဆို ၁၀ႏွစ္နီးပါးေလာက္ ရွိသြားၿပီေပါ့ေနာ္ ဒီပုံစံအတိုင္းေလးပဲ ႐ူးသြပ္တာေတာ့ ေတာ္ေတာ္႐ူးသြပ္တယ္ သေဘာလည္းက်တယ္ ဒီတုတ္ေကာက္ တို႔ဘာတို႔ ကိုယ္တိုင္ပဲဖန္တီးထားတာ”

“ကၽြန္ေတာ္ကေတာ့ ေသတဲ့အထိ မေျပာင္းလဲဘဲ ခ်ာလီခ်ာပလင္ အတိုင္းပဲ ဒီအတိုင္းပဲေနမယ္ အႏုပညာအေန နဲ႔ေခၚရိုက္လည္း ရိုက္မယ္ မရိုက္လည္း ေသတဲ့ အထိ ဒီလိုပဲေနမယ္ဆုံးျဖတ္ထားတယ္”

“ကိုယ္ကလည္း သူမ်ားေပ်ာ္ရႊင္ေအာင္ လုပ္ေပးတယ္ ကၽြန္ေတာ္မိသားစု အတြက္လည္း မ်က္ႏွာမငယ္ရေအာင္ အရင္က တကၠစီ ဆြဲတယ္ အခုေတာ့ ကၽြန္ေတာ့္ေဘာစိအိမ္ မွာ ကားေမာင္းပါတယ္” လို႔ဆိုပါတယ္။

သူ႔ရဲ့အႏုပညာရယ္ မိသားစုစားဝတ္ေနေရးနဲ႔ပတ္သတ္ၿပီး
“ရိုက္ကူးေရးတို႔ဘာ တို႔ဆိုရင္ ကၽြန္ေတာ့္ အမ်ိဳးသမီးက အဝတ္အစားကအစ ဖန္တီးေပးတယ္ အက်ီအဝတ္အစား ဝယ္ေပးတာကအစ ကၽြန္ေတာ့္အမ်ိဳးသမီးက ကၽြန္ေတာ့္ကိုအမ်ားႀကီးပံ့ပိုးေပးတယ္”

“မိသားစုေတြအားလုံးက ကၽြန္ေတာ့္ပုံစံကို အားေပးၾကပါတယ္ ကိုဗစ္ေၾကာင့္စားဝတ္ေနေရးဒုကၡေရာက္တဲ့ အေပၚ ေနာင္တေတာ့မရပါဘူး ကိုဗစ္ ဒုတိယလွိုင္းျဖစ္လာေတာ့ အႏုပညာ အလုပ္မလုပ္ျဖစ္ဘူး ကၽြန္ေတာ့္ကိုေခၚရင္ေတာ့ ဝင္ရိုက္တယ္ အခုေနာက္ပိုင္း အႏုပညာလည္း မလုပ္ျဖစ္ တကၠစီလည္းမေမာင္းျဖစ္ဘူး ျဖစ္ေနတာေပါ့”

“သူတို႔ေခၚရင္ ဇာတ္႐ုပ္နဲ႔ကိုက္မွ ေခၚရိုက္တာေပါ့ ကၽြန္ေတာ္က ဒီပုံစံအတိုင္းပဲသေဘာက်တယ္ အဲ့တာေၾကာင့္လည္း ကၽြန္ေတာ္ ဒီပုံစံအတိုင္းပဲႏွစ္ၾကာ ရွည္ေနတယ္ ကၽြန္ေတာ့္ဟာေတြအကုန္ကလည္းအစစ္ေတြ ” လို႔ဆိုပါတယ္။

ကိုခ်ာလီကေတာ့
“လူေတြက ကၽြန္ေတာ့္ကို ေတြ႕ရင္ေပ်ာ္ၾကတယ္ ကၽြန္ေတာ္ကလည္းဝမ္းသာတယ္ ကိုဗစ္ေၾကာင့္Mask တပ္ရေပမယ့္ ကၽြန္ေတာ္ကေတာ့ ဒီႏႈတ္ခမ္းေမႊးကိုထားမွာပဲ mask ျဖဳတ္လိုက္ခ်ိန္ ကၽြန္ေတာ့္ကိုျမင္လိုက္တဲ့သူက ဟိုမွာ ခ်ာလီဆိုၿပီး ေပ်ာ္သြားရင္ ေက်နပ္တယ္”လို႔ ဆိုကာ ပရိသတ္ေတြ ကိုလည္း
“မိသားစုအားလုံး က်န္းမာၾကပါေစ”လို႔ အမွတ္တရ အေနနဲ႔ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Shwe Yaung Myanmar

အပြင်မှာ တစ်သက်လုံး ဒီပုံစံ အတိုင်းပဲ နေတော့ မယ့် အကြောင်းရင်း ကို ပြောလိုက်တဲ့ မြန်မာနိုင်ငံက ကိုချာလီ

အသံတိတ်ရုပ်ရှင် ခေတ်က လူအများ အားပေးခဲ့ကြတဲ့ သရုပ်ဆောင်ချာလီချပလင် ကတော့ အခုအချိန်ထိ မြင်လိုက် သူတိုင်းကို ပြုံးပျော်သွားစေတဲ့ သရုပ်ဆောင်တစ်ဦးပါ။

ရန်ကုန်မြို့က ချာလီချပလင်ကိုရူးသွပ်တဲ့ ပရိသတ်တစ်ဦးကတော့ သူရူးသွပ်တဲ့အနုပညာဇာတ်ရုပ်ဖြစ်တဲ့ ချာလီချပလင်ပုံစံအတိုင်းနေနေခဲ့တာ ၁ဝနှစ်နီးပါးရှိပြီးလို့သိရပါတယ်။

ချာလီချပလင်ဇာတ်ရုပ်ကို ရူးသွပ်တဲ့ ကိုချာလီကတော့
“ကျွန်တော်အခုဆို ၁ဝနှစ်နီးပါးလောက် ရှိသွားပြီပေါ့နော် ဒီပုံစံအတိုင်းလေးပဲ ရူးသွပ်တာတော့ တော်တော်ရူးသွပ်တယ် သဘောလည်းကျတယ် ဒီတုတ်ကောက် တို့ဘာတို့ ကိုယ်တိုင်ပဲဖန်တီးထားတာ”

“ကျွန်တော်ကတော့ သေတဲ့အထိ မပြောင်းလဲဘဲ ချာလီချာပလင် အတိုင်းပဲ ဒီအတိုင်းပဲနေမယ် အနုပညာအနေ နဲ့ခေါ်ရိုက်လည်း ရိုက်မယ် မရိုက်လည်း သေတဲ့ အထိ ဒီလိုပဲနေမယ်ဆုံးဖြတ်ထားတယ်”

“ကိုယ်ကလည်း သူများပျော်ရွှင်အောင် လုပ်ပေးတယ် ကျွန်တော်မိသားစု အတွက်လည်း မျက်နှာမငယ်ရအောင် အရင်က တက္ကစီ ဆွဲတယ် အခုတော့ ကျွန်တော့်ဘောစိအိမ် မှာ ကားမောင်းပါတယ်” လို့ဆိုပါတယ်။

သူ့ရဲ့အနုပညာရယ် မိသားစုစားဝတ်နေရေးနဲ့ပတ်သတ်ပြီး
“ရိုက်ကူးရေးတို့ဘာ တို့ဆိုရင် ကျွန်တော့် အမျိုးသမီးက အဝတ်အစားကအစ ဖန်တီးပေးတယ် အကျီအဝတ်အစား ဝယ်ပေးတာကအစ ကျွန်တော့်အမျိုးသမီးက ကျွန်တော့်ကိုအများကြီးပံ့ပိုးပေးတယ်”

“မိသားစုတွေအားလုံးက ကျွန်တော့်ပုံစံကို အားပေးကြပါတယ် ကိုဗစ်ကြောင့်စားဝတ်နေရေးဒုက္ခရောက်တဲ့ အပေါ် နောင်တတော့မရပါဘူး ကိုဗစ် ဒုတိယလှိုင်းဖြစ်လာတော့ အနုပညာ အလုပ်မလုပ်ဖြစ်ဘူး ကျွန်တော့်ကိုခေါ်ရင်တော့ ဝင်ရိုက်တယ် အခုနောက်ပိုင်း အနုပညာလည်း မလုပ်ဖြစ် တက္ကစီလည်းမမောင်းဖြစ်ဘူး ဖြစ်နေတာပေါ့”

“သူတို့ခေါ်ရင် ဇာတ်ရုပ်နဲ့ကိုက်မှ ခေါ်ရိုက်တာပေါ့ ကျွန်တော်က ဒီပုံစံအတိုင်းပဲသဘောကျတယ် အဲ့တာကြောင့်လည်း ကျွန်တော် ဒီပုံစံအတိုင်းပဲနှစ်ကြာ ရှည်နေတယ် ကျွန်တော့်ဟာတွေအကုန်ကလည်းအစစ်တွေ ” လို့ဆိုပါတယ်။

ကိုချာလီကတော့
“လူတွေက ကျွန်တော့်ကို တွေ့ရင်ပျော်ကြတယ် ကျွန်တော်ကလည်းဝမ်းသာတယ် ကိုဗစ်ကြောင့်Mask တပ်ရပေမယ့် ကျွန်တော်ကတော့ ဒီနှုတ်ခမ်းမွှေးကိုထားမှာပဲ mask ဖြုတ်လိုက်ချိန် ကျွန်တော့်ကိုမြင်လိုက်တဲ့သူက ဟိုမှာ ချာလီဆိုပြီး ပျော်သွားရင် ကျေနပ်တယ်”လို့ ဆိုကာ ပရိသတ်တွေ ကိုလည်း
“မိသားစုအားလုံး ကျန်းမာကြပါစေ”လို့ အမှတ်တရ အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်။

Credit:Shwe Yaung Myanmar

About the author

Ms Cele

Leave a Comment