Celebrity


Written by Ms Cele






အပြစ်ကင်းစင်တဲ့ အပြုံးလေးကို အမြဲတမ်း ပိုင်ဆိုင်ထားရတဲ့ အကြောင်းအရင်းကို ပြောပြလာတဲ့ ပိုင်တံခွန်

ချိုသာတဲ့ အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသားချော ပိုင်တံခွန်ကတော့ ပြည်တွင်းမှာ သာမက ပြည်ပနိုင်ငံတွေထိ ထိုးဖောက်အောင်မြင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ နာမည်ကြီး မင်းသားတစ်ယောက် ဖြစ်ပေမယ့် ကိုယ့်ကိုကိုယ်နှိမ်ချနေထိုင် တတ်ပြီး အောင်မြင်မှုဂုဏ်မမောက်မာ တတ်တာကြောင့် ပရိသတ်သာမက အနုပညာအသိုင်းအဝိုင်း ကတောင် ချီးကျူးရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုင်တံခွန် ကတော့ သူ့ရဲ့ ပရိသတ်တွေ အားပေးရကျိုးနပ်အောင် သူ့ရဲ့စိတ်ရောကိုယ်ပါ အေးချမ်းမှုရှိအောင် နေတဲ့အပြင် အနုပညာအလုပ် တွေကိုလည်း ကြိုးစားလုပ်ကိုင် နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ပိုင်တံခွန်က သူ့အနေနဲ့ လူတကာ ချစ်ခင်လေးစားရတဲ့ နာမည်ကြီး မင်းသား တစ်ယောက်ဖြစ် ပေမယ့် ချေမိုးနေခြင်း မရှိပဲ အမြဲတမ်းပြုံးချိုနေတဲ့ အကြောင်း အရင်းကို အခုလိုပဲ ပြောပြလာ ပါတယ်။ ပိုင်တံခွန်က “သိသိ မသိသိ အပြင်မှာဆုံရင် ကျနော့်ဘက်က စပြုံးပြတတ်တဲ့အကျင့်ရှိတယ်။ တနည်းအားဖြင့် မင်္ဂလာပါဆိုတဲ့ သဘော 🥰” ဆိုပြီး သူ့ကိုကြည့်လိုက်ရင် အမြဲတမ်း ပြုံးပြုံးလေးပဲ နေထိုင်တတ်တဲ့အကြောင်းကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ ကမ္ဘာကျော်မင်းသား တစ်ယောက်ဖြစ်ပေမယ့် သူ့ကိုအားပေး ရတဲ့ ပရိသတ်တွေ တစ်ယောက်ချင်းစီတိုင်းကို လေးလေး စားစား ဆက်ဆံတတ်သူ တစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကို လေးစားတဲ့ ပိုင်တံခွန် တစ်ယောက် ဒီထက်မက အောင်မြင်မှုအဓွန့်ရှည်ပါစေလို့ ဆန္ဒပြုလုက် ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment