Celebrity


Written by Ms Cele





Credit:Cele Chithu

အွန်လိုင်းကနေ ချစ်သူတွေ ဖြစ်သွား ကြတဲ့ နိုင်ငံခြားက ဒေါက်တာလေးနဲ့ မေမီကိုကို တို့ရဲ့ အချစ်ရေးကို ဂုဏ်ပြုလိုက်တဲ့ ဖြိုးရာဇာနိုင်

ပရိသတ်ကြီးရေ သရုပ်ဆောင်ဖြိုးရာဇာနိုင် နဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက် ဘူးထင်ပါတယ်။ ဖြိုးရာဇာနိုင်က “မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာ မာန…အစရှိတဲ့ ဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကြောင့် အနုပညာလောကမှာ နေရာတစ်နေရာစာ အဖြစ်ရရှိလာတဲ့သူတစ်ဦးပါပဲ။

သူဟာဆိုရင် သူငယ်ချင်း ဖြစ်သူ လပြည့်နဲ့ အတူ Online Live Saleရောင်းချရင်း သာယာတဲ့နေ့ရက်လေး တွေကို ဖြတ်သန်းနေတဲ့သူ တစ်ဦးပဲဖြစ်ပါတယ်။ ဖြိုးရာဇာနိုင် ကတော့ လတ်တလောမှာ ဈေးရောင်းချရင်း ပရိသတ်တွေနဲ့ ပိုမိုရင်းနှီးလာ တာပါပဲနော်။ သူရဲ့အားလပ်ချိန်တိုင်း မှာလည်း သူငယ်ချင်းတွေ နဲ့အတူ အမှတ်တရ ပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။

ဒီဇင်ဘာ(၃၁)ရက်နေ ့မှာတော့ ဖြိုးရာဇာနိုင်က”ဟိတ် Congratulations သူငယ်ချင်း နဲ့ Dr ရေ”လို့ဆိုပြီး သူငယ်ချင်းဖြစ်သူ မေမီကိုကိုရဲ့Official ချပြလိုက်တဲ့ အချစ်ရေးလေးကို ဂုဏ်ပြုစကားဆိုလိုက် တာလေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့ တာပဲဖြစ်ပါတယ်။ သူငယ်ချင်းဖြစ်သူ မေမီကိုကို အတွက် ဂုဏ်ပြုစကားပြောဆို လိုက်တာလေးကို ပရိသတ်တွေ အတွက်ပြန်လည်ပြီး မျှဝေပေး လိုက်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေ အားလုံး သာယာပျော်ရွှင်တဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ဆုတောင်းပေး လိုက်ပါ တယ်နော်။

Credit:Cele Chithu

About the author

Ms Cele

Leave a Comment