Celebrity


Written by Ms Cele





Credit:Cele Wave

အကြမ်းစား လေ့ကျင့်မှု လေးကို ပရိတ်သတ်တွေ အံ့သြ သွားအောင် တင်ပေး လိုက်တဲ့ သင်ဇာဝင့်ကျော်ရဲ့ ဗီဒီယိုလေး

ကျစ်လစ် သွယ်လျ တဲ့ ကိုယ်လုံး အမိုက် စားလေး ကို ပိုင်ဆိုင် ထားပြီး ပုရိသ တွေ သာမက ဘဲ မိန်းကလေး ချင်း တောင် လည်ပြန် ငေးမောရ လောက်အောင် လှ ရက်နိုင်လွန်း သူလေး ကတော့ သရုပ် ဆောင် မင်းသမီး ချောလေး သင်ဇာဝင့်ကျော် ပဲ ဖြစ်ပါ တယ် ။ သူမ ကတော့ ခေတ်ရှေ့ပြေး ဖက်ရှင် လေးတွေ ဝတ်ဆင် တဲ့ အခါတွင် လည်း လိုက်ဖက် မှုရှိ လွန်းတာ ကြောင့် အားလုံး က ကြွေနေ ရတာပါ ။ သင်ဇာဟာ ဗီဒီယို ဇာတ်ကား ခေတ်မှ စပြီး ယနေ့ ချိန်ထိ အောင်မြင်မှုတွေ ကို ထိန်း သိမ်း ထား နိုင်တဲ့ မင်းသမီး လေး တစ်လက် လည်း ဖြစ် ပါ တယ် ။

လတ်တလော မှာ တော့ သင်ဇာ တစ် ယောက် ကြော်ငြာလေး တွေ တောက်လျှောက် ရိုက်ကူး နေရတာပဲ ဖြစ် ပါ တယ် ။ သူမရဲ့ အမိုက်စား ပုံရိပ် တွေနဲ့ ဗီဒီယို လေးတွေဟာ လည်း ကြည့်မိသူတိုင်း ဟင်ခနဲ ဟာခနဲ ဖြစ်သွားရ လောက်အောင် ကိုပင် ဂေါ်လွန်းနေ တာပဲ ဖြစ်ပါတယ်။ သင်ဇာ က တော့ သူမရဲ့ လှုပ် ရှား မှုတိုင်း ကိုလည်း ပရိသတ် တွေ သိရှိနိုင် အောင် အမြဲတင်ပေး နေတာ လည်း ဖြစ်ပါ တယ်။ မနေ့က လည်း သူမ ရဲ့ လူမှု ကွန်ယက် စာမျက်နှာ မှာ ဗီဒီယို လေး တစ်ခု တင် ထားတာ ပဲ ဖြစ် ပါ တယ် ။

ဒါ ကတော့ ကြည့်မိသူ တိုင်း အံ့သြ မှင်သက် သွားရ လောက်အောင် ကျောပြင်ပေါ် ကို အလေးတုံးကြီး တင်ကာ လေ့ကျင့် ခန်း တွေ အပြင်း အထန် လုပ်နေ တဲ့ သင်ဇာဝင့်ကျော် ရဲ့ Video လေး ဖြစ် ပါ တယ် ။ ဒီလို လေ့ကျင့်ခန်း တွေ အမြဲပြု လုပ်နေ တာကြောင့် လည်း သူမရဲ့ ကိုယ်လုံး လေးက တစ်နေ့ ထက် တစ်နေ့ ပိုပိုပြီး လှပလာတာ လည်း ဖြစ် ပါ တယ် ။ ပရိသတ်တွေ လည်း ကြည့်ရှု ခံစားနိုင် အောင် သင်ဇာဝင့်ကျော် ရဲ့ ဗီဒီယိုလေး ကို တစ်ဆင့် ပြန်လည် ကူးယူ တင်ဆက် ပေးလိုက်ရပါတယ်နော် ။

Credit:Cele Wave

About the author

Ms Cele

Leave a Comment