Celebrity
အမြဲတမ်းသူမဘေးမှာ အချိန်တိုင်းရှိနေပေးတဲ့ အချစ်ဆုံးသူငယ်ချင်း ယွန်းယွန်းကို အရမ်းချစ်ကြောင်း ရေးသားဖော်ပြလိုက်တဲ့ သဇင်ထူးမြင့်
Written by Ms Cele
TWWH(Pay Phu Hlwar)
ပရိသတ်ကြီးရေ သဇင်ထူးမြင့်ဟာဆိုရင် အနုပညာလောကမှာအောင်မြင်မှုတွေကို အချိန်တိုအတွင်းရရှိပိုင်ဆိုင်ခဲ့ပြီး ငယ်ရွယ်နုပျိုတဲ့ ချစ်စရာမင်းသမီးလေးတစ်လက်ပဲ ဖြစ်ပါတယ်နော်။ဖခင်ရဲ့အနုပညာအမွေအနှစ်တွေကို ရရှိပိုင်ဆိုင်ထားပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုလည်း များစွာရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ချစ်ရတဲ့သူငယ်ချင်းဖြစ်သူ ယွန်းယွန်းနဲ့လည်း အနုပညာလှုပ်ရှားမှုတွေ အတူတူလုပ်ဆောင်ကြရင်း ချစ်ခင်ရင်းနှီးနေခဲ့တာပဲဖြစ်ပါတယ်။
ယခုလက်ရှိမှာတော့ သဇင်ထူးမြင့်ဟာတော်လှန်ရေးကာလတွေမှာ ပါဝင်လှုပ်ရှားခဲ့တာကြောင့် ခေတ္တတိမ်းရှောင်နေ ရတာပဲဖြစ်ပါတယ်။သူငယ်ချင်းဖြစ်သူ ယွန်းယွန်းကလည်း သူမအတွက်စိတ်မကောင်း ဖြစ်နေတာပါနော်။ချစ်ရတဲ့သူငယ်ချင်းနှစ်ယောက် ဝေးနေကြပေမယ့် လိုအပ်တဲ့အချိန်တိုင်းကူညီပေးနေတာ ဖြစ်ပါတယ်။သဇင်ထူူးမြင့်က သူမလိုအပ်တဲ့အချိန်တိုင်း အနားမှာအမြဲရှိနေပေးတဲ့ ယွန်းယွန်းအတွက် အမှတ်တရစကားလေးတစ်ခွန်းကို သူမရဲ့ဖေ့ဘွတ်စာမျက်နှာမှာရေးသားတင်ပြထားတာကိုတွေ့ရပါတယ်။
သဇင်ထူးမြင့်က” အချိန်တိုင်းကို ငါ့အတွက်ရှိနေပေးတယ် အရမ်းချစ်တယ် “ဆိုပြီးရေးသားထားပါတယ်နော်။ ဘဝမှာသူငယ်ချင်းကောင်းတွေ ရရှိပိုင်ဆိုင် ထားခြင်းဟာ အရမ်းကို ကံကောင်းလွန်းပါတယ်။ သဲနဲ့ယွန်းယွန်းတို့သူငယ်ချင်းနှစ်ယောက် အမြန်ဆုံး ပြန်လည်တွေ့ဆုံနိုင် ပါစေလို့ဆုတောင်းပေး ပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။
Source:Thazin Htoo Myint’s fb
TWWH(Pay Phu Hlwar)
About the author
Ms Cele
Leave a Comment