Celebrity

အႏုပညာရွင္ မ်ားရဲ႕ ဂုဏ္ျပဳခ်ီးက်ဴး စကားဆိုျခင္းကိုခံရတဲ့ အလွမယ္ ဟန္ေလး

Written by Ms Cele

အႏုပညာရွင္ မ်ားရဲ႕ ဂုဏ္ျပဳခ်ီးက်ဴး စကားဆိုျခင္းကိုခံရတဲ့ အလွမယ္ ဟန္ေလး

ထိုင္းနိုင္ငံမွာ မတ္လ ၂၇ ရက္ေန႔က ျပဳလုပ္ က်င္းပခဲ့တဲ့ “Miss Grand International 2020” ၿပိဳင္ပြဲႀကီး မွာ ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့တဲ့ အလွမယ္ ဟန္ေလးဟာ Top 20 အထိသာ ပါဝင္ခဲ့ပါတယ္။ အဲဒီပြဲမွာ အခြင့္အေရး တခုအေနနဲ႔ “Stop The War & Violence” ေခါင္းစဥ္ နဲ႔ ျမန္မာျပည္က လက္ရွိ စစ္ အာဏာရွင္မ်ားရဲ့ အၾကမ္း ဖက္မႈ အေျခအေနမ်ားကို ေျပာခြင့္ရခဲ့ပါတယ္။ အဲဒီလို Speak Out လုပ္ခဲ့တဲ့ အလွမယ္ ဟန္ေလးကို အႏုပညာ အသိုင္းအဝိုင္းမွ ဂုဏ္ျပဳစကားမ်ား လူမႈကြန္ရက္မွာ ေရးသား ခဲ့ၾကပါတယ္။ကိုယ့္နိုင္ငံရဲ့ ျဖစ္ပ်က္ေနတဲ့ အေၾကာင္း အရာေတြကို အေကာင္းဆုံး တင္ဆက္ ေျပာျပသြားနိုင္တဲ့ “Miss Grand Myanmar 2020” ဟန္ေလး အတြက္ အထူးဂုဏ္ယူ ဝမ္းေျမာက္တယ္လို႔ ဥကၠာမင္းေမာင္က ေရးသားထားပါတယ္။ “နိုင္ငံတကာ စင္ျမင့္ထက္မွာ ကိုယ့္နိုင္ငံရဲ့ အခုျဖစ္ပ်က္ေနတဲ့ အေၾကာင္း အရာေတြ အေကာင္းဆုံး တင္ဆက္ ေျပာျပသြားနိုင္တဲ့ Miss Grand Myanmar 2020 ညီမေလး ဟန္ေလးအတြက္ အထူးဂုဏ္ယူ ဝမ္းေျမာက္ေၾကာင္း ေျပာခ်င္ပါတယ္။ ကိုယ္ရရွိထားတဲ့ Crown နဲ႔ ေနရာနဲ႔ အခြင့္အေရးကို ေကာင္းေကာင္း အသုံးျပဳသြားနိုင္ခဲ့တဲ့ ညီမေလးေရ။ အစစအရာရာ အဆင္ေျပပါေစေနာ္”လို႔ ဥကၠာမင္းေမာင္က ေျပာပါတယ္။

ထိုင္းနိုင္ငံ အေျခစိုက္ Miss Grand International က ဟန္ေလးကို ေစာင့္ေရွာက္ ကူညီေပးတာ ေက်းဇူး အမ်ားႀကီးတင္ တယ္လို႔ ခင္ဝင့္ဝါက ေရးသားထားပါတယ္။ “အခုလို က်မ တို႔ရဲ့ Miss Myanmar ကို ေစာင့္ေရွာက္ ကူညီေပးတာ ေက်းဇူးအမ်ားႀကီး တင္ပါတယ္။ Miss Grand International အရာ ရာတိုင္းအတြက္ ေက်းဇူးပါ ညီမေလးေရ။ အေရးေတာ္ပုံ ေအာင္ေတာ့မွ ျမန္မာျပည္ ျပန္ခဲ့ဖို႔ မွာခ်င္ပါတယ္။ အစစအရာရာ ဂ႐ုစိုက္ပါေနာ္ ”လို႔ ခင္ဝင့္ဝါက ေျပာပ ါတယ္။ဆက္လက္ၿပီး ပိုးၾကာျဖဴခင္က ဆန္ခါ တင္ Top 20 ဝင္ခဲ့တဲ့ အတြက္လည္း အရမ္းဂုဏ္ယူ တယ္လို႔ ေရးသားထားပါတယ္။ “Thank you Miss Grand Myanmar ဟန္ေလး၊ ယေန႔ ျမန္မာျပည္ အေၾကာင္း ရဲရဲဝံ့ဝံ့ ထုတ္ေဖာ္ ေျပာၾကားေပးတဲ့ အတြက္ေက်းဇူးအမ်ားႀကီး တင္ပါတယ္။ ဆန္ခါတင္ Top 20 ဝင္ခဲ့တဲ့အတြက္လည္း အစ္မ အရမ္းဂုဏ္ယူပါတယ္”လို႔ ပိုးၾကာျဖဴခင္က ေျပာထားပါတယ္။

ျမန္မာ စစ္ေကာင္စီ၏ ယုတ္မာ မႈမ်ားႏွင့္ ျပည္သူမ်ား သတ္ျဖတ္ခံ ေနရမႈ၊ မတရား အသက္ဆုံးရႈံး ေနရတဲ့ Video Clip မ်ားကို ျပသကာ ျပည္ သူမ်ားကို ကယ္ရန္ အသနားခံခဲ့တဲ့ ဟန္ေလးကို ဂုဏ္ယူတယ္လို႔ ညီနႏၵက ဆိုပါတယ္။ “ေလးစားစြာေက်းဇူးတင္ပါတယ္ ညီမေလး။ ကမၻာ့တတိယ အႀကီးအက်ယ္ အခမ္း နားဆုံးျဖစ္ၿပီး၊ စစ္ပြဲႏွင့္ အၾကမ္းဖက္ မႈမ်ား ရပ္တန႔္ေစရန္ ရည္ရြယ္တဲ့ Miss Grand Internationl ၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ခဲ့တဲ့ ျမန္မာ ကိုယ္စားျပဳ အလွမယ္ ဟန္ေလးဟာ အထူးအခြင့္အေရး တရပ္ ရရွိ ခဲ့ပါတယ္”“ျမန္မာ စစ္ေကာင္စီ၏ ယုတ္မာမႈမ်ားႏွင့္ ျပည္သူမ်ား သတ္ျဖတ္ခံေနရမႈ၊ မတရား အသက္ဆုံးရႈံးေနရတဲ့ Video Clip မ်ားကို စင္ျမင့္ထက္ မွ တကမၻာလုံးက သန္းခ်ီေသာ ၾကည့္ရႈသူမ်ားကို ျပသကာ ငိုယိုၿပီး ျမန္မာျပည္သူ ျပည္သား မ်ားအား အျမန္ဆုံး ကယ္တင္ရန္ အသနားခံ ေတာ ဆိုခဲ့ပါတယ္။ ေက်းဇူးပါ Miss Grand International Org၊ Miss Myanmar ဟန္ေလး Top 20 မင္းရဲ့ သတၱိရွိမႈအတြက္ ဂုဏ္ယူပါ တယ္။ အေရးေတာ္ပုံ ေအာင္ရမည္”လို႔ ညီနႏၵက ေျပာထားပါတယ္။ “Miss Grand International 2020” ဖိုင္နယ္ၿပိဳင္ပြဲ မွာ အလွမယ္ ဟန္ေလးက Top 20 အထိ ဝင္ခဲ့ၿပီး သရဖူ ကိုေတာ့ အေမရိကန္အလွ မယ္ Abena Appiah က ရရွိခဲ့ပါတယ္။

Source:irrwady Burmese

အနုပညာရှင် များရဲ့ ဂုဏ်ပြုချီးကျူး စကားဆိုခြင်းကိုခံရတဲ့ အလှမယ် ဟန်လေး

ထိုင်းနိုင်ငံမှာ မတ်လ ၂၇ ရက်နေ့က ပြုလုပ် ကျင်းပခဲ့တဲ့ “Miss Grand International 2020” ပြိုင်ပွဲကြီး မှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ဟန်လေးဟာ Top 20 အထိသာ ပါဝင်ခဲ့ပါတယ်။ အဲဒီပွဲမှာ အခွင့်အရေး တခုအနေနဲ့ “Stop The War & Violence” ခေါင်းစဉ် နဲ့ မြန်မာပြည်က လက်ရှိ စစ် အာဏာရှင်များရဲ့ အကြမ်း ဖက်မှု အခြေအနေများကို ပြောခွင့်ရခဲ့ပါတယ်။ အဲဒီလို Speak Out လုပ်ခဲ့တဲ့ အလှမယ် ဟန်လေးကို အနုပညာ အသိုင်းအဝိုင်းမှ ဂုဏ်ပြုစကားများ လူမှုကွန်ရက်မှာ ရေးသား ခဲ့ကြပါတယ်။ကိုယ့်နိုင်ငံရဲ့ ဖြစ်ပျက်နေတဲ့ အကြောင်း အရာတွေကို အကောင်းဆုံး တင်ဆက် ပြောပြသွားနိုင်တဲ့ “Miss Grand Myanmar 2020” ဟန်လေး အတွက် အထူးဂုဏ်ယူ ဝမ်းမြောက်တယ်လို့ ဥက္ကာမင်းမောင်က ရေးသားထားပါတယ်။ “နိုင်ငံတကာ စင်မြင့်ထက်မှာ ကိုယ့်နိုင်ငံရဲ့ အခုဖြစ်ပျက်နေတဲ့ အကြောင်း အရာတွေ အကောင်းဆုံး တင်ဆက် ပြောပြသွားနိုင်တဲ့ Miss Grand Myanmar 2020 ညီမလေး ဟန်လေးအတွက် အထူးဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောချင်ပါတယ်။ ကိုယ်ရရှိထားတဲ့ Crown နဲ့ နေရာနဲ့ အခွင့်အရေးကို ကောင်းကောင်း အသုံးပြုသွားနိုင်ခဲ့တဲ့ ညီမလေးရေ။ အစစအရာရာ အဆင်ပြေပါစေနော်”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။

ထိုင်းနိုင်ငံ အခြေစိုက် Miss Grand International က ဟန်လေးကို စောင့်ရှောက် ကူညီပေးတာ ကျေးဇူး အများကြီးတင် တယ်လို့ ခင်ဝင့်ဝါက ရေးသားထားပါတယ်။ “အခုလို ကျမ တို့ရဲ့ Miss Myanmar ကို စောင့်ရှောက် ကူညီပေးတာ ကျေးဇူးအများကြီး တင်ပါတယ်။ Miss Grand International အရာ ရာတိုင်းအတွက် ကျေးဇူးပါ ညီမလေးရေ။ အရေးတော်ပုံ အောင်တော့မှ မြန်မာပြည် ပြန်ခဲ့ဖို့ မှာချင်ပါတယ်။ အစစအရာရာ ဂရုစိုက်ပါနော် ”လို့ ခင်ဝင့်ဝါက ပြောပ ါတယ်။ဆက်လက်ပြီး ပိုးကြာဖြူခင်က ဆန်ခါ တင် Top 20 ဝင်ခဲ့တဲ့ အတွက်လည်း အရမ်းဂုဏ်ယူ တယ်လို့ ရေးသားထားပါတယ်။ “Thank you Miss Grand Myanmar ဟန်လေး၊ ယနေ့ မြန်မာပြည် အကြောင်း ရဲရဲဝံ့ဝံ့ ထုတ်ဖော် ပြောကြားပေးတဲ့ အတွက်ကျေးဇူးအများကြီး တင်ပါတယ်။ ဆန်ခါတင် Top 20 ဝင်ခဲ့တဲ့အတွက်လည်း အစ်မ အရမ်းဂုဏ်ယူပါတယ်”လို့ ပိုးကြာဖြူခင်က ပြောထားပါတယ်။

မြန်မာ စစ်ကောင်စီ၏ ယုတ်မာ မှုများနှင့် ပြည်သူများ သတ်ဖြတ်ခံ နေရမှု၊ မတရား အသက်ဆုံးရှုံး နေရတဲ့ Video Clip များကို ပြသကာ ပြည် သူများကို ကယ်ရန် အသနားခံခဲ့တဲ့ ဟန်လေးကို ဂုဏ်ယူတယ်လို့ ညီနန္ဒက ဆိုပါတယ်။ “လေးစားစွာကျေးဇူးတင်ပါတယ် ညီမလေး။ ကမ္ဘာ့တတိယ အကြီးအကျယ် အခမ်း နားဆုံးဖြစ်ပြီး၊ စစ်ပွဲနှင့် အကြမ်းဖက် မှုများ ရပ်တန့်စေရန် ရည်ရွယ်တဲ့ Miss Grand Internationl ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ ကိုယ်စားပြု အလှမယ် ဟန်လေးဟာ အထူးအခွင့်အရေး တရပ် ရရှိ ခဲ့ပါတယ်”“မြန်မာ စစ်ကောင်စီ၏ ယုတ်မာမှုများနှင့် ပြည်သူများ သတ်ဖြတ်ခံနေရမှု၊ မတရား အသက်ဆုံးရှုံးနေရတဲ့ Video Clip များကို စင်မြင့်ထက် မှ တကမ္ဘာလုံးက သန်းချီသော ကြည့်ရှုသူများကို ပြသကာ ငိုယိုပြီး မြန်မာပြည်သူ ပြည်သား များအား အမြန်ဆုံး ကယ်တင်ရန် အသနားခံ တော ဆိုခဲ့ပါတယ်။ ကျေးဇူးပါ Miss Grand International Org၊ Miss Myanmar ဟန်လေး Top 20 မင်းရဲ့ သတ္တိရှိမှုအတွက် ဂုဏ်ယူပါ တယ်။ အရေးတော်ပုံ အောင်ရမည်”လို့ ညီနန္ဒက ပြောထားပါတယ်။ “Miss Grand International 2020” ဖိုင်နယ်ပြိုင်ပွဲ မှာ အလှမယ် ဟန်လေးက Top 20 အထိ ဝင်ခဲ့ပြီး သရဖူ ကိုတော့ အမေရိကန်အလှ မယ် Abena Appiah က ရရှိခဲ့ပါတယ်။

Source:irrwady Burmese

About the author

Ms Cele

Leave a Comment