Celebrity

အႏုပညာအလုပ္ကို ဆက္မလုပ္ျဖစ္တာေၾကာင့္ အေဒၚျဖစ္သူနဲ႕ အတိုက္အခံျဖစ္ရတဲ့ အေၾကာင္းကို ေျပာျပလာတဲ့ ဝါဆိုျမင့္ေအာင္

Written by Ms Cele

အႏုပညာအလုပ္ကို ဆက္မလုပ္ျဖစ္တာေၾကာင့္ အေဒၚျဖစ္သူနဲ႕ အတိုက္အခံျဖစ္ရတဲ့ အေၾကာင္းကို ေျပာျပလာတဲ့ ဝါဆိုျမင့္ေအာင္

ငယ္စဥ္ကတည္းက ပရိသတ္ေတြရဲ့ အားေပး ခ်စ္ခင္မႈေတြကို အခိုင္အမာ ရရွိထားသူေတြထဲမွာ အကယ္ဒမီ သ႐ုပ္ေဆာင္ မို႔မို႔ျမင့္ေအာင္ရဲ့ တူမေခ်ာေလး ဝါဆိုျမင့္ေအာင္ ကလည္း အပါအဝင္ပါပဲ..။

ခ်စ္စရာေကာင္း တဲ့ ဟန္ပန္ေလးနဲ႔ အျပဳံးခ်ိဳခ်ိဳေလးေတြ အျပင္ သ႐ုပ္ေဆာင္ ပီျပင္မႈေတြေၾကာင့္ ပရိသတ္ေတြရဲ့ အားေပး ခ်စ္ခင္မႈေတြကို ရရွိထားသူေလး ဆိုလည္း မွားပါဘူးေနာ္..။

“ဝလုံးေလးဝိုင္းဝိုင္းေရး” “ပစ္တိုင္းေထာင္” စတဲ့ ကေလးေခ်ာ့ ေတးသီခ်င္းေလးေတြမွာ မို႔မို႔ျမင့္ေအာင္ နဲ႔အတူ သ႐ုပ္ေဆာင္ရင္း ပရိသတ္ေတြရင္ထဲ ေရာက္ရွိလာသူေလး လည္း ျဖစ္ပါတယ္ေနာ္..။

ယခုရက္ပိုင္း မီဒီယာေတြ႕ဆုံမႈတစ္ခုမွာေတာ့ ဝါဆိုျမင့္ေအာင္က အႏုပညာ အလုပ္ကို ဆက္လက္လုပ္ကိုင္ျခင္း မရွိတာေၾကာင့္ အေဒၚျဖစ္သူ မို႔မို႔ျမင့္ေအာင္ နဲ႔ အတိုက္အခံ ျဖစ္ရတဲ့ အေၾကာင္းကို ေျပာျပလာ ခဲ့တာျဖစ္ပါတယ္

“ အႏုပညာအလုပ္မဟုတ္ပဲ အျပင္အလုပ္ကို ေရြးခ်ယ္ လိုက္ေတာ့ အေမေမႊးနဲ႔ အတိုက္အခံ ျဖစ္ရတယ္။ အေမ ေမႊးဆို အျမဲေျပာတယ္ “ ျမင့္ေအာင္” ရဲ့ မ်ိဳးဆက္မွာ ဆိုဆိုက ေနာက္ဆုံးပဲ ေပါ့ေနာ္။ အရမ္းလည္း ျဖစ္ေစခ်င္တာ သူ႔ အိမ္ကို လာခဲ့ အိုက္တင္ေတြလည္း သင္ေပးတယ္။

အရမ္းလက္တြဲေခၚတယ္ ၿပီးေတာ့ ဆိုဆို႔ကို သ႐ုပ္ေဆာင္ အလုပ္မေရြးခ်ယ္ခဲ့တဲ့ အတြက္ အရမ္းႏွေျမာေနတာပါ။ မလုပ္တတ္တာ လည္း မဟုတ္ဘူး၊ ပါရမီလည္းရွိတယ္၊ သ႐ုပ္လည္း ေဆာင္တတ္ ရဲ့သားနဲ႔ ဒီအလုပ္ မလုပ္ေတာ့ ႏွေျမာတာေပါ့ေနာ္။

ဒါေပမယ့္ အခုေတာ့ ကိုယ္ေရြးခ်ယ္ လိုက္တဲ့ လမ္းေၾကာင္းမွာ အေကာင္းဆုံး ျဖစ္လာဖို ႔အတြက္ကိုပဲ သူက ပံ့ပိုးေပးေတာ့တာေပါ့။ အေျခအေနေတြ ၾကဳံလာတဲ့ အခါ၊ ကမ္းလွမ္းလာတာ မ်ိဳးေတြရွိရင္ေတာ့ သ႐ုပ္ေဆာင္ လုပ္မွာပါ။ အခုလည္း ေၾကာ္ျငာရိုက္ျဖစ္တာေလး ေတြေတာ့ ရွိပါတယ္” လို႔ ေျပာပါတယ္။

“ ဆိုဆို က ကိုယ္ယူထားတဲ့ ဘြဲ႕ေတြကိုလည္း အသုံးခ် ခ်င္ေသးတယ္။ အခ်ိန္ေရာ၊ လူေရာ အက်ိဳးရွိရွိ အသုံးခ် ခ်င္တယ္။ အႏုပညာအလုပ္ကို လုံးဝ မလုပ္တာလည္း မဟုတ္ဘူး။

အေမေမႊးကေတာ့ ေျပာတယ္ ႐ုံးပိတ္ရက္ေလး ေတြမွာ ေၾကာ္ျငာေလးေတြျဖစ္ျဖစ္၊ ႐ုပ္ရွင္ကားေလးေတြ ျဖစ္ျဖစ္ ရိုက္ေပါ့ေနာ္။ Promote လုပ္ရတာေတာ့ သိပ္မ ႀကိဳက္ဘူး။

ဆိုဆို က ငယ္ငယ္ ကတည္းက သ႐ုပ္ေဆာင္လုပ္ခဲ့တာ ပရိသတ္ သိတဲ့သူေတြလည္း ရွိပါတယ္။ ၿပီးေတာ့ ကိုယ္တိုင္က လြတ္လြတ္လပ္လပ္ ေနခ်င္တာ ဘတ္စ္ကားေတြ ဘာေတြဆိုလည္း စီးလိုက္တာပဲ။

ဘတ္စ္ကားစီးေတာ့ Mask ေတြလည္း မတပ္ရတဲ့ အခ်ိန္ေလ အဲဒီမွာ ကားေပၚမွာတင္ လာမိတ္ဆက္တဲ့ သူေတြလည္း ဆုံခဲ့ဖူးတယ္။ အေမေမႊးဆို ဘတ္စ္ကားစီးရင္ အရမ္းဆူတာ” လို႔ ဆိုလာခဲ့ တာျဖစ္ပါတယ္

ဝါဆိုျမင့္ေအာင္ ကေတာ့ မို႔မို႔ျမင့္ေအာင္ နဲ႔ အတိုက္အခံ ျဖစ္ရတဲ့ အေၾကာင္းကို ေျပာျပလာခဲ့တာျဖစ္ပါတယ္ေနာ္ အဆုံးထိဖတ္ရႈေပးၾကတဲ့ အတြက္ ေက်းဇူးတင္ပါတယ္ေနာ္

Credit:Shwe Yaung Myanmar
Source – Cele Yatkwat

အနုပညာအလုပ်ကို ဆက်မလုပ်ဖြစ်တာကြောင့် အဒေါ်ဖြစ်သူနဲ့ အတိုက်အခံဖြစ်ရတဲ့ အကြောင်းကို ပြောပြလာတဲ့ ဝါဆိုမြင့်အောင်

ငယ်စဉ်ကတည်းက ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုတွေကို အခိုင်အမာ ရရှိထားသူတွေထဲမှာ အကယ်ဒမီ သရုပ်ဆောင် မို့မို့မြင့်အောင်ရဲ့ တူမချောလေး ဝါဆိုမြင့်အောင် ကလည်း အပါအဝင်ပါပဲ..။

ချစ်စရာကောင်း တဲ့ ဟန်ပန်လေးနဲ့ အပြုံးချိုချိုလေးတွေ အပြင် သရုပ်ဆောင် ပီပြင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုတွေကို ရရှိထားသူလေး ဆိုလည်း မှားပါဘူးနော်..။

“ဝလုံးလေးဝိုင်းဝိုင်းရေး” “ပစ်တိုင်းထောင်” စတဲ့ ကလေးချော့ တေးသီချင်းလေးတွေမှာ မို့မို့မြင့်အောင် နဲ့အတူ သရုပ်ဆောင်ရင်း ပရိသတ်တွေရင်ထဲ ရောက်ရှိလာသူလေး လည်း ဖြစ်ပါတယ်နော်..။

ယခုရက်ပိုင်း မီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ ဝါဆိုမြင့်အောင်က အနုပညာ အလုပ်ကို ဆက်လက်လုပ်ကိုင်ခြင်း မရှိတာကြောင့် အဒေါ်ဖြစ်သူ မို့မို့မြင့်အောင် နဲ့ အတိုက်အခံ ဖြစ်ရတဲ့ အကြောင်းကို ပြောပြလာ ခဲ့တာဖြစ်ပါတယ်

“ အနုပညာအလုပ်မဟုတ်ပဲ အပြင်အလုပ်ကို ရွေးချယ် လိုက်တော့ အမေမွှေးနဲ့ အတိုက်အခံ ဖြစ်ရတယ်။ အမေ မွှေးဆို အမြဲပြောတယ် “ မြင့်အောင်” ရဲ့ မျိုးဆက်မှာ ဆိုဆိုက နောက်ဆုံးပဲ ပေါ့နော်။ အရမ်းလည်း ဖြစ်စေချင်တာ သူ့ အိမ်ကို လာခဲ့ အိုက်တင်တွေလည်း သင်ပေးတယ်။

အရမ်းလက်တွဲခေါ်တယ် ပြီးတော့ ဆိုဆို့ကို သရုပ်ဆောင် အလုပ်မရွေးချယ်ခဲ့တဲ့ အတွက် အရမ်းနှမြောနေတာပါ။ မလုပ်တတ်တာ လည်း မဟုတ်ဘူး၊ ပါရမီလည်းရှိတယ်၊ သရုပ်လည်း ဆောင်တတ် ရဲ့သားနဲ့ ဒီအလုပ် မလုပ်တော့ နှမြောတာပေါ့နော်။

ဒါပေမယ့် အခုတော့ ကိုယ်ရွေးချယ် လိုက်တဲ့ လမ်းကြောင်းမှာ အကောင်းဆုံး ဖြစ်လာဖို ့အတွက်ကိုပဲ သူက ပံ့ပိုးပေးတော့တာပေါ့။ အခြေအနေတွေ ကြုံလာတဲ့ အခါ၊ ကမ်းလှမ်းလာတာ မျိုးတွေရှိရင်တော့ သရုပ်ဆောင် လုပ်မှာပါ။ အခုလည်း ကြော်ငြာရိုက်ဖြစ်တာလေး တွေတော့ ရှိပါတယ်” လို့ ပြောပါတယ်။

“ ဆိုဆို က ကိုယ်ယူထားတဲ့ ဘွဲ့တွေကိုလည်း အသုံးချ ချင်သေးတယ်။ အချိန်ရော၊ လူရော အကျိုးရှိရှိ အသုံးချ ချင်တယ်။ အနုပညာအလုပ်ကို လုံးဝ မလုပ်တာလည်း မဟုတ်ဘူး။

အမေမွှေးကတော့ ပြောတယ် ရုံးပိတ်ရက်လေး တွေမှာ ကြော်ငြာလေးတွေဖြစ်ဖြစ်၊ ရုပ်ရှင်ကားလေးတွေ ဖြစ်ဖြစ် ရိုက်ပေါ့နော်။ Promote လုပ်ရတာတော့ သိပ်မ ကြိုက်ဘူး။

ဆိုဆို က ငယ်ငယ် ကတည်းက သရုပ်ဆောင်လုပ်ခဲ့တာ ပရိသတ် သိတဲ့သူတွေလည်း ရှိပါတယ်။ ပြီးတော့ ကိုယ်တိုင်က လွတ်လွတ်လပ်လပ် နေချင်တာ ဘတ်စ်ကားတွေ ဘာတွေဆိုလည်း စီးလိုက်တာပဲ။

ဘတ်စ်ကားစီးတော့ Mask တွေလည်း မတပ်ရတဲ့ အချိန်လေ အဲဒီမှာ ကားပေါ်မှာတင် လာမိတ်ဆက်တဲ့ သူတွေလည်း ဆုံခဲ့ဖူးတယ်။ အမေမွှေးဆို ဘတ်စ်ကားစီးရင် အရမ်းဆူတာ” လို့ ဆိုလာခဲ့ တာဖြစ်ပါတယ်

ဝါဆိုမြင့်အောင် ကတော့ မို့မို့မြင့်အောင် နဲ့ အတိုက်အခံ ဖြစ်ရတဲ့ အကြောင်းကို ပြောပြလာခဲ့တာဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်နော်

Credit:Shwe Yaung Myanmar
Source – Cele Yatkwat

About the author

Ms Cele

Leave a Comment