Celebrity

အႏုပညာအသိုင္းအဝိုင္းက စား၀တ္ေနေရးခက္ခဲေနတဲ့ သူေတြကို ဆန္၊ ဆီနဲ႕ အလွဴေငြမ်ားသြားေရာက္လွဴဒါန္းခဲ့တဲ့ ေနေဒြး

Written by Ms Cele

အႏုပညာအသိုင္းအဝိုင္းက စား၀တ္ေနေရးခက္ခဲေနတဲ့ သူေတြကို ဆန္၊ ဆီနဲ႕ အလွဴေငြမ်ားသြားေရာက္လွဴဒါန္းခဲ့တဲ့ ေနေဒြး

ေနေဒြး ကေတာ့ လက္ရွိ ျမန္မာနိုင္ငံ မွာျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ျပည္သူ ပရိသတ္ေတြနဲ႔ အတူ ရပ္တည္ ေနသူပဲ ျဖစ္ပါတယ္။ ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ ရရာေနရာကေနတတ္နိုင္သေလာက္ ပါဝင္ကူညီအားျဖည့္ေနၾကတဲ့ ျပည္သူေတြ အားလုံးနဲ႔အတူ ေနေဒြးကလည္း အလႉေလးေတြနဲ႔ တစ္တပ္ တစ္အား ပါဝင္ေနတာျဖစ္ပါတယ္။

ခုလိုအစစအရာရာ ဘက္ေပါင္းစုံကေန ပါဝင္ကူညီ အားျဖည့္ေပးေနတဲ့ ျပည္သူေတြနဲ႔ အႏုပညာရွင္ေတြ႕ရွိေနတာေၾကာင့္လည္း ဒီလႈပ္ရွားမႈႀကီးကခုခ်ိန္ထိ စည္းလုံးညီညြတ္ၿပီး အသက္ဝင္ေနခဲ့တာပါ။သူရဲေကာင္း အာဇာနည္ေတြကလည္း ဘယ္လိုအခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရပါေစ ေနာက္ မဆုတ္ဘဲ ယုံၾကည္ခ်က္ေတြအတြက္ အသက္ကိုပင္ေပးကာ ေရွ႕ဆက္လွမ္းေနၾက တာလည္းျဖစ္ပါတယ္။

ေနေဒြးက ခုလိုကာလမွာ အဆင္မေျပ ျဖစ္ေနတဲ့ မိသားစုေတြ ဆီကို ေန႔စဥ္တိုင္းလိုလို သြားေရာက္ကာ အစား အေသာက္နဲ႔ အလႉေငြမ်ားကို လႉဒါန္းလ်က္ရွိေနတာကိုလည္းေလးစားစြာ ေတြ႕ျမင္ရပါတယ္။ဒီေန႔မွာေတာ့ အႏုပညာေလာကသားထဲက သက္ႀကီးရြယ္အို အဖိုးအဖြားမ်ားကို ဆန္၊ဆီအျပင္ အလႉေငြမ်ား သြားေရာက္လႉဒါန္းျဖစ္ခဲ့ေၾကာင္း ပုံေလးေတြနဲ႔အတူ ” ဤေန႔ကုသိုလ္ကိုယ့္ေလာကသားေတြလည္းျပန္ၾကည့္ေပးရတယ္ အေဖႀကီးဦးတိမ္ညႊန႔္အတြက္ ဆန္ ,ဆီ ,အလႈေငြနဲ႔ လိုအပ္တာေလး က်န္အဖိုးအဖြားေတြ အတြက္ေရာ”ဆိုတဲ့စာေလး နဲ႔အတူ ေဖာ္ျပထားရာ ပရိသတ္ႀကီးလည္း ေနေဒြးရဲ့ အလႉေလးကို သာဓုေခၚနိုင္ေစရန္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Source & Photo Credit : Nay Dway Facebook Account
Credit

အနုပညာအသိုင်းအဝိုင်းက စားဝတ်နေရေးခက်ခဲနေတဲ့ သူတွေကို ဆန်၊ ဆီနဲ့ အလှူငွေများသွားရောက်လှူဒါန်းခဲ့တဲ့ နေဒွေး

နေဒွေး ကတော့ လက်ရှိ မြန်မာနိုင်ငံ မှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူ ပရိသတ်တွေနဲ့ အတူ ရပ်တည် နေသူပဲ ဖြစ်ပါတယ်။ တော်လှန်ရေးတိုက်ပွဲကြီးမှာ ရရာနေရာကနေတတ်နိုင်သလောက် ပါဝင်ကူညီအားဖြည့်နေကြတဲ့ ပြည်သူတွေ အားလုံးနဲ့အတူ နေဒွေးကလည်း အလှူလေးတွေနဲ့ တစ်တပ် တစ်အား ပါဝင်နေတာဖြစ်ပါတယ်။

ခုလိုအစစအရာရာ ဘက်ပေါင်းစုံကနေ ပါဝင်ကူညီ အားဖြည့်ပေးနေတဲ့ ပြည်သူတွေနဲ့ အနုပညာရှင်တွေ့ရှိနေတာကြောင့်လည်း ဒီလှုပ်ရှားမှုကြီးကခုချိန်ထိ စည်းလုံးညီညွတ်ပြီး အသက်ဝင်နေခဲ့တာပါ။သူရဲကောင်း အာဇာနည်တွေကလည်း ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါစေ နောက် မဆုတ်ဘဲ ယုံကြည်ချက်တွေအတွက် အသက်ကိုပင်ပေးကာ ရှေ့ဆက်လှမ်းနေကြ တာလည်းဖြစ်ပါတယ်။

နေဒွေးက ခုလိုကာလမှာ အဆင်မပြေ ဖြစ်နေတဲ့ မိသားစုတွေ ဆီကို နေ့စဉ်တိုင်းလိုလို သွားရောက်ကာ အစား အသောက်နဲ့ အလှူငွေများကို လှူဒါန်းလျက်ရှိနေတာကိုလည်းလေးစားစွာ တွေ့မြင်ရပါတယ်။ဒီနေ့မှာတော့ အနုပညာလောကသားထဲက သက်ကြီးရွယ်အို အဖိုးအဖွားများကို ဆန်၊ဆီအပြင် အလှူငွေများ သွားရောက်လှူဒါန်းဖြစ်ခဲ့ကြောင်း ပုံလေးတွေနဲ့အတူ ” ဤနေ့ကုသိုလ်ကိုယ့်လောကသားတွေလည်းပြန်ကြည့်ပေးရတယ် အဖေကြီးဦးတိမ်ညွှန့်အတွက် ဆန် ,ဆီ ,အလှုငွေနဲ့ လိုအပ်တာလေး ကျန်အဖိုးအဖွားတွေ အတွက်ရော”ဆိုတဲ့စာလေး နဲ့အတူ ဖော်ပြထားရာ ပရိသတ်ကြီးလည်း နေဒွေးရဲ့ အလှူလေးကို သာဓုခေါ်နိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit : Nay Dway Facebook Account
Credit

About the author

Ms Cele

Leave a Comment