Celebrity


Written by Ms Cele





Credit:Cele Zone

အနုပညာလောက ထဲကို ခြေလှမ်း ချခဲ့ပြီဖြစ်တဲ့ သဇင်ထူးမြင့် ရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေ

မိဘတွေရဲ့ အနုပညာ အမွေကို သားသမီးတော်တော် များများက ဆက်ခံကြသလို ဦးခင်လှိုင်ရဲ့ သမီးလေး ကလည်း ဖခင်ရဲ့အနုပညာ ခြေလှမ်းတွေကို အတူတူ လိုက်လှမ်းနိုင်ဖို့ ကြိုးစားနေခဲ့ပါတယ်။ လက်ရှိ မှာလည်း အနုပညာ အလုပ်တွေနဲ့ ကြော်ငြာလေးတွေ လက်ခံနေပြီး သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေလည်း အများအပြားရှိနေခဲ့ပါတယ်။

ဆံပင်အဝါရောင်ဆိုးပြီး ဘိုမလေးလိုလှနေတဲ့ သူမအတွက် တောသူမလေးဇာတ်ရုပ်နဲ့ ကြော်ငြာရိုက် ရတော့မှာမို့ တော်တော်လေးကို အခက်တွေ့ခဲ့တာပါ။ ဒီနောက်မှာတော့ သူမကို ပြင်ဆင်ပေးသူတွေရဲ့ အရည်အချင်းကြောင့် တစ်ရက်တာ ဆံပင်အမဲလေးနဲ့ ရိုက်ကွင်းပေါ်မှာ အဆင်ပြေပြေ ရိုက်ကူးနိုင်ခဲ့ပါတယ်။

ဒီနေ့မှာလည်း သူမရဲ့ရိုက်ကွင်း ပေါ်က ပုံရိပ်တစ်ချို့ကို ” မနေ့က ရှူတင်ပုံလေးတွေ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ မြန်မာဆန်ဆန် တောသူမလေး တစ်ယောက်ရဲ့ ချစ်စဖွယ်ပုံရိပ်လေး တွေဟာ ကြည့်ရှုသူပရိသတ်တွေရဲ့စိတ်ကို အေးချမ်းစေမှာတော့ အမှန်ပါပဲ။ ချစ်ဖို့ကောင်းလွန်းတဲ့ သဲသဲရဲ့ပုံရိပ် တစ်ချို့ကို ပရိသတ်ကြီးအတွက် ပြန်လည် တင်ဆက်ပေး လိုက်ပါတယ်။

Credit:Cele Zone

About the author

Ms Cele

Leave a Comment