Celebrity
Written by Ms Cele
Credit
အန္တရာယ်ဖြစ်စေတဲ့ အလှကုန်ပစ္စည်းတစ်ခုကို ကြော်ငြာပေးခဲ့တဲ့ အတွက်ကြောင့် ဝေဖန်ခံရမှုအပေါ် ပြန်လည်ဖြေရှင်းလာတဲ့ သင်ဇာဝင့်ကျော်
ပရိသတ်ကြီးရေ သရုပ်ဆောင် သင်ဇာဝင့်ကျော် ကတော့ တရုတ်နိုင်ငံက တင်သွင်း တဲ့ ကုန်ပစ္စည်းတွေကို အခကြေးငွေယူကာ ကြော်ငြာပေး ခဲ့တဲ့ အတွက် ပရိသတ်တွေရဲ့ ဝေဖန်ခြင်းကို ခံနေရပါတယ်နော်။ ဒီပစ္စည်းတွေဟာ MLM ပစ္စည်းတွေ ဖြစ်တာကို မသိဘဲ သူမကို ဌားရမ်းခြင် းကြောင့် ကြော်ငြာခဲ့ခြင်း ဖြစ်တယ်လို့ သင်ဇာဝင့်ကျော်က ပြန်ဖြေရှင်းထားပါတယ်နော်။ သူမကြော်ငြာတဲ့ ကုန်ပစ္စည်းနဲ့ ပတ်သက်ပြီး ပြသနာတစ်စုံတစ်ခု ဖြစ်ပေါ်လာပါက ပိုင်ရှင်နဲ့သာ သက်ဆိုင်ကြောင်း တုံ့ပြန်ပြောဆိုလိုက်ပါပြီနော်။
” ကျွန်မက Beauty Blogger တစ်ယောက်လဲ မဟုတ်ပါဘူး သာမန်မင်းသမီး Photo Model ပါ။ အဲ့အတွက်ကြောင့် မို့လို့ ကိုယ့်ကို commercial ရိုက်ဖို့အပ်ရင် သူတို့ကုန်ပစ္စည်း ကောင်းကောင်း မကောင်းကောင်း ကြော်ငြာပေးရမှာကျွန်မ တာဝန်ပါ။ MLM brand တွေဘာတွေအကြောင်း လည်း ကျွန်မ တကယ်မသိခဲ့ပါ။ ဒီလိုမျိုး လူတွေက bad review တွေ ပေးတဲ့ကုန်ပစ္စည်းဆိုတာကျမသိခဲ့ရင်လဲ အခုလိုမျိုးအဆဲခံပီးတော့ ကြော်ငြာရအောင် ကြော်ငြာခကလည်း မက်လောက်စရာမရှိပါ။ ကျွန်မ manager စွာစွာ နဲ့ COVID third wave မဖြစ်ခင်ထဲက ကုန်ပစ္စည်းတစ်ခုကြော်ငြာချင်တယ်။ သူတို့ဆီမှာ သွင်းတဲ့ brand တွေကအများကြီးမို့လို့ အလှကုန် သို့မဟုတ် အခြားကုန်ပစ္စည်းတစ် ခုခုဖြစ်မယ်ဆိုပြီး ကြော်ငြာခအကြေပေးပြီး ရိုက်ဖို့ကမ်းလှမ်းခဲ့တာပါ။ ကြားထဲမှာ covid ကြောင့် ဤရိုက်ကူးရေးလဲ ပိုက်ဆံအကြေယူထားပီးမှ မရိုက်ဖြစ်ပဲ ကြာနေတာ ၃ လလောက်ရှိပါပြီ။ September 15 ရိုက်မယ်လို့ ရိုက်ရက်ယူပြီး ၂/၃ ရက်အလိုမှ ရိုက်မဲ့ product က HEFFEY skin care ဆိုပြီးသိရတာပါ။ beauty blogger တစ်ယောက်မဟုတ်တဲ့အတွက် skin care တွေနဲ့ပက်သက်ပြီး ကောင်းမေ ကာင်းကို ကျွန်မ သေချာမဆန်းစစ် နိုင်ခဲ့ပါ။
အဲ့အတွက်ကြောင့်မို့လို့ မကောင်းဘူးကိုယ်နဲ့အဆင်မပြေဘူးဆိုရင် မသုံးကြပါနဲ့ရှင်။ မကြိုက်တာတွေအဆင်မပြေတာတွေရှိရင်လည်း product သွင်းတဲ့ သူနဲ့သာ သွားပြောကြပါ။ သူတို့၏ပစ္စည်း ကောင်းခြင်းမကောင်းခြင်းသည်ကျွန်မ နဲ့မဆိုင်ပါ။ သူတို့ပစ္စည်းအများကြီးသွင်းရလည်း ကျွန်မ အနုပညာကြေးအပြင် ပိုမရပါဘူး။ ကိုယ့်ကိုတရိုတသေတလေးတစားလက်ဆောင်ပေးတဲ့ပစ္စည်းတွေကို တင်ပေးတယ်ဆိုတာကလဲ ပိုက်ဆံတစ်ပြားမှမရပါဘူး။ ပေးတဲ့သူရဲ့ မေတ္တာကိုအသိမှတ်ပြုတဲ့ အနေနဲ့ သူတို့ပစ္စည်းရောင် းကောင်းအောင် ပြန်တင်ပေးခဲ့တာပဲရှိတာပါ။
အဲ့ဒါကို အတွေးမျိုးစုံတွေးပြီး မကျေနပ်တာတွေ နဲ့ရောပီး မသိနားမလည်ပဲ ကျွန်မ post အောက်မှာ လာ မ blame ကြပါနဲ့ ကောင်းကောင်းမွန်မွန်ပြောပြပြီး အကြံပေးလို့ရပါတယ်။ By name တွေ # တွေထည့်ပြီးပြောရအောင် ကျွန်မသွင်းနေတဲ့ product လဲမဟုတ်ပါ။ ကျွန်မသွင်းနေတဲ့ product ဆိုရင်တော့ ကြိုက်သလိုလာပြောပါ တာဝန်ယူရှင်းပေးနိုင်ပါတယ် အခုဟာက ကြော်ငြာလေးရိုက်ပဲမိပါတယ် ဆိုင်တာတွေရော မဆိုင်တာတွေရော လာပြောနေကြတာ 😅😅😅 အဲ့ product ကငါများသွင်းနေလို့ ရောင်းနေ လို့များလားဆိုပြီးသေချာတောင်ပြန်စဉ်းစားယူရပါတယ်။ ကျွန်မဆိုလဲ skin care product တစ်ခုသုံးလို့အဆင်မပြေရင် အဲ့ဒီ product ထုတ်တဲ့ company အထိတက်ပြီး ပြသနာမရှာပါဘူး။ အဆင်မပြေရင် တစ်ခါထဲလွှင့်ပစ်လိုက်ပါတယ် ပစ္စည်းကို လက်မှာကိုင်ပြီး ဒါကြီးက ငါနဲ့အဆင်မပြေဘူး နင်လဲမသုံးနဲ့လို့လိုက်ပြောမနေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်နဲ့အဆင်မပြေပေမဲ့ တခြားသူသုံးလို့ အဆင်ပြေရင်လဲ ပြေနေတတ်ပါတယ်။
စျေးများတယ် နည်းတယ်လဲမရှိပါဘူး ရာသီဥတုအလိုက် ကိုယ်skin type နဲ့ အဆင်ပြေတဲ့ skin care ကိုအမြဲ ပြောင်းသုံးနေကြပါ အဲ့ဒါကြောင့်မို့လို့ အဆင်မပြေဘူး ပြောတဲ့သူတွေကော အဆင်ပြေတယ်လို့ပြောတဲ့သူတွေရဲ့ ခံစားချက်ကို နားလည်ပေးလို့ရပါတယ်။ ကိုယ်ကိုတိုင်တောင် ရာသီဥတုအလိုက် skin care တို့ make up တို့က brand တစ်မျိုးထဲ စွဲသုံးလို့ မရပါဘူး အဲ့ဒီတော့ အားလုံးရဲ့ ဂရုနာဒေါသောတွေ စေတနာတွေ ကို နားလည်ပါတယ် မသိတာတွေကို လမ်းညွှန်ပေးတဲ့သူများ ကိုလဲကျေးဇူးတင်ပါတယ် အားလုံးပဲ peace ✌🏼ပါရှင့်” လို့ ရေးသားထားပါတယ် ပရိသတ်ကြီးရေ…
Credit
About the author
Ms Cele
Leave a Comment