Celebrity

အ႐ုပ္မေလးလို ခ်စ္စရာေကာင္းေနတဲ့ ပံုေလးေတြကို ပရိသတ္ေတြဆီ ျပန္လည္မွ်ေ၀လာတဲ့ ဝိုင္းစုခိုင္သိ္န္း

Written by Ms Cele

အ႐ုပ္မေလးလို ခ်စ္စရာေကာင္းေနတဲ့ ပံုေလးေတြကို ပရိသတ္ေတြဆီ ျပန္လည္မွ်ေ၀လာတဲ့ ဝိုင္းစုခိုင္သိ္န္း

ပရိသတ္ႀကီးေရ အသက္ (၃၄) ႏွစ္ေက်ာ္လာခဲ့ၿပီျဖစ္တဲ့ ဝိုင္းစုဟာ သူမရဲ့ရွိရင္းစြဲ အသက္ကို ခန႔္မွန္းမရနိုင္ ေလာက္ေအာင္ကို ႏုပ်ိဳလြန္းသူ တစ္ေယာက္ပါ။ နားလည္မႈေတြနဲ႔ တည္ေဆာက္ထားတဲ့ သူမရဲ့အခ်စ္ေရး ဟာလည္း ေအးခ်မ္းေနခဲ့ပါတယ္။ ႏွစ္ေယာက္အတူ ႀကိဳးႀကိဳးစားစား စုေဆာင္းထားတဲ့ေငြေတြနဲ႔ အိမ္ေလးတစ္လုံးပိုင္ဆိုင္နိုင္ခဲ့ၿပီး ႀကိဳးစားမႈေတြအရာထင္ခဲ့ပါတယ္။

ဝါသနာလည္းတူ အႀကိဳက္လည္းတူ သူေတြမို႔ အမ်ားႀကီး ညႇိစရာမလိုဘဲ ခ်စ္ျခင္းေမတၱာ ေတြလည္း ထပ္တူက်ခဲ့ပါတယ္။ ဒီေန႔မွာလည္း ဂါဝန္းေလးနဲ႔ အရမ္းကို ခ်စ္ဖို႔ေကာင္းေနတဲ့ သူမရဲ့ပုံရိပ္ေလးေတြကို ဝိုင္းစုက လူမႈကြန္ရက္မွာ ေဝမၽွခဲ့ပါတယ္။ ဝိတ္ေတြေလ်ာ့ခဲ့ၿပီး ေနာက္မွာေတာ့ ျပည့္ျပည့္ေဖာင္းေဖာင္းေလးနဲ႔ ခ်စ္စရာေကာင္းတဲ့ ခႏၶာကိုယ္ေလးကို ပိုင္ဆိုင္နိုင္ခဲ့ပါၿပီ။

ခ်စ္စရာေကာင္းတဲ့အျပင္အဆင္ေလးေတြနဲ႔ ပရိသတ္ေတြရဲ့အခ်စ္ေတာ္အ႐ုပ္မေလးဝိုင္းစုက သူမရဲ့ပုံရိပ္ေလးကို ” တခါတေလ ေတာ့လည္း ကေလးတစ္ေယာက္လိုေနခ်င္မိတယ္ ” ဆိုၿပီး တင္ထားတာပဲျဖစ္ပါတယ္။ တကယ္လည္း ကေလးေလး တစ္ေယာက္လို ခ်စ္စရာေကာင္းေနတဲ့ ဝိုင္းစုရဲ့ပုံေလးေတြကို ပရိသတ္ႀကီး အတြက္ ျပန္လည္တင္ဆက္ေပး လိုက္ပါတယ္။

Credit:Cele Zone
Source:Wyne Su Khine Thein’fb

အရုပ်မလေးလို ချစ်စရာကောင်းနေတဲ့ ပုံလေးတွေကို ပရိသတ်တွေဆီ ပြန်လည်မျှဝေလာတဲ့ ဝိုင်းစုခိုင်သိ်န်း

ပရိသတ်ကြီးရေ အသက် (၃၄) နှစ်ကျော်လာခဲ့ပြီဖြစ်တဲ့ ဝိုင်းစုဟာ သူမရဲ့ရှိရင်းစွဲ အသက်ကို ခန့်မှန်းမရနိုင် လောက်အောင်ကို နုပျိုလွန်းသူ တစ်ယောက်ပါ။ နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ သူမရဲ့အချစ်ရေး ဟာလည်း အေးချမ်းနေခဲ့ပါတယ်။ နှစ်ယောက်အတူ ကြိုးကြိုးစားစား စုဆောင်းထားတဲ့ငွေတွေနဲ့ အိမ်လေးတစ်လုံးပိုင်ဆိုင်နိုင်ခဲ့ပြီး ကြိုးစားမှုတွေအရာထင်ခဲ့ပါတယ်။

ဝါသနာလည်းတူ အကြိုက်လည်းတူ သူတွေမို့ အများကြီး ညှိစရာမလိုဘဲ ချစ်ခြင်းမေတ္တာ တွေလည်း ထပ်တူကျခဲ့ပါတယ်။ ဒီနေ့မှာလည်း ဂါဝန်းလေးနဲ့ အရမ်းကို ချစ်ဖို့ကောင်းနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ဝိုင်းစုက လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ ဝိတ်တွေလျော့ခဲ့ပြီး နောက်မှာတော့ ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။

ချစ်စရာကောင်းတဲ့အပြင်အဆင်လေးတွေနဲ့ ပရိသတ်တွေရဲ့အချစ်တော်အရုပ်မလေးဝိုင်းစုက သူမရဲ့ပုံရိပ်လေးကို ” တခါတလေ တော့လည်း ကလေးတစ်ယောက်လိုနေချင်မိတယ် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ တကယ်လည်း ကလေးလေး တစ်ယောက်လို ချစ်စရာကောင်းနေတဲ့ ဝိုင်းစုရဲ့ပုံလေးတွေကို ပရိသတ်ကြီး အတွက် ပြန်လည်တင်ဆက်ပေး လိုက်ပါတယ်။

Credit:Cele Zone
Source:Wyne Su Khine Thein’fb

About the author

Ms Cele

Leave a Comment