Celebrity


Written by Ms Cele





Credit:Swelsone News

အရွယ်တင် နုပျိုလွန်းတဲ့ မိခင်ကို Live လွှင့်ပြီး ထုတ်ဖော်ပြသ လာတဲ့ ဖူးဖူးရဲ့ ဗီဒီယို

သရုပ်ဆောင် မင်းသားချော နိုင်းနိုင်းရဲ့ညီမလေး ဖြစ်တဲ့ ဖူးဖူး ကတော့ သူမကိုယ်တိုင်လည်း သရုပ်ဆောင် မင်းသမီး အဖြစ် အနုပညာ လမ်းကြောင်းထက်မှာ လျှောက်လှမ်းသူလေး ဖြစ်ပါတယ် ။ ဖူးဖူးက သရုပ်ဆောင်တော် သလို ရုပ်ရှင်နဲ့ဗီဒီယို ဇာတ်ကားတွေ အများအပြား ရိုက်ကူးပြီး နာမည်ရခဲ့တာလည်း ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ဖူးဖူးက ချစ်ရတဲ့ မိသားစုလေးနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်ရင်း ပျော်စရာ အချိန်လေး တွေကို ဖြတ်သန်းနေတာ ဖြစ်ပါတယ် ။

ဖူးဖူးရဲ့အစ်ကိုနိုင်းနိုင်း ကတော့ မြန်မာပြည် မှာလည်း အနုပညာ အလုပ်တွေကို လုပ်ကိုင်သလို တစ်ခါတလေ မှာလည်း သူ့မိသားစုရှိရာ နိုင်ငံခြားကို ပြန်လေ့ရှိတာ ဖြစ်ပါတယ် ။ ဖူးဖူးက အစ်ကိုနိုင်းနိုင်းနဲ့ အမှတ်တရ ပုံလေး တွေကိုလည်း လူမှုကွန်ယက် စာမျက်နှာထက်မှာ မကြာခဏ မျှဝေပေးတတ်တာ ဖြစ်ပါတယ် ။ မနေ့ကတော့ ဖူးဖူးက သူမ အရမ်းချစ်ရတဲ့ ချစ်မေမေကို ပရိသတ်တွေနဲ ့မိတ်ဆက်ပေးပြီး ပျော်ပျော် ပါးပါး Live လွှင့်ခဲ့တာ ဖြစ်ပါတယ် ။

အသက် (၆၄) နှစ်ရှိပြီဖြစ်တဲ့ ဖူးဖူးနဲ့နိုင်းနိုင်း တို့ရဲ့ချစ်မေမေ ကတော့ ရှိရင်းစွဲ အသက် အရွယ် ထက်တောင် နုပျိုလှပနေတာ ဖြစ်ပါတယ် ။ ဖူးဖူးကတော့ သူမရဲ့မေမေနဲ ့စကားပြောရင်း ပျော်ရွှင်နေသလို မေမေ့ကို ဆေးတိုက်ပေးရင်း ကြင်ကြင် နာနာလေး ဂရုစိုက်နေတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေ အတွက် မင်းသမီးချောလေး ဖူးဖူးနဲ့ သူမရဲ့ချစ်မေမေတို့ရဲ့Live ဗီဒီယိုလေးကို အောက်မှာ ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။

Credit:Swelsone News

About the author

Ms Cele

Leave a Comment