Celebrity

ဦးဇင္ဝိုင္းျပန္လည္ လြတ္ေျမာက္လာၿပီျဖစ္ေၾကာင္း အသိေပးေျပာျပလာတဲ့ မင္းေမာ္ကြန္း

Written by Ms Cele

ဦးဇင္ဝိုင္းျပန္လည္ လြတ္ေျမာက္လာၿပီျဖစ္ေၾကာင္း အသိေပးေျပာျပလာတဲ့ မင္းေမာ္ကြန္း

ျမန္မာနိုင္ငံရဲ့ အေရးမွာ အမွန္တရားကို လိုလားၾကတဲ့ ျပည္သူေတြ နဲ႔အတူ အႏုပညာရွင္ မ်ားစြာကလည္း ပူးေပါင္း ပါဝင္ခဲ့ ၾကပါတယ္။ ဒီလို ျပည္သူေတြနဲ႔အတူ တစ္သားတည္း ပါဝင္လႈပ္ရွားတဲ့ အႏုပညာရွင္ေတြထဲမွာ သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းတို႔ သားအဖလည္း အပါအဝင္ပါပဲေနာ္ ။ လူထုလႈပ္ရွားမႈေတြမွာ ေအာင္ျမင္မႈေတြကို ေဘးခ်ိတ္ၿပီး လူငယ္ေတြရဲ့ အနာဂတ္ အိမ္မက္ေတြ မေပ်ာက္ေအာင္ တာဝန္သိ ျပည္သူတစ္ေယာက္အနဲ႔ စိတ္အားထက္သန္စြာ ပါဝင္ခဲ့ၾကပါတယ္။

သားအဖႏွစ္ေယာက္လုံး ကိုယ္တိုင္လည္း လမ္းမထြက္ကာ လႈပ္ရွားမႈေတြမွာ စိတ္ေရာ ကိုယ္ပါႏွစ္ၿပီး ပါဝင္သလို ၿဖိဳခြင္းမႈေတြေၾကာင့္ ထိခိုက္နစ္နာသူေတြ ကိုလည္း စာနာ နားလည္မႈေလးေတြနဲ႔ အတူ ေဖးမကူညီမႈေလးေတြကိုလည္း ေဆာင္ရြက္ ခဲ့ပါတယ္။ ဒါေၾကာင့္လည္း ဖခင္ျဖစ္သူ ဇင္ဝိုင္းကလည္း ဖမ္းဆီး ထိန္းသိမ္းခံခဲ့ရသလို မင္းေမာ္ကြန္းကလည္း ၿခိမ္းေျခာက္ခံရမႈေတြ ရွိေနတာေၾကာင့္ မိသားစုနဲ႔ ခြဲခြာကာ တိမ္းေရွာင္ေနခဲ့ရပါတယ္။

ဒီေန႔မွာေတာ့ ဖခင္ျဖစ္သူ ျပန္လည္ လြတ္ေျမာက္ လာၿပီျဖစ္ေၾကာင္းကို ဝမ္းသားအားရ ပရိသတ္ေတြကို အသိေပးေျပာၾကား လာပါတယ္။ ဦးဇင္ဝိုင္းရဲ့ အေကာင့္မွာလည္း သူအိမ္ျပန္ေရာက္ ေနၿပီ jဖစ္ေၾကာင္းကိုလည္း ေဖာ္ျပထားရာ ပရိသတ္ႀကီးလည္း သတင္းေကာင္းေလးကို သိရွိနိုင္ေစရန္ ျပန္လည္ ေဖာ္ျပေပးလိုက္ပါတယ္။

Credit:Cele Zone
Photo – Min Maw Kun

ဦးဇင်ဝိုင်းပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း အသိပေးပြောပြလာတဲ့ မင်းမော်ကွန်း

မြန်မာနိုင်ငံရဲ့ အရေးမှာ အမှန်တရားကို လိုလားကြတဲ့ ပြည်သူတွေ နဲ့အတူ အနုပညာရှင် များစွာကလည်း ပူးပေါင်း ပါဝင်ခဲ့ ကြပါတယ်။ ဒီလို ပြည်သူတွေနဲ့အတူ တစ်သားတည်း ပါဝင်လှုပ်ရှားတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင် မင်းမော်ကွန်းတို့ သားအဖလည်း အပါအဝင်ပါပဲနော် ။ လူထုလှုပ်ရှားမှုတွေမှာ အောင်မြင်မှုတွေကို ဘေးချိတ်ပြီး လူငယ်တွေရဲ့ အနာဂတ် အိမ်မက်တွေ မပျောက်အောင် တာဝန်သိ ပြည်သူတစ်ယောက်အနဲ့ စိတ်အားထက်သန်စွာ ပါဝင်ခဲ့ကြပါတယ်။

သားအဖနှစ်ယောက်လုံး ကိုယ်တိုင်လည်း လမ်းမထွက်ကာ လှုပ်ရှားမှုတွေမှာ စိတ်ရော ကိုယ်ပါနှစ်ပြီး ပါဝင်သလို ဖြိုခွင်းမှုတွေကြောင့် ထိခိုက်နစ်နာသူတွေ ကိုလည်း စာနာ နားလည်မှုလေးတွေနဲ့ အတူ ဖေးမကူညီမှုလေးတွေကိုလည်း ဆောင်ရွက် ခဲ့ပါတယ်။ ဒါကြောင့်လည်း ဖခင်ဖြစ်သူ ဇင်ဝိုင်းကလည်း ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသလို မင်းမော်ကွန်းကလည်း ခြိမ်းခြောက်ခံရမှုတွေ ရှိနေတာကြောင့် မိသားစုနဲ့ ခွဲခွာကာ တိမ်းရှောင်နေခဲ့ရပါတယ်။

ဒီနေ့မှာတော့ ဖခင်ဖြစ်သူ ပြန်လည် လွတ်မြောက် လာပြီဖြစ်ကြောင်းကို ဝမ်းသားအားရ ပရိသတ်တွေကို အသိပေးပြောကြား လာပါတယ်။ ဦးဇင်ဝိုင်းရဲ့ အကောင့်မှာလည်း သူအိမ်ပြန်ရောက် နေပြီ jဖစ်ကြောင်းကိုလည်း ဖော်ပြထားရာ ပရိသတ်ကြီးလည်း သတင်းကောင်းလေးကို သိရှိနိုင်စေရန် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Credit:Cele Zone
Photo – Min Maw Kun

About the author

Ms Cele

Leave a Comment