Celebrity


Written by Ms Cele





Credit ; CeleZone

ဦးမန်းဝင်းအား ရည်စူးပြီး ကာလဒါနအလှူအဖြစ် အောက်စီဂျင်အိုးတွေ လှူဒါန်းပေးခဲ့တဲ့ ဦးမန်းဝင်းရဲ့ကျန်ရစ်သူ မိသားစု

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင် ဟာသလူရွှင်တော် ဦးမန်းဝင်း အတွက် ရည်စူးပြီး သူ့ရဲ့ကျန်ရစ်သူ မိသားစုတွေက ဒီနေ့မှာ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အလှူလေး ကတော့ အောက်စီဂျင်အိုးလှူဒါန်းတဲ့ အလှူလေးပဲဖြစ်ပါတယ်။

လတ်တလောမှာ ကမ္ဘာကပ် ရောဂါဖြစ်တဲ့ ကိုဗစ်ရောဂါကြောင့် အောက်စီဂျင် လိုအပ်နေတဲ့ လူနာတွေများပြား လာတဲ့ အတွက် အောက်စီဂျင် လိုအပ်တဲ့နေရာတွေ များစွာရှိနေတာ ပရိသတ်ကြီး တွေလည်း သိရှိပြီးသားဖြစ်မှာပါနော်။ ဦးမန်းဝင်းရဲ့ မိသားစုဝင်တွေကတော့ အခုလို အောက်ဆီဂျင် လိုအပ်နေတဲ့အချိန်မှာ အောက်ဆီဂျင်အိုးတွေလှူဒါန်းတဲ့ အလှူလေးကို ကွယ်လွန်သူဦးမန်းဝင်းအ တွက်ရည်စူးပြီး မွန်မြတ်လှတဲ့ ကာလဒါနအလှူလေးအနေနဲ့ လှူဒါန်းပေးခဲ့တာပါ။

လိုအပ်နေတဲ့ အချိန်မှာ လိုအပ်နေတဲ့ အရာကို လှူဒါန်းပေးတဲ့ မွန်မြတ်တဲ့ အလှူလေးကြောင့် မိသားစု တွေလည်း ကုသိုလ်တွေများစွာ ရရှိသလို ကွယ်လွန်သူ ဦးမန်းဝင်းလည်း ကောင်းရာဘုံဘဝကနေ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနေ မှာပါနော်။ ပရိသတ်ကြီးရေ မွန်မြတ်လှတဲ့ ကာလဒါနအလှူလေးကို ပရိသတ်တွေကလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Credit ; CeleZone
Source – Chan Thar Mann Win

About the author

Ms Cele

Leave a Comment